မဲခေါင်၊ ဇူလိုင် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ၂၀၁၈ ခုနှစ်က တင်သွင်းတဲ့ ဘွဲ့ရပြီး အစိုးရအလုပ်အကိုင် ခန့်ထားမှုမှာ တော်လှန်ရေးစစ်ပြန်ဟောင်း မိသားစုဝင်တွေိကို ရာခိုင်နှုန်းသတ်မှတ် ခန့်အပ်ဖို့အစီအစဉ် ပြန်လည် အသက်သွင်းလာလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဇူလိုင် ၂၁ ရက်နေ့က တရားရုံးချုပ်ကနေ ကိုတာခွဲတမ်းစနစ် တင်ပြမှုအတော်များများကို ပြန်လည် ပယ်ဖျက်ပေးခဲ့ပေမယ့် ကျောင်းသားထု ဆန္ဒပြမှုတွေ ရပ်ဆိုင်းသွားခြင်းမရှိသေးပါဘူး။
အခြေခံကျပြီး မျှတတဲ့ အစိုးရအလုပ်လုပ်ပိုင်ခွင့်သာလိုချင်လို့ တက္ကသိုလ်ကျောင်းသား သပိတ်ဟာ ရက်သတ္တပတ် အတော်ကြာဖြစ်ပွားခဲ့ပြီး မြို့တော် ဒါကာမှာ အဆိုးဆုံးဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့နဲ့ ကျောင်းသားအကြား အဓိကရုဏ်တွေကနေ ၁၄၇ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြသူခေါင်းဆောင်နဲ့ ကျောင်းသားပေါင်း ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက နှိမ်နင်းမှုနဲ့ ဝန်ကြီးချုပ်အိမ်ကာကွယ်မှုကို စစ်တပ်ထံ အပ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ညမထွက်ရ၊ လူစုလူဝေးမလုပ်ရဆိုတဲ့ ကာဖျူးထုတ်ပြန်ခဲ့ပါတယ်။



ဇူလိုင် ၂၁ ရက်နေ့မှာ တရားရုံး ချုပ်က ကနဦး ဝန်ကြီးချုပ်တင်သွင်းတဲ့ စစ်ပြန်ဟောင်းမိသားစုဝင်၊ အာဏာရပါတီနဲ့ပတ်သက်တဲ့ အမျိုးသမီး တွေနဲ့ ဝေးလံသီခေါင်ဒေသက လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ မိသားစုဝင်တွေကို ၅၆ ရာခိုင်နှုန်း အစိုးရအလုပ် ခန့်အပ်မယ်ဆိုတာကို ပယ်ဖျက်ပြီး ၉၃ ရာခိုင်နှုန်းသော ဘွဲ့ရကျောင်းသားတွေကို သာတူညီမျှနည်းနဲ့ အလုပ် ခန့်အပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းသားဆန္ဒပြသူတွေဟာ အစိုးရအနေနဲ့ နိုင်ငံပိုင်သတင်းစာကနေ ၄၈ နာရီအတွင်း တရားရုံး အမိန့် ကို အတည်ပြုကြေညာဖို့၊ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ ကာဖျူးဖျက်သိမ်းဖို့၊ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကတည်းက ပိတ်ထားတဲ့ တက္ကသိုလ်တွေအားလုံး ပြန်ဖွင့်ပေးဖို့ ထုတ် ပြန်ပြီး ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဇူလိုင် ၂၂ ရက်မှာတော့ အဓိကရုဏ်အသွင်မျိုး ဒါကာမြို့မှာ မမြင်တွေ့ရသေးဘဲ ကာဖျူးအမိန့်ကို မွန်လွဲပိုင်း ၃ နာရီကြာ အခြေခံလိုအပ်ချက်ကုန်စည်တွေ ဝယ်ယူနိုင်ရေးကနေ ၅ နာရီအထိ တိုးမြှင့်လျှော့ချပေးထားဖွယ်ရှိ တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။
Ref: malaymail
MKF-001








