ကမ္ဘာ့သတင်း

ကွန်ဂိုသမ္မတအိမ်တော် ဝင်စီးပြီး အာဏာသိမ်းကြံစည်မှု မအောင်မြင်ဘဲ ၆ ယောက်သေဆုံး၊ ဖမ်းဆီးရမိသူထဲ အမေရိကန်သား ၃ ယောက်နဲ့ ဗြိတိန်သားတစ်ယောက် ပါဝင်နေ

မဲခေါင် 22 May - 2024
သမ္မတအိမ်တော်နဲ့ အနီးအနားက စီးပွားရေးဝန်ကြီးတို့ နေအိမ်တွေကို လက်နက်ကိုင်တစ်စု ဝင်ရောက်စီးနင်းပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘဲ ၆ ယောက်သေဆုံးကာ ဖမ်းဆီးရမိသူတွေထဲ အမေရိကန်သား ၃ ယောက်နဲ့ ဗြိတိန်သား တစ်ယောက်ပါဝင်နေခဲ့ကြောင်း သိရှိရပါတယ်။

မဲခေါင်၊ မေ ၂၂

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) မှာ ပြီးခဲ့တဲ့ မေ ၁၉ ရက် တနင်္ဂနွေ မနက် ၄ နာရီက သမ္မတအိမ်တော်နဲ့ အနီးအနားက စီးပွားရေးဝန်ကြီးတို့ နေအိမ်တွေကို လက်နက်ကိုင်တစ်စု ဝင်ရောက်စီးနင်းပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘဲ ၆ ယောက်သေဆုံးကာ ဖမ်းဆီးရမိသူတွေထဲ အမေရိကန်သား ၃ ယောက်နဲ့ ဗြိတိန်သား တစ်ယောက်ပါဝင်နေခဲ့ကြောင်း သိရှိရပါတယ်။

ကွန်ဂိုမြို့တော်ကင်ရှာဆာ ကွန်ဂိုမြစ်ကမ်းဘေးမှာရှိတဲ့ သမ္မတဖိလစ်ရှီဆီခီဒီ နေအိမ်ဝန်းကို အနည်းဆုံး ကား ၇ စီးနဲ့ လက်နက်ကိုင်တွေ ဝင်ရောက်လာခဲ့ပြီး မြစ်အတွင်းကနေ တက်လာတဲ့သူတွေနဲ့ပေါင်းရင် ဒါဇင်ပေါင်းများစွာချီတဲ့ သူတွေဟာ ခြံအတွင်းဝင်ရောက်ကာ လုံခြုံရေးရဲတပ်ဖွဲ့တွေကို ပစ်ခတ်သတ်ဖြတ်လို့ အာဏာသိမ်းမှု အောင်မြင်ပြီ ဆိုပြီး ဖေ့စ်ဘုတ်ကနေ Live လွှင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ မကြာခင် ကွန်ဂိုလုံခြုံရေးတပ်တွေရောက်လာပြီး တစ်နာရီကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် အာဏာသိမ်းမှုမအောင်မြင်ခဲ့ဘဲ အာဏာလုဖို့ကြံသူ အနည်းဆုံး အယောက် ၅၀ ကို ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ သမ္မတနဲ့ မိသားစုဟာ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း၊ အိမ်တော်ဝန်းစောင့် လုံခြုံရေး ၂ ယောက်နဲ့ အာဏာသိမ်း အဖွဲ့က ၄ ယောက် စုစုပေါင်း ၆ ယောက်သေဆုံးခဲ့တယ်လို့ ကွန်ဂိုအစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။

သမ္မတ အိမ်တော်နဲ့ ၁ . ၂ မိုင်အကွာမှာသာရှိတဲ့ စီးပွားရေးဝန်ကြီးအိမ် စီးနင်းမှုလည်း မအောင်မြင်ခဲ့ဘဲ ဖမ်းဆီးရမိသူတွေထဲမှာ အာဏာသိမ်းဖို့ ဦးဆောင်ကြံစည်တဲ့ ကွန်ဂို-အမေရိကန်သား ခရစ်ရှန်မာလန်ဂါ (၄၁ နှစ်) ရဲ့သား မာဆယ် (၂၁ နှစ်) ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။

မာဆယ်ဟာ သမ္မတအိမ်တော်ဝင်းထဲ ဝင်ရောက်ပြီးနောက် ဇိုင်ယာအလံတော်ကို လွှင့်ထူပြီး ဇိုင်ယာ သက်တော်ရှည်ပါစေ၊ မိုဘူတူရဲ့ ကလေးတွေလည်း သက်တော်ရှည်ပါစေ၊ ဖိလစ်ကျဆုံးပြီ။ ငါတို့ အောင်ပြီလို့ အော်ဟစ်အောင်ပွဲခံတဲ့ Live ဗီဒီယိုကို ဖေ့စ်ဘုတ်မှာတင်ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံ ကို ၁၉၆၅ ခုနှစ်အထိ ဇိုင်ယာနိုင်ငံလို့ ခေါ်ဆိုကြပြီး ၁၉၉၇ ခုနှစ်ရောက်မှ ဇိုင်ယာနိုင်ငံက ဖြစ်တည်လာတဲ့ အာဏာရှင် အမ်ဘူတူဆီဆီဆက်ကိုကို ဖြုတ်ချလို့ အစိုးရသစ် ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မာလန်ဂါဟာ လက်ရှိအစိုးရကို မိဘတွေလက်ထက်ကတည်းက တော်လှန်ခဲ့ပြီး ငယ် ဘ၀ကတည်းက အမေရိကန်မှာ ခိုလှုံနိုင်ငံသားဖြစ်ခဲ့ရာက ပြည်ပရောက် ကွန်ဂိုသားတွေကို လက်ရှိအစိုးရအပေါ် ပြန်ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစည်နေခဲ့သူဖြစ်ပါတယ်။ အခု အကြမ်းဖက်အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို အမေရိကန်နဲ့ဗြိတိန်တို့က ရှုတ်ချခဲ့ပြီး သူတို့နိုင်ငံသားတွေ ပါဝင်နေမှုအတွက် ကွန်ဂိုအစိုးရနဲ့ ပူးပေါင်းပြီး အပြစ် ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

MKF – 001
Ref:Thesun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now