မဲခေါင်၊ ဇူလိုင် ၁၀
ဇူလိုင် ၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြင်သစ်နိုင်ငံ လျှပ်တပြက်ရွေးကောက်ပွဲ ဒုတိယအဆင့်မဲပေးမှုအပြီး လွန်ခဲ့တဲ့ ၁ လမပြည့်သေးခင်က ဖွဲ့စည်းလိုက်တဲ့ လက်ဝဲစွန်းပါတီ NFP က မဲဆန္ဒနယ် အများဆုံးမှာ အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့လို့ ပဲရစ်မြို့ကစပြီး နိုင်ငံအနှံ့ အကြမ်းဖက် အဓိကရုဏ်းတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ် လာရပြီဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေး၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်မှုကနေ ဖြစ်တည်လာတဲ့ လူမျိုးရေး ပဋိပက္ခပြဿနာ၊ ယူကရိန်း-ရုရှား စစ်ပွဲနဲ့ပတ်သက်တဲ့ မူဝါဒ၊ ဥရောပသမဂ္ဂအပေါ် ထောက်ခံမှုနဲ့ ဆန့်ကျင်မှုစတဲ့ ပြဿနာပေါင်းစုံဟာ သမ္မတ မက်ခရွန်လက်ထက် ၇ နှစ်အတွင်း ပြည်သူတွေ မကျေနပ်မှု ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲမှာလည်း ပထမအဆင့်က လက်ယာစွန်း ပါတီ National Rally က မဲအများဆုံး ရသွားခဲ့ပါတယ်။
အဆုံးအဖြတ် ဒုတိယအဆင့် မဲကောက်ခံမှုအပြီးမှာ ဆိုရှယ်လစ်နဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ လက်ဝဲစွန်းခေါင်းဆောင်တွေ မဟာမိတ်ဖွဲ့ပြီး မေလကမှ ထူထောင်လိုက်တဲ့ New Popular Front (NFP) ပါတီက အံ့အားသင့်ဖွယ်ရာအဖြစ် လွှတ်တော်အမတ်နေရာ ၅၇၇ မှာ ၁၈၂ နေရာကနေ ၁၉၃ နေရာအထိ အနိုင်ရသွားခဲ့တာကြောင့် အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၂၈၉ နေရာအတွက် နေရာခွဲတမ်းအများဆုံးရတဲ့ ပါတီဖြစ်သွားခဲ့ပါတယ်။ အလယ်အလတ်လမ်းစဉ်ပါတီဖြစ်တဲ့ လက်ရှိသမ္မတ မက်ခရွန်ရဲ့ ပါတီကတော့ ဒုတိယမဲအများဆုံးရပြီး လက်ယာ စွန်းပါတီ မာရိန်လီပန်ရဲ့ National Rally ပါတီက တတိယမဲအများဆုံး ရခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် လက်ဝဲ၊ လက်ယာ၊ အလယ်အလတ်ပါတီထောက်ခံသူ၊ ဆန့်ကျင်သူ၊ အောင်ပွဲခံသူ၊ မကျေနပ်သူတွေနဲ့ ပဲရစ်မြို့မှာရော နိုင်ငံ တဝန်းမြို့တွေမှာပါ အမှိုက်ပုံးတွေမီးရှို့၊ ကားမှန်တွေ ရိုက်ခွဲမီးရှို့၊ တစ်ဖက်နဲ့တစ်ဖက် ရန်ဆောင်တိုက်ခိုက်မှုတွေ ရုတ်ချည်းမြင့်တက်လာလို့ ပဲရစ်မြို့ကြီးတစ်မြို့တည်းမှာပဲ လံခြုံရေးအင်အား ၅၀၀၀ အထိ တိုးမြှင့်ချမှတ်ထားရသလို မကြာခင် အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပကာနီ အဆိုးဆုံးနိုင်ငံရေး မငြိမ်သက်မှုကြီး ဖြစ်ပေါ် လာရတာဖြစ်ပါတယ်။
အံ့အားသင့်ဖွယ် မဲနိုင်သွားပေမယ့် အစိုးရဖွဲ့ဖို့ မဲအရေအတွက် မလုံလောက်ခြင်း၊ အတွေ့အကြုံရှိတဲ့ ကိုယ်စား လှယ်အင်အား မရှိခြင်းကြောင့် သမ္မတရာထူးက ဆင်းပေးရတော့မယ့် မက်ခရွန်ဟာ သူ့ပါတီနဲ့ မဟာမိတ်ပါတီ တွေထဲက ခေါင်းဆောင်တွေကို အစိုးရသစ်ဖွဲ့ရာမှာ နေရာပေးဖို့ တောင်းဆိုပြီး NFP တစ်ပါတည်တည်းက ဦးဆောင် အစိုးရဖွဲ့လို့ နိုင်ငံအတွက် မကောင်းကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Ref: The sun
#MeKongNews












