မဲခေါင်၊ ဇူလိုင် ၁၅
ရုရှား ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က အမေရိကန်ရဲ့ ဒုံးကျည်တွေကို ဥရောပမှာ အခြေစိုက်ထားရှိခြင်းဟာ ရုရှားကို ပစ်မှတ်ချိန်ရွယ်တာဖြစ်လို့ ရုရှားရဲ့ ဒုံးကျည်တွေရဲ့ ပစ်မှတ်ဟာလည်း ဥရောပ ဖြစ်သွားစေရမယ်လို့ ခြိမ်းခြောက်ပြောဆိုသွားပါတယ်။
ဇူလိုင် ၁၀ ရက်နေ့က နေတိုးညီလာခံမှာ အမေရိကန်ဟာ တိုမာဟော့ခ် ဒုံးကျည်အပါအဝင် တာဝေးပစ် အမေရိကန်ဒုံးကျည်တွေကို နေတိုးအဖွဲ့ဝင်အဖြစ် ကာကွယ်ရေးလုပ်ငန်းစဉ် မြှင့်တင်ဖို့ ၂၀၂၆ ခုနှစ်ကစပြီး ဂျာမနီမှာ အခြေစိုက်ထားရှိသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ပက်စ်ကော့ဗ်က စစ်အေးတိုက်ပွဲပြီးဆုံးခြင်းက ဆိုဗိယက်ပြည်ထောင်စုကြီးပြိုလဲခြင်းကို ဖြစ်တည်စေသလို အမေရိကန်ရဲ့ ဥရောပမှာ ဒုံးကျည်တွေ အခြေစိုက်ထားရှိခြင်းဟာလည်း ဆိုဗိယက်ပြိုကွဲသလို ဥရောပတိုက်ကြီး လဲ ပြိုလဲသွားစေဖို့အရေး ရှောင်းလွှဲမရနိုင်ဘူးလို့ပါ နိုင်ငံပိုင် ရုပ်သံကနေ ခြိမ်းခြောက် ကြေညာသွားတာဖြစ်ပါတယ်။
ပက်စ်ကော့ဗ်က “ ဝိရောဓိသဘောပါပဲ။ ကိုယ့်နိုင်ငံကို ဥရောပက အမေရိကန်ဒုံးကျည်တွေက ပစ်မှတ်ထားလာပြီဆိုရင် ကိုယ်တွေရဲ့ ဒုံးကျည်တွေရဲ့ ပစ်မှတ်ဟာလည်း ဥရောပတစ်တိုက်လုံးကို ချိန်ရွယ်ရမှာပါ။ နိုင်ငံတွေရဲ့ မြို့တော်ကြီးတွေအားလုံးကို ပစ်မှတ်ထားမှာပါ။ ဥရောပဟာ လက်ရှိမှာ အကောင်းဆုံး ရှင်သန်နေထိုင်ရာ ရပ်ဝန်း လည်းမဟုတ်ပါဘူး။ ကိုယ်တွေမှာလည်း တစ်တိုက်လုံးကို ပစ်နိုင်တဲ့ အင်အားမျိုး အလုံအလောက်ရှိပါတယ်။ သမိုင်းတစ်ပတ်လည်မှုမျိုးဟာ တားဆီးရှောင်လွှဲလို့မရနိုင်ပါဘူး” လို့ ပြောဆိုခြိမ်းခြောက်သွားတာဖြစ်ပါတယ်။
Ref: kyivpost
MKF-001








