ကမ္ဘာ့သတင်း

အမေရိကန်ဘက်က နျူကလီးယားလက်နက်ပစ်နိုင်တဲ့ ရေငုပ်သင်္ဘော စေလွှတ် စောင့်ကြည့်အပြီး ကျူးဘားက ရုရှား စစ်သင်္ဘောတွေ ပြန်ဆုတ်သွား

မဲခေါင် 19 Jun - 2024
ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

ရုရှားနဲ့ ဒုတိယ ကမ္ဘာစစ်ကတည်းက မဟာမိတ်ဖြစ်ခဲ့တဲ့ ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ဒီသင်္ဘောတွေ ရောက်ရှိလာပြီး စစ်အင်အားပြခြင်းဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ ညီအစ်ကိုတော်စပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်းအဖြစ် လာရောက်တာလို့ နှစ်နိုင်ငံစလုံးက ထုတ်ပြန်ခဲ့ပါတယ်။ဩ

အမေရိကန် ကမ်းခြေနဲ့ ၂၅ မိုင်အထိနီးတဲ့ ဟာဗားနားဆိပ်ကမ်းကို ရုရှား စစ်သင်္ဘောအုပ်စု ဆိုက်ရောက် လာခြင်းဟာ ခြိမ်းခြောက်မှု တစုံတရာရှိပုံမရဘူးလို့ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပေမယ့် အမြန်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိသလို နျူးကလီးယား လက်နက်လည်း တင်ဆောင် ပစ်ခတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဂွါတာနာမို ပင်လယ်အော်ဆီ အမေရိကန်ဘက်က ပြန်လည်စေလွှတ်လို့ အနီးကပ် စောင့်ကြည့်စေခဲ့ပါတယ်။

ဒီ ရေငုပ်သင်္ဘောဟာ ရုရှားသင်္ဘောတွေနဲ့ မိုင် ၅၀၀ အနီးအထိ ချဉ်းကပ်စောင့်ကြည့် ခဲ့တာကြောင့် ဇွန် ၁၇ ရက်မှာ ရုရှားစစ်သင်္ဘောတွေ ကျူးဘားက ပြန်လည်ထွက်ခွာသွားအပြီး ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလို့စ် ဖာနန်ဒက်စ်ဒီကော့စီယိုက သူတို့ရေပိုင်နက်ထဲ မဖိတ်ခေါ်ဘဲ အမေရိကန်ရေငုပ်သင်္ဘော ဝင်ရောက်လာခြင်းဟာ ကျူးဘားနိုင်ငံမူဝါဒကို ချိုးဖောက် ထိပါးတာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ရုရှားရဲ့ မိုင် ၆၀၀၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ တင်ဆောင်လာတဲ့ သင်္ဘောအုပ်စု ကျူးဘားရောက်လာခြင်းဟာ ယူကရိန်းကို အမေရိကန်ကပေးတဲ့ လက်နက်တွေနဲ့ ရုရှားပြည်တွင်းထဲအထိ ပစ်ခွင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုပေးခဲ့အပြီး ရုရှားနဲ့ အမေရိကန်အကြား တင်းမာမှုကို ပိုပြီးတင်းမာစေခဲ့ပါတယ်။

Ref:aa
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now