မဲခေါင်၊ ဇူလိုင် ၈
ဇူလိုင် ၇ ရက်နေ့မှာပဲ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တရုတ်ကမ်းခြေစောင့်တပ်ရဲ့ အကြီးမားဆုံး သင်္ဘောကြီးဟာ သူတို့ရေပိုင်နက် အထူးသီးသန့် စီးပွားရေးဇုန် (EEZ) ထဲမှာ လာရောက် ကျောက်ချ ရပ်နားထားပြီး ဒါဟာ နိုင်ငံငယ်လေးတွေအပေါ် အနိုင်ကျင့်ခြိမ်းခြောက်တာလို့ ထုတ်ပြန်သွားပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ပင်မသင်္ဘောကြီးဟာ ၁၆၅ မီတာရှည်ပြီး ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အခြေစိုက်ရာနေရာနဲ့ ကိုက် ၈၀၀ သာ ဝေးတဲ့နေရာမှာ သင်္ဘောငယ် အခြံအရန်တွေထားပြီး ကျောက်ချနေတာဖြစ်ကြောင်း၊ ပိုင်နက်ထဲကို ဇူလိုင် ၂ ရက်နေ့ကတည်းက စတင်ဝင်ရောက်လာတာဖြစ်ကြောင်း ဖိလစ်ပိုင်ဘက်က ကန့်ကွက် ထုတ်ပြန်သွားပါတယ်။
မနီလာက တရုတ်ကောင်စစ်ဝန်နဲ့ သံမှူးကို ဒီအရေးနဲ့ပတ်သက်လို့ မေးမြန်ရာမှာ တုံ့ပြန်မှု မလုပ်သေးကြောင်းနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ရှင်းလင်းမှု တစ်စုံတရာမလုပ်သေးပါဘူး။
ပြီးခဲ့တဲ့လက တရုတ် ငါးဖမ်းစက်လှေနဲ့ သင်္ဘောတွေဟာ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်ပိုင်နက်ထဲ လာရောက် ငါးဖမ်းနေတာကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က မောင်းထုတ်မှုနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ပြီး နှစ်နိုင်ငံကြား တင်မားမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဒီအခြေအနေကြောင့် အမေရိကန်က ဖိလစ်ပိုင်နဲ့ စစ်ရေးအကူအညီပေးရေး သဘောတူစာချုပ်ဖို့ ကမ်းလှမ်းခဲ့တာ ကို ဖိလစ်ပိုင်က ငြင်းပယ်လိုက်ပြီး တရုတ်ထိပ်တန်းသံတမန်တွေ ဒီရက်ပိုင်းထဲ လာရောက်ဆွေးနွေးမှုမှာ နှစ်နိုင်ငံ တင်းမာမှု လျှော့ချရေး စာချုပ်ကိုသာ ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်ကိုလည်း တရုတ်ဘက်က မလိုက်နာဘဲ ဖိလစ်ပိုင် ရေပိုင်နက်ထဲ အကြီးဆုံးကမ်းခြေစောင့်တပ်သင်္ဘော ကျောက်ချ ရပ်နားထားလို့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်သစ်ကို ပြန်လည် လက်ခံရဖွယ်ရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။
Ref: gcaptain
MKF-001








