ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်ကို လုပ်ကြံမှုနောက်မှာ ခိုင်းစေသူလို့ စွပ်စွဲခံရမှု အီရန် ငြင်းပယ်

မဲခေါင် 18 Jul - 2024
ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် စည်းရုံးဟောပြောပွဲမှာ အမေရိကန် သမ္မတဟောင်း ရီပါဘလစ်ကန်ပါတီ အကြီးအကဲ ဒေါ်နယ်ထရမ့်ကို အထက်တန်းကျောင်းသားလေးက သေနတ်နဲ့ပစ်ခတ်လုပ် ကြံမှုနောက်ကွယ်မှာ စေခိုင်းသူဟာ အီရန်ဖြစ်တယ်လို့ ဇူလိုင် ၁၆ ရက်နေ့က CNN သတင်းက ဖော်ပြလာခဲ့မှုကို အီရန်အစိုးရက ဒေါသတကြီး ငြင်းပယ်သွားခဲ့ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် စည်းရုံးဟောပြောပွဲမှာ အမေရိကန် သမ္မတဟောင်း ရီပါဘလစ်ကန်ပါတီ အကြီးအကဲ ဒေါ်နယ်ထရမ့်ကို အထက်တန်းကျောင်းသားလေးက သေနတ်နဲ့ပစ်ခတ်လုပ် ကြံမှုနောက်ကွယ်မှာ စေခိုင်းသူဟာ အီရန်ဖြစ်တယ်လို့ ဇူလိုင် ၁၆ ရက်နေ့က CNN သတင်းက ဖော်ပြလာခဲ့မှုကို အီရန်အစိုးရက ဒေါသတကြီး ငြင်းပယ်သွားခဲ့ပါတယ်။

CNN ရဲ့ ဖော်ပြမှုက ထရမ့်ကို အီရန်ဘက်က လုပ်ကြံဖို့ ဒီအခင်းမဖြစ်ပွားခင်ကတည်းက စီစဉ်နေကြောင်း လူသားအရင်းအမြစ် တစ်ခုကနေ သိရှိထားလို့ လုံခြုံရေးမြှင့်တင် ထားရှိပေးခဲ့ရတယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး တခြားသော အမေရိကန်မီဒီယာတွေကပါ ထရမ့်လုပ်ကြံမှုကို အီရန်က အကွက်ချစီစဉ်တာလို့ ဖော်ပြမှုတွေ ရှိလာခဲ့ပါတယ်။ နောက်တော့မှ CNN ဟာ အခု အထက်တန်းကျောင်းသားလေး သေနတ်နဲ့ အနည်းဆုံး ၈ ချက် ပစ်ခတ်လုပ်ကြံမှု ကတော့ အီရန်ရဲ့ အကြံအစည်နဲ့မသက်ဆိုင်တဲ့ သီးခြားကိစ္စလို့ ဖော်ပြသွားပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ်က အီရန်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ပြည်ပတော်လှန်ရေးအစောင့်တပ် အကြီးအကဲ ကာဆမ်ဆိုလီမာနီကို အိမ်နီးချင်း အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့အပြင်မှာ ဒရုန်းနဲ့ ပစ်ခတ်လုပ်ကြံ ရှင်းလင်းလိုက်မှုကြောင့် ဒီစီမံကိန်းကို အမိန့်ပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ သူ့ စီမံခန့်ခွဲရေး အဖွဲ့အကြီးအကဲတွေကို လက်စားချေရှင်းလင်းဖို့ အီရန်ဘက်က စီမံကိန်းချထားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ သေးပါတယ်။

ဒါပေမယ့် အခု အထက်တန်းကျောင်းသားလေးက ဒေါ်နယ်ထရမ့် နားရွက်ထိသွားစေတဲ့ လုပ်ကြံမှုနဲ့ပတ်သက်ပြီး အမေရိကန်မီဒီယာတွေ စွပ်စွဲချက်ဟာ အထောက်အထားကင်းမဲ့ပြီး အန္တရာယ်ရှိတဲ့ ဆိုးဆိုးရွားရွား စွပ်စွဲမှုသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက ဒေါသတကြီး ငြင်းဆန်သွားခဲ့ပါတယ်။

ဒါပေမယ့် ကာဆမ်ဆိုလီမာနီကို သတ်ဖြတ်ခဲ့ခြင်းအတွက် အမိန့်ပေးသူ ဒေါ်နယ်ထရမ့်ကို တရားစီရင် နိုင်ရေးကိုတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း ကာနာနီက ဆက်လက်ပြောကြားသွားပါတယ်။

Ref: brecorder


MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now