ကမ္ဘာ့သတင်း

မြောက်ကိုရီးယား နျူကလီးယားစက်ရုံစောင့် စစ်သားအားလုံး အသက် ၄၀ ကျော်မနေရဘဲ သေဆုံးနေ

မဲခေါင် 11 Aug - 2024
မြောက်ကိုရီးယားက နျူကလီးယားပရိုဂရမ်တွေမှာ အစောင့်လုပ်ပေးရတဲ့ စစ်သားတိုင်း အသက် ၄၀ ကျော်အထိ မနေရဘဲ သေဆုံးနေရကြောင်း တောင်ကိုရီးယားဘက် ဘက်ပြောင်းခိုလှုံလာသူ ကင်ဂျောင်အေးဆိုတဲ့ အမျိုးသမီး က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မဲခေါင်၊ သြဂုတ် ၁၁

မြောက်ကိုရီးယားက နျူကလီးယားပရိုဂရမ်တွေမှာ အစောင့်လုပ်ပေးရတဲ့ စစ်သားတိုင်း အသက် ၄၀ ကျော်အထိ မနေရဘဲ သေဆုံးနေရကြောင်း တောင်ကိုရီးယားဘက် ဘက်ပြောင်းခိုလှုံလာသူ ကင်ဂျောင်အေးဆိုတဲ့ အမျိုးသမီး က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကင်ဂျောင်အေးရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံချူဟာ ယန်ဗျောင်နျူကလီးယားသိပ္ပံသုတေသနစင်တာမှာ ဆယ်ကျော် သက်အရွယ်ကတည်းကစလို့ ၁၃ နှစ်ကြာ စစ်မှုထမ်းအစောင့်အဖြစ် တာဝန်ယူခဲ့ရပြီး အနုမြူဓာတ်သတ္တု ရေဒီယို သတိ္တကြွမှုတွေကို နိစ္စဓူ၀ ခံရရင်း ၃၉ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ကြောင်းနဲ့ နောက်ကွယ်က ကြောက်စရာ ဖြစ်ရပ် မှန်တွေကို ဖွင့်ချသွားတာဖြစ်ပါတယ်။

သူတို့မိသားစုဟာ ကင်ဂျုံချူ စစ်မှုထမ်းနေတုန်း နေထိုင်ရာ မြို့တော်ပြုံယမ်းအနီးက ဒုံးကျည်ထုတ်စက်ရုံမှာသာ တာဝန်ကျနေခဲ့တယ်လို့လိမ်ညာ စာပို့ခံရပြီး ၁၃ နှစ်လုံး တစ်ကြိမ်မှ အိမ်ပြန်ခွင့်မရဘဲ နောက်ဆုံးမှ စစ်သားတစ်ယောက် အသိပေးလို့ လူတိုင်း အသက် ၄၀ ပြည့်အောင် မနေရစေတဲ့ ယန်ဗျောင်နျူကလီးယား စင်တာမှာ တာဝန်ကျနေခဲ့တာကို သိခဲ့ရကြောင်းနဲ့ သွားတွေ့တော့ မေးရိုးတွေ မဲနေပြီး မျက်နှာက ပန်းရောင်သန်းနေတယ်လို့ ဆိုပါတယ်။

၃ လ တစ်ခါ မိသားစုနဲ့ ပုံမှန်စာ ပို့မှုမှာလည်း တစ်ခါလာလည်း သာကြောင်း၊ မာကြောင်း၊ အလုပ်ထဲမှာ သက်သာအဆင် ပြေကြောင်း၊ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်အရိပ်အောက်မှာ ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်နေကြောင်းဆိုတဲ့ ပုံစံ တူစာတွေချည်းပဲ ရခဲ့တယ်လို့ ဆိုပါတယ်။

နောက်မှ သိရတာက စာတွေကို ဒိုင်ခံရေးပေးရတဲ့ စစ်သားက နျူကလီးယားစက်ရုံ တွေစောင့်ရတဲ့ စစ်သားတိုင်းအတွက် သူပဲ အမြဲရေးပေးတာဖြစ်တယ်လို့ ပြောပြသွားကြောင်း ညီမဖြစ်သူ ကင် ဂျောင်အေးက ဖွင့်ချသွားတာဖြစ်ပါတယ်။

နောက်ဆုံး အသက် ၃၀ အရွယ်ရောက်ချိန် နေထိုင်မကောင်းမှ အိမ်ပြန်ရောက်လာတော့ ပိန်လှီးနေပြီး ခြေထောက်နှစ်ဖက်မှာ တစ်ဖက်က ချွေးနဲ့ သွေးရည်ကြည်တွေ စိမ့်ထွက်နေကာ တင်ပါးမှာ အနာကူးစက်မှုတွေ ကုမရသလို ကိုယ်တွင်း ကလီစာ ဆဲလ်တွေ သေပြီး ၃၉ နှစ်အရွယ်မှာ အစ်ကိုဖြစ်သူ ကင်ဂျုံချူ သေဆုံးသွားရတယ်လို့ ကင်ဂျောင်အေးက ထပ်မံဖွင့်ဟပါတယ်။

ဒီ ယန်ဖျောင်းနျူကလီးယားဓာတ်ပေါင်းဖို စက်ရုံနားနေထိုင်ကြသူတွေမှာတောင် အဏုမြူရောင်ခြည် သင့်လို့ ကလေးတွေ မွေးဖွားမှုမှာ စအိုမပါ၊ တူညီတဲ့ ရောဂါလက္ခဏာပေါင်းများစွာနဲ့ သေဆုံးသူတွေဟာ ပြိုယမ်းတောင်ပိုင်းဆေးရုံမှာ အများအပြား အဆက်မပြတ် ရှိနေခဲ့ပါတယ်။

ဒါကြောင့် မိခင်ဖြစ်သူဟာ နောက်သားသမီးတွေ ဒီလိုထပ်ခံစားရမှာစိုးလို့ ၂၀၀၃ ခုနှစ်မှာ အရင်ဆုံး တရုတ်ပြည်ကို ထွက်ပြေးပြီးမှ တောင်ကိုရီးယားကို ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်တယ်လို့ ကင်ဂျူအေး က ဖွင့်ချသွားခဲ့ပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now