မဲခေါင်၊ သြဂုတ် ၂၀
ရှေ့တစ်ရက်က အစ္စရေးဟာ ဟစ်ဇ်ဘိုလာတပ်တွေရဲ့ လက်ဘနွန်ထဲမှာ လက်နက်စုဆောင်းတင်ပို့ရာ ပစ်မှတ် ဖြစ်တဲ့ ဗီကားတောင်ကြားကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကို လက်စားချေခြင်းအဖြစ် ဩဂုတ် ၁၈ ရက် မှာပဲ ဟစ်ဇ်ဘိုလာဘက်က အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်က စစ်ရေးပစ်မှတ် နှစ်ခုကို ဒုံးကျည် ၅၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ဟစ်ဇ်ဘိုလာဘက်က အတည်ပြုထုတ်ပြန်သလို အစ္စရေးစစ်တပ်ကလည်း ဒုံးကျည်တချို့ နိုင်ငံ ဖြတ်ကျော်ဝင်ရောက်လာရာမှာ ဖျက်ချနိုင်တာရှိသလို မြေပြင်ကို ကျရောက်ပေါက်ကွဲတဲ့ ဒုံးကျည်တွေကလည်း မြေလွတ်တွေပေါ်သာ ကျရောက်တာဖြစ်လို့ ထိခိုက်ဒဏ်ရာရမှုတောင် မရှိကြောင်း ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဟစ်ဇ်ဘိုလာဘက်ကနေ အစ္စရေးဘက်ကို မီးလုံးလက်နက်တွေနဲ့ ပစ်ခတ်ရာမှာ အစ္စရေး စစ်သားတစ်ဦး အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ သေဆုံးခဲ့ရတဲ့အတွက် ၁၀ လအတွင်း နှစ်နိုင်ငံကြား လူသေစေတဲ့ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။
ဒီ ၁၀ လအတွင်း နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုမှာ အစ္စရေးဘက်က ပစ်ခတ် မှုကြောင့် လက်ဘနွန်မှာ လူပေါင်း ၅၈၅ ယောက်သေဆုံးခဲ့ပြီး အများစုက ဟစ်ဇ်ဘိုလာတပ်သားတွေဖြစ်ကာ အရပ်သား ၂၆ ယောက်သေဆုံးခဲ့ရပါတယ်။
Ref: brecorder
MKF-001








