ကမ္ဘာ့သတင်း

ဟာဗားနားဆိပ်ကမ်းရောက်လာတဲ့ ရုရှားရေယာဉ်စုကို ကျူးဘားက သူရဲကောင်းသဖွယ် သေနတ် ၂၁ ချက်ပစ်ဖောက် ကြိုဆို

မဲခေါင် 14 Jun - 2024
ဗိုလ်ချုပ်ဂျော့ချ်ကော့ဗ် အမည်ရ တိုက်သင်္ဘော၊ နျူကလီးယားစွမ်းအင်သုံး ကာဇန်ငုပ်သင်္ဘောအပါ အရန်စစ်သင်္ဘော ၂ စီးနဲ့အတူ ဇွန် ၁၂ ရက်မှာ ကျူးဘားနိုင်ငံ ဟာဗားနားကျွန်းကို ဆိုက်ကပ်လာတဲ့ ရုရှားရေယာဉ်စုကို ကွန်မြူနစ်နိုင်ငံ ကျူးဘားက သူရဲကောင်းတွေ ကြိုဆိုမှုအဖြစ် သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး ကြိုဆိုခဲ့ကြပါတယ်။

မဲခေါင်၊ ဇွန် ၁၄

ဗိုလ်ချုပ်ဂျော့ချ်ကော့ဗ် အမည်ရ တိုက်သင်္ဘော၊ နျူကလီးယားစွမ်းအင်သုံး ကာဇန်ငုပ်သင်္ဘောအပါ အရန်စစ်သင်္ဘော ၂ စီးနဲ့အတူ ဇွန် ၁၂ ရက်မှာ ကျူးဘားနိုင်ငံ ဟာဗားနားကျွန်းကို ဆိုက်ကပ်လာတဲ့ ရုရှားရေယာဉ်စုကို ကွန်မြူနစ်နိုင်ငံ ကျူးဘားက သူရဲကောင်းတွေ ကြိုဆိုမှုအဖြစ် သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး ကြိုဆိုခဲ့ကြပါတယ်။

ယူကရိန်းကို ပေးထားတဲ့ လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်ခွင့်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုပေးပြီးနောက် ရုရှားဟာ သိသာတဲ့တုံ့ပြန်မှုအဖြစ် သူတို့မဟာမိတ်နိုင်ငံလည်းဖြစ် အမေရိကန်နဲ့ ရန်သူလည်းဖြစ်တဲ့ ကျူးဘားနိုင်ငံကို စစ်ရေးပူတွဲလေ့ကျင့်ဖို့ဆိုပြီး ဒီရေယာဉ်စုကို စေလွှတ်လိုက်တာဖြစ်ပါတယ်။

ကျူးဘားနဲ့အမေရိကန် ကမ်းရိုးတန်းဟာ ၂၅ မိုင်သာကွာရေးပြီး ဗိုလ်ချုပ်ဂျော့ခ် ကော့ဗ်တိုက်သင်္ဘောနဲ့ ကာဇန်ရေငုပ်သင်္ဘောတွေမှာ နျူကလီးယားတင်ဆောင်နိုင်တဲ့ အသံထက်မြန်တဲ့ ဇစ်ခရွန် ဒုံးကျည်တွေ၊ ကာလီဘာနဲ့ အွန်နစ်ချ်ဒုံးကျည်တွေလည်း တင်ဆောင်လာတာဖြစ်လို့ ဒီလက်နက်တွေဟာ ရန်သူသင်္ဘောတွေကို သာမက ကုန်းမြေပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

အမေရိကန်ဘက်ကတော့ အခြေအနေဟာ နျူကလီးယားလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်နိုင်တာမျိုး အရိပ်အယောင် မမြင်ရပေမယ့် အနီးကပ်စောင့်ကြည့်အကဲခတ်နေကြောင်း၊ ကာရစ်ဘီယံပင်လယ်မှာ ရုရှားနဲ့ ကျူးဘား ရေတပ်တွေ ဒီတစ်နွေလုံး ပူးပေါင်းစစ်ရေးလေ့ကျင့်ပြီး စစ်သင်္ဘောတွေ ဆက်ရှိနေသွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဟာ ကျူးဘားနဲ့ ဟိုရှေးခေတ်ကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စ်ထရို သေဆုံးချိန်ကစလို့ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကာလကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ကက်စ်ထရိုဟာ ကမ္ဘာ့နျူကလီးယားစစ်ပွဲကြီး ဖြစ်ပွားလုနီးနီး အခြေအနေရောက်အောင် တင်သွင်းခဲ့သူဖြစ်ပြီး ၁၉၆၂ ခုနှစ်က အမေရိကန် နဲ့ ရန်သူတော်ဖြစ်မှုမှာ ရုရှားရဲ့ နျူကလီးယားဒုံးလက်နက်တွေ ကျူးဘားမှာ လာအခြေစိုက်ဖို့ ဖိတ်ခေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပူတင်ကလည်း မိန့်ခွန်းတစ်ခုမှာ ကက်စ်ထရိုဟာ ရုရှားပြည်သူတွေ အသဲနှလုံးထဲ အမြဲစွဲမြဲအမှတ်ရ နေသူလို့လည်း ဂုဏ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now