မဲခေါင်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၄ ရက်နေ့မှာ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဘက်ကို အမှိုက်တွေ သယ်ဆောင်ထားတဲ့ မိုးပျံ ပူပေါင်း အလုံး ၃၀၀ ကျော် လွှတ်တင်ခဲ့ပြန်ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံးက အတည်ပြုထုတ်ပြန် ပါတယ်။
ဒီအမှိုက်ပူပေါင်းတွေဟာ ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်မှာ ပျံသန်းလာတာဖြစ်ပြီး ဆိုးလ်မြို့က အစိုးရ ရုံးအဆောက်အအုံတွေပေါ် လမ်းတွေပေါ် ကျခဲ့သလို ဂျောင်ဂီခရိုင်ထဲကိုလည်း ကျခဲ့ပြီး တောင်ကိုရီးယား စစ်တပ် ဘက်က လက်နက်သုံးလို့ ပစ်ချခဲ့တာတွေလည်း ရှိပါတယ်။
မေလကစလို့ မြောက်ကိုရီးယားဟာ အမှိုက်ပူးပေါင်းတွေ အလုံးပေါင်း ၃၀၀၀ ကျော်ကို တောင်ကိုရီးယားဘက် လွှတ်တင်ခဲ့ပြီး တောင်ကိုရီးယားဘက်က တက်ကြွလှုပ်ရှားသူတွေဟာလည်း နှစ်နိုင်ငံ နယ်စပ်စည်းနားကနေ ဝါဒဖြန့် လက်ကမ်းစာဆောင်ပါ မိုးပျံပူပေါင်းတွေကို မြောက်ကိုရီးယားဘက် လွှတ်တင်သလို ကင်ဂျုံအန်တား မြစ်ထားတဲ့ တောင်ကိုရီးယားကေပေါ့ပ် သီချင်းတွေကိုလည်း မြောက်ကိုရီးယားဘက်က ကြားအောင် အသံကုန် ဖွင့်ပြီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွင်း တောင်ကိုရီးယားဘက်က လော်စပီကာတွေနဲ့ ၄ ရက်ဆက် နယ်စပ်မှာ ဝါဒဖြန့်နေလို့ မြောက် ကိုရီးယားဘက်ကလည်း ဒီအသံတွေမကြားရအောင် နယ်စပ်ဘက်ခြမ်းမှာ လော်စပီကာတွေ သုံးပြီး ဆူညံသံတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူကင်ယိုဂျောင်က ပြီးခဲ့တဲ့တစ်ပတ်ကပဲ တောင်ကိုရီးယား အနေနဲ့ ဒီလို ဝါဒဖြန့်စာဆောင်ပါ မိုးပျံပူပေါင်းတွေ လွှတ်တင်နေခြင်း ရပ်တန်းကရပ်ဖို့နဲ့ မရပ်တန့်ရင် အင်မတန် ကြောက်စရာကောင်းတဲ့ တုံ့ပြန်မှုဖြစ်လာနိုင်တယ်လို့ ခြိမ်းခြောက် ထုတ်ပြန်ခဲ့ပါသေးတယ်။
Ref: yna
MKF-001










