မဲခေါင်၊ ဇူလိုင် ၃၀
ပူတင်နဲ့မဟာမိတ်ရောင်းရင်းဖြစ်တဲ့ ဗင်နီးဇွဲလား အာဏာရှင်သမ္မတ နီကိုးလပ်စ်မာဒျူရိုဟာ ဇူလိုင် ၂၈ ရက်ရွေးကောက်ပွဲမှာ သူရှုံးခဲ့ရင် သွေးချောင်းစီးသွားမယ်လို့ ခြိမ်းခြောက်ထားခဲ့ရာက ရွေးကောက်ပွဲအပြီး အတိုက်အခံပါတီရော သူ့ပါတီကပါ မဲအနိုင်ရတယ်လို့ နှစ်ဖက်စလုံး ကြေညာနေတဲ့အတွက် ပြည်တွင်းစစ်ဖြစ်ပွားဖို့ တာစူနေခဲ့ပြီဖြစ် ပါတယ်။
မာဒျူရိုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာမှုမှာ မာဒျူရိုရဲ့ ယူနိုက်တက်ဆိုရှယ်လစ်ပါတီဟာ မဲ ၅၁ . ၂ ရာခိုင်နှုန်းရရှိပြီး အတိုက်အခံ အက်ဒ်မန်ဒိုဂွန်ဇာလက်ပါတီက ၄၄. ၂ ရာခိုင်နှုန်းသာ မဲရခဲ့တယ်လို့ ကြေညာ ပြီးအောင်ပွဲခံနေချိန် အတိုက်အခံပါတီဘက်က သူတို့ကိုယ်တိုင် မဲရေတွက်မှုမှာ မဲ ၇၀ ရာခိုင်နှုန်းအထိ အပြတ် အသတ်ရရှိပြီး အနိုင်ရခဲ့တယ်လို့ တန်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မာဒျူရိုဟာ ရွေးကောက်ပွဲကော်မရှင် ကို သူ့လက်ဝေခံတွေ ထိန်းချုပ်မှုနဲ့ မဲလိမ်၊ မဲမသမာမှုလုပ်တာဖြစ်တယ်လို့ အတိုက်အခံပါတီဘက်တော်သားတွေ ဒေါသတကြီး ထုတ်ပြန်ပြီး ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတာလို့ ဆန္ဒပြမှုတွေ လုပ်နေကြပါတယ်။



မာဒျူရိုက အက်ဒ်မန်ဒိုဂွန်ဇာလက်ဘက်တော်သားတွေ ပြောဆိုမှုဟာ သက်သေအထောက်အထားမရှိကြောင်းနဲ့ ရွေးကောက်ပွဲမှာ ပြည်ပရန်စွယ်တွေကမဲပေးစနစ်ကို ဝင်ရောက် Hack လုပ်ပြီး စွက်ဖက် ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံက စီးပွားရေးချွတ်ခြုံကျနေချိန် ပြန်လည်ထူထောင်ဖို့ ဦးဆောင်ရမယ့်အရေး၊ ပြည်သူ့အရေးကို ဘယ်သူကမှ မလေးမစားလုပ်လို့မရဘဲ အစွမ်းကုန် ဖြေရှင်းမယ်လို့ မာဒျူရိုက ပြောသွားတာကြောင့် ပြည်တွင်း စစ်ဖြစ်ဖို့ တာစူသွားခဲ့ပြီလို့ နိုင်ငံတကာက သုံးသပ်နေပါပြီ။
ဗင်နီဇွဲလားနိုင်ငံဟာလက်ရှိ ငွေကြေးဖောင်းပွမှုနှုန်း ၃၆၀ ရာခိုင်နှုန်းအထိမြင့်တက်နေပြီး ၂၀၁၄ နောက်ပိုင်း တိုင်းပြည်စွန့်ခွာထွက်သွားသူပေါင်း ၈ သန်းကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်နောက်ပိုင်း စီးပွားရေး ဆုတ်ယုတ်ကျုံ့သွားမှုက -၈၀ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ဘတ်စ်ကားမောင်းသမားဘ၀ကနေ သမ္မတ ဟူဂိုချာဗက်ဇ် နေရာမှာ ဆက်ခံတာ ၁၁ နှစ်ရှိပြီဖြစ်တဲ့ မာဒျူရိုဟာ ဒီကနေအထိ အာဏာကနေ မဆင်းပေးဘဲ မဲရှုံးရင် သွေးချောင်းစီးစေရမယ်လို့ ခြိမ်းခြောက်ထားသူဖြစ်ပါတယ်။
Ref:Thesun
MKF-001










