မဲခေါင်၊ မေ ၃
မနှစ်က မေ ၃ ရက်နေ့မှာ အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။
အမေရိကန်တပ်တွေဟာ ၂၀၂၂ ခုနှစ်က အာဖဂန်က မဆုတ်ခွာမီ နောက်ဆုံးရက်တွေမှာ တာလီဘန်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ရာက အရပ်သား ၁၀ ယောက် သေဆုံးခဲ့ရလို့ စုံစမ်းစစ်ဆေးမှု ၁၅ ကြိမ်အထိ လုပ်ဖို့ အမိန့်ထုတ်ခဲ့သလို ဆီးရီးယားမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားဖြစ်သူ မက်စတိုဆိုတဲ့ အမျိုးသား သေဆုံးသွားမှုအတွက်လည်း အရှေ့အလယ်ပိုင်း စစ်ဦးစီးချုပ် အဲရစ်ကာရီလာကိုယ်တိုင်က စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်ဗဟိုဌာနချုပ်က မျက်မြင်သက်သေ အယောက် ၄၀ နဲ့ ဒေသတွင်း NGO ဆီးရီးယား ဦးဆောင်းဖြူ အဖွဲ့နဲ့လည်း ပူးပေါင်းလို့ စုံစမ်းမေးမြန်းခဲ့တာဖြစ်ပါတယ်။
စတင်တိုက်ခိုက်စဉ်က တွစ်တာမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန် ဘက်က ကြေညာခဲ့ပေမယ့် နာမည်မဖော်ပြဘဲ စုံစမ်းစစ်ဆေးမှုကို ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အဆုံးသတ် လိုက်ပါတယ်။
ဒါပေမဲ့ သေချာပေါက် ထောင့်စေအောင် ၆ လထပ်ပြီး အချိန်ဆိုင်းပြီးမှ မေ ၂ ရက်နေ့မှာ အရပ် သားအစစ်ကို မှားယွင်းပစ်ခတ်မိခဲ့တာဖြစ်ကြောင်းနဲ့ လျော်ကြေး ပေးရနိုင်မှုကို ချင့်တွက်နေဆဲဖြစ်တယ်လို့ အမေရိကန် ဗဟိုဌာနချုပ် CENTCOM က ဝန်ခံသွားတာဖြစ်ပါတယ်။
Ref: cnn
MKF-001








