မဲခေါင်၊ ဇူလိုင် ၅
ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာနတို့ ပူးပေါင်းချမှတ်တဲ့ United National Resource မှောင်ခိုနှိမ်နင်းရေး စီမံချက်ကြောင့် ရှားပါးတန်ဖိုးကြီး ကုန်းလိပ် အကောင် ၄၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အသီးအရွက်သာစားတဲ့ ကုန်းလိပ်တွေဟာ ကံကောင်းစေပြီး ချမ်းသာကြွယ်၀မှုကို ဖြစ်စေတယ်လို့ အယူရှိသူ များပြားကြတဲ့အတွက် မတန်တဆ စျေးကောင်းရလို့ နာမည်ကြီး လိပ်နင်ဂျာဆိုတဲ့ မှောင်ခိုဂိုဏ်းက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့နိုင်ငံတွေက ကုန်းလိပ်တွေကို လေကြောင်းကနေ ခရီးဆောင်အိတ်ထဲ ထည့်သွင်းခိုးသယ်မှုအပါအဝင် နည်းမျိုးစုံနဲ့ မလေးရှားနိုင်ငံထဲရောက်လာပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ မှောင်ခိုစျေးကွက်အတွင်း ပြန်ရောင်းစားဖို့ စီစဉ်တာဖြစ်ကြောင်း၊ ကုန်းလိပ်တွေ တင်လာတဲ့ ကားသမားကို ဖမ်းဆီးရမိရာက လိုက်ပြတဲ့နေရာမှာ ရှားပါး အိန္ဒိယ ကြယ်လိပ် (၂၀၁၉ မှာ ဖမ်းဆီးရောင်းချခွင့်ပိတ်ခဲ့တဲ့ မျိုးစိတ်)၊ သုံးမြှောင့်လိပ် တွေကိုပါ ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိပ်ကောင်ရေ ၄၀၀ တန်ကြေးဟာ ရင်းဂစ် ၃.၈ သန်း (၈၀၅,၀၈၄ ဒေါ်လာ) အထိ တန်ကြေးရှိကြောင်းနဲ့ မလေးရှားနိုင်ငံအတွင်းမှာ ၁၀ စုနှစ်အတွင်း အများဆုံး သိမ်းဆည်းရမိတဲ့ လိပ်အရေအတွက်ဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန်နှင့်အမျိုးသားဥယျာဉ်များဌာန ညွှန်ကြားရေးမှုချုပ် အဘူဟာရှင်က ထုတ်ပြန်ပြောဆိုသွားပါ တယ်။
အရှေ့တောင်အာရှဟာ ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ ကျန်ရှိရာ ဗဟိုချက်ဖြစ်ပေမယ့် ဒီမှောင်ခိုသမား တွေအတွက် အမြတ်အစွန်း အံ့အားသင့်ဖွယ်ရတဲ့ မှောင်ခိုမှုဖြစ်လို့ ကမ္ဘာနဲ့ချီပြီး မှောင်ခိုကူးရာ ဒေသဖြစ်ကြောင်း လည်း အဘူဟာရှင်က ဆက်လက်ပြောကြားသွားပါတယ်။
Ref: gulftoday
MKF-001








