ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

မဲခေါင် 25 Jun - 2024
အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့ပြီး ဩစတြေးလျနိုင်ငံကို လေယာဉ်နဲ့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇွန် ၂၅

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့ပြီး ဩစတြေးလျနိုင်ငံကို လေယာဉ်နဲ့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ အဆန်ဂီကို အမေရိကန်အစိုးရက စွဲချက် ၁၈ ချက်တင်ခဲ့လို့ အဆန်ဂီဟာ ဗြိတိန်ထောင်ထဲမရောက်မီ အီကွေဒေါနိုင်ငံက အင်္ဂလန်သံရုံးမှာ ၇နှစ်ကြာ ပုန်းအောင်းခိုလှုံခဲ့ရပါတယ်။

Wikileaks မှာ အဆန်ဂီ ဖော်ပြခဲ့တဲ့ အမေရိကန်ရဲ့ အီရတ်နဲ့အာဖဂန် စစ်ပွဲမှတ်တမ်းတွေထဲမှာ အမေရိကန်က ပြသတဲ့ ရုပ်သံမှတ်တမ်းထဲ အီရတ်အရပ်သား တစ်ဒါဇင်ကျော်သေဆုံးမှုထဲ ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ယောက်ပါဝင်တာကိုပါ ဝက်ဘ်ဆိုက်ပေါ် တင်ခဲ့ခြင်းလည်းပါဝင်ပါတယ်။

ဒါကြောင့် အမေရိကန်က အဆန်ဂီကို ဗြိတိန်ဘက်က ပြန်လွှဲအပ်ဖို့ ဖိအားပေးခဲ့ပေမယ့် အဆန်ဂီဟာ ဇွန် ၂၆ ရက်နေ့က အမေရိကန်ရဲ့ ဓနသဟာရပိုင်နက်ထဲက ဂူအမ်ရဲ့ မြောက်ပိုင်းမာရီယာနာကျွန်း တရားရုံးကိုသာသွားပြီး အမေရိကန်တရားသူကြီးတစ်ဦးရှေ့မှာ အမေရိကန်အပေါ် သူလျှိုလုပ်မိခဲ့ပါတယ်ဆိုတဲ့ ပြစ်မှုဝန်ခံချက်ပေးရုံနဲ့ ထောင်ထပ်မကျ၊ အမေရိကန်လည်းမသွားရတော့ဘဲ အပြီးလွတ်မြောက်မယ်လို့ ဇနီးဖြစ်သူရဲ့ ထုတ်ပြန်မှုအရ သိရှိရပါတယ်။

အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်ဆိုတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခေါင်းဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူ၊ အဖွဲ့အစည်းပေါင်းများစွာဟာ အမေရိကန်အနေနဲ့ အဆန်ဂီကို မတရားစွပ်စွဲပြီး ဖမ်းဆီးဖို့ စွဲချက်တင်နေခြင်းအပေါ် ရှက်စရာလုပ်ရပ်လို့ နှစ်ပေါင်းများစွာ ဆန္ဒပြနေကြသလို အဆန်ဂီဘက်ကလည်း အမေရိကန်ကို လွှဲမခံရရေး၊ ဆွီဒင်မှာ မုဒိမ်းမှုကျူးလွန်တယ်ဆိုပြီး စွဲချက်တင်လို့ တရားစွဲမှုကို စနစ်တကျ ခုခံချေပခဲ့တာဖြစ်ပြီး အခုနောက်ဆုံးမှာ အမေရိကန်ဘက်က သူလျှိုလုပ်မှုစွဲချက် တစ်ခုတည်းအတွက် အပြစ်ဝန်ခံရင် မြောက်ပိုင်းမာရီယာနာကျွန်းမှာ ရုံးတော်တက်၊ ဝန်ခံပြီးတာနဲ့ အပြစ်ဟာ ဗြိတိန်ထောင်မှာ ကျခံပြီးတဲ့သဘောနဲ့ အပြီးလွှတ်ပေးလိုက်တော့မှာဖြစ်ပါတယ်။

ဒီအပေးအယူဟာ ထောက်ခံလှုပ်ရှားသူတွေအပြင် သမ္မတအိုဘားမား လက်ထက်ကလည်း စွဲချက်ရုပ်သိမ်းပေးဖို့ ထောက်ခံခဲ့မှု၊ အခု သမ္မတဂျိုးဘိုင်ဒန်ကလည်း အပြစ်တစ်ခု ဝန်ခံရုံနဲ့ အမှုပြီးပြတ်စေဖို့ လက်ခံပေးခဲ့မှု တွေကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာအသီးသီးက ဖော်ပြနေကြပါတယ်။

အဆန်ဂီဟာ Wikileaks ဝက်ဘ်ဆိုက်ကို ၂၀၀၆ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး အမေရိကန်အစိုးရနဲ့ စစ်ရေး အထူးလျှို့ဝှက်မှတ်တမ်းပေါင်း ၁၀ သန်းကျော်ကို ရယူနိုင်ကာ ဝက်ဘ်ဆိုက်မှာ ဆက်တိုက် ကမ္ဘာသိဖော်ထုတ်ခဲ့လို့ အမေရိကန်သမိုင်းမှာ ထိတ်လန့်စရာအကောင်းဆုံး ပေါက်ကြားမှုကြီး သမိုင်းတွင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref:BBC
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး ၁၂ လုံး တင်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘောကြီး ရေပေါ် ပေါ်လာခဲ့

ထိုင်ဝမ်ဒေသတွင်း သတင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ် ဇွန် ၁၃ ရက်နေ့ မနက် ၅ နာရီလောက်မှာ တရုတ်ရဲ့ တန် ၁၁၀၀၀ အလေးချိန်ရှိ ရေဒါဖမ်းမရတဲ့ ကိုယ်ပျောက် ရေငုပ်သင်္ဘောကြီး ထိုင်ဝမ်ရေလက်ကြား နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ဇုန်နား ရေပေါ်မိနစ်အတော်ကြာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now