မဲခေါင်၊ ဒီဇင်ဘာ ၁၉
အီရန်ရဲ့နောက်ကွယ်က ထောက်ပံ့မှုပေးထားပြီး ယီမင်နိုင်ငံထဲမှာ အခြေစိုက်တဲ့ ဟူသီသူပုန်အဖွဲ့ဟာ ပင်လယ်နီ ထဲက အရေးပါတဲ့ နိုင်ငံတကာကုန်သွယ်ရေးကြောင်းလိုင်းတွေကို ဆက်တိုက် တိုက်ခိုက်နေလို့ ချေးမှုန်းရေး အတွက် မဟာမိတ် ၁၀ နိုင်ငံဖွဲ့စည်းလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဟူသီသူပုန်အဖွဲ့ဟာ ဂါဇာထဲကို အစ္စရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် ဟားမက်စ်ဘက်က ရပ်တည် ပြီး အစ္စရေးဆိပ်ကမ်းတွေကို လာကပ်ဖို့ ပင်လယ်နီကို ဖြတ်သန်းလာသမျှ သင်္ဘောတွေကို တိုက်ခိုက်သွားမှာဖြစ် ကြောင်း ကြေညာထားပြီး ဒီဇင်ဘာ ၁၇ ရက်က နော်ဝေပိုင် Swan Atlantic နဲ့ MSC Clara ဆိုတဲ့ သင်္ဘောနှစ် စင်းကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ အသေအပျောက်မရှိပေမယ့် ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုထားပြီး ကမ္ဘာ့ ကုန်သွယ်ရေကြောင်းလုပ်ငန်း ၁၂ ရာခိုင် နှုန်းအထိ အသုံးပြုနေရတဲ့ ပင်လယ်နီထဲ သင်္ဘောတွေ ဖြတ်သန်းမှု ရပ်ဆိုင်းကြတာတွေ ရှိလာခဲ့ပါတယ်။
ဒါကြောင့် အမေရိကန်၊ ယူကေ၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ဆေးချီးလက်စ်နဲ့ စပိန် ၁၀ နိုင်ငံ မဟာမိတ်အဖြစ်ပူးပေါင်းပြီး ပင်လယ်နီအတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရယူခဲ့တာဖြစ်ကြောင်း လွိုက်ဒ်အော်စတင်က ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။
Ref: hurriyetdailynews
MKF-001
#ဟူသီ
#သူပုန်
#အမေရိကန်
#ပင်လယ်နီ








