ကမ္ဘာ့သတင်း

အင်ဒိုနီးရှားကျောင်းသားတွေ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဝင်စီးနင်းပြီး မောင်းထုတ်

မဲခေါင် 28 Dec - 2023
အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ လှေတွေနဲ့ဆက်တိုက်ဆိုသလို ရောက်ရှိလာတဲ့အတွက် အင်ဒိုနီးရှား ကျောင်းသားလူငယ်တွေကြား နေရပ်ပြန်ပို့ရေး ဆန္ဒပြတောင်းဆိုမှုတွေ အရှိန်မြင့်လာချိန် ဒီဇင်ဘာ ၂၇ ရက်နေ့က ဘန်ဒါအက်ချ်အရပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲထိ ယူနီဖောင်းဝတ်ကျောင်းသားများစွာ စီးနင်းဝင်ရောက်ပြီး ဒုက္ခ သည်တွေကို နေရပ်ပြန်ပို့ဖို့ အတင်းအကြပ်မောင်းထုတ်ခဲ့ကြပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ လှေတွေနဲ့ဆက်တိုက်ဆိုသလို ရောက်ရှိလာတဲ့အတွက် အင်ဒိုနီးရှား ကျောင်းသားလူငယ်တွေကြား နေရပ်ပြန်ပို့ရေး ဆန္ဒပြတောင်းဆိုမှုတွေ အရှိန်မြင့်လာချိန် ဒီဇင်ဘာ ၂၇ ရက်နေ့က ဘန်ဒါအက်ချ်အရပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲထိ ယူနီဖောင်းဝတ်ကျောင်းသားများစွာ စီးနင်းဝင်ရောက်ပြီး ဒုက္ခ သည်တွေကို နေရပ်ပြန်ပို့ဖို့ အတင်းအကြပ်မောင်းထုတ်ခဲ့ကြပါတယ်။

ရိုက်တာသတင်းရဲ့ ရုပ်သံဖော်ပြမှုမှာ ရဲအစောင့်အရှောက်နဲ့ အကာအရန်တွေကို အစိမ်းရောင် ကျောင်းဂျာကင် ဝတ် ကျောင်းသားများစွာဟာ ကျော်ဖြတ်ပြီး ဒေါသတကြီးနဲ့ ၁၃၇ ယောက်ရှိတဲ့ ဒုက္ခသည်တွေကို ထရပ်ကား နှစ်စီးပေါ် အတင်းတွန်းတင်၊ တခြားဘန်ဒါအက်ရှ်အရပ်က နေရာတစ်ခုကို ပြောင်းရွှေ့ခိုင်းပြီး အားလုံးကို နေရပ် မြန်မာနိုင်ငံပြန်ပို့ဖို့ ဖိအားပေးတောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။

အမျိုးသမီးနဲ့ကလေးငယ်ပေါင်းများစွာပါရှိတဲ့ ဒုက္ခသည်တွေဟာ ထိတ်လန့်တကြား ပလတ်စတစ်ထုတ်လေးတွေ စွဲပြီး ငိုယိုနေကြတာလည်း တွေ့ရတာကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ကလေးနဲ့အမျိုးသမီးများစွာပါဝင်တဲ့ ဒုက္ခသည်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လို့ လွန်စွာစိတ်မကောင်း ဖြစ်ရကြောင်းနဲ့ အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပိုပြီးလုံခြုံတဲ့အကာအကွယ်ပေးသင့်တယ်လို့ တိုက် တွန်းထုတ်ပြန်ခဲ့ပါတယ်။

၁၉၅၁ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းမှာ လက်မှတ်မထိုးခဲ့လို့ ဒုက္ခသည်တွေကို လက်မခံနိုင်တဲ့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက ဒီလပိုင်းထဲ ရိုဟင်ဂျာတွေ လှေနဲ့ အင်ဒိုနီးရှားကို ဆက်တိုက်ရောက်လာကြခြင်းဟာ လူမှောင်ခိုကူးတင်သွင်းလာခြင်းဖြစ်တယ်လို့ အပြစ်တင်ပြောကြားခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေပူးပေါင်းပါ ဝင်လို့ ခိုလှုံရာယာယီအဆောင်တွေ ဆောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာနဲ့ဧပြီလကြားဟာ ပင်လယ်ရေကြောင်း လှိုင်းငြိမ်ချိန်ဖြစ်လို့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနဲ့ မလေး ရှားနိုင်ငံဆီ လှေတွေနဲ့ ဆက်တိုက်ကူးဖြတ်ရောက်ရှိလာကြပြီး အရှေ့အာရှနိုင်ငံတွေက ပြည်ပသားတွေသာ ဖြစ်တယ်၊ နိုင်ငံသားခံယူခွင့်မပေးတဲ့ ဒီလူချိုးတွေဟာ မဖိတ်ခေါ်ဘဲ အင်ဒိုနီးရှားကို ကျူးကျော်ရောက်လာသူတွေ သာဖြစ်တယ်လို့ အမုန်းစကားတွေနဲ့ သွေးထိုးမှုတွေကြောင့် အင်ဒိုနီးရှားမှာ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူ တွေက ဆန်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်နေကြတာဖြစ်ပါတယ်။

Ref: indiatoday
MKF-001

#MeKongNews

#အင်ဒို

#ရိုဟင်ဂျာ

#ဝင်စီး

#မောင်းထုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now