ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

မဲခေါင် 2 Jul - 2024
နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂ ရက်နေ့မှာပဲ မတရားသဖြင့် ထောင်ဒဏ် တွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

မဲခေါင်၊ ဇူလိုင် ၂

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂ ရက်နေ့မှာပဲ မတရားသဖြင့် ထောင်ဒဏ် တွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

တော်ဝင်နန်းတော်ရာအနီ ဖနောင်ပင် တွန်လီဆပ် မြစ်ထဲမှာ အစိုးရရဲ့ သဲတူး၊ သစ်ခုတ်ခြင်းတွေကြောင့် မြစ်ရေ ညစ်ညမ်းမှုဆိုးရွားစွာဖြစ်ပေါ်နေခြင်းနဲ့ မဲခေါင်းမြစ်တစ်လျှောက် တရုတ်ကိုအပ်ထားတဲ့ ရေအားလျှပ်စစ်ထုတ် ဆည်တွေကြောင့် အောက်ဘက်ရေလမ်းကြောင်းနေ တိုင်းရင်းသားတွေ အသက်စိုးရိမ်ရမှုတွေအတွက် Mother Nature ဆိုတဲ့ အဖွဲ့ဟာ ဆန့်ကျင်ဆန္ဒပြမှုတွေ၊ ရုပ်သံအထောက်အထားအချက်အလက်တွေကို တင်ပြဆန့်ကျင် ခဲ့ကြတာဖြစ်ပါတယ်။

ဒါကို အရင် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ ဟွမ်ဆန်ဟာ ၂၀၁၈ မှာ ထိုင်းမှာလို ဘုရင်တော်ဝင်မိသားစုကိုသာမက အစိုးရအဖွဲ့ကိုပါ ဝေဖန်စော်ကားရင် ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေသစ် ထုတ်ပြန်ပြီး သဘာ၀ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေကိုပါ ထောင်ထဲ ဖမ်းထည့်နေခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက Mother Nature အဖွဲ့ ပူးပေါင်းထူထောင်သူ စပိန်သား အလီဂျန်ဒရိုဂွန်ဇာလက်ဒါဗီဆင်နဲ့ အဖွဲ့ဝင် ၁၀ ဦးကို ကမ္ဘောဒီးယား တရားရုံးက စွဲချက်တင်ခဲ့ပြီး ဇူလိုင် ၂ ရက်မှာ ရုံးတော်က စီရင်ချက်လိုက်တာပဲ ဖြစ်ပါတယ်။

ဂွန်ဇာလက်ကို ထောင်ဒဏ် ၈ နှစ်အပြင် ဒဏ်ငွေဒေါ်လာ ၂၅၀၀၊ တခြား ၇ ယောက်ကို ထောင်ဒဏ် ၆ နှစ်နဲ့ ကျန်နှစ်ယောက်ကိုဆိုရင် ရုံးတော်ကနေ ဂုတ်ကဆွဲပြီး ဖမ်းဆီးထောင်ချလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် စက်တင်ဘာလက ဆွီဒင်အခြေစိုက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းကြီးတစ်ခုက အကြောက်တရားမရှိတဲ့ တက်ကြွလှုပ်ရှားသူများဆုဖြစ်တဲ့ Right Livelihood Award ဆု ပေးအပ်ခဲ့တဲ့ Mother Nature အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေဟာ အမှုတရားစီရင်ရာ ရုံးကို ‘လွတ်လပ်မှုလိုချင်တယ်’ ‘အခွင့်အရေး လိုချင်တယ်’ ဆိုတဲ့ စာသားတွေကို ခေါင်းစည်းတွေ၊ အင်္ကျီတွေမှာ ရိုက်နှိပ်ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ပါတယ်။

တရားစီရင်မှုမှာ အစိုးရအပေါ် စော်ကားမှုလို့ဆိုပေမယ့် ဘယ်အရေးက စော်ကားမှုမြောက်သလဲဆိုတာကို ရှေ့နေတွေ၊ တရားသူကြီးတွေက တစ်လုံးမှ ထည့်သွင်းပြောဆိုခြင်းမပြုဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက် တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဟွမ်ဆန်ဟာ နှစ်ပေါင်းများစွာ အုပ်ချုပ်နေခဲ့ပြီး ဒီနှစ်ထဲမှာ သားဖြစ်သူ ဟွမ်မာနတ်ကို သူ့ဝန်ကြီးချုပ်နေရာ အရိုက်အရာလွှဲပေးလို့ နိုင်ငံရေးအရသာမက သူ့အပေါ် ဆန့်ကျင်သမျှ တက်ကြွလှုပ်ရှားသူအများအပြားကို ထောင်သွင်းအကျဉ်းချထားတာဖြစ်ပါတယ်။

Ref:BBC
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

နာမည်ကြီး လိပ်နင်ဂျာမှောင်ခိုဂိုဏ်း တင်သွင်းတဲ့ ကုန်းလိပ်အကောင် ၄၀၀ မလေးရှား သိမ်းဆည်းရမိ

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာနတို့ ပူးပေါင်းချမှတ်တဲ့ United National Resource မှောင်ခိုနှိမ်နင်းရေး စီမံချက်ကြောင့် ရှားပါးတန်ဖိုးကြီး
ကမ္ဘာ့သတင်း

နေတိုးအရှေ့တံခါးကို ကာကွယ်ဖို့ တင့်ကား အစီး ၁၀၀၊ M2A4 IFV ၁၅၂ စီးနဲ့ M109A7 SPHs ၁၈ စီး ပိုလန်ဆီ အမေရိကန် ပို့ဆောင်

အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်ဒဏ္ဍာရီသူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ် ၁၃၀၀ စိုက်နေတဲ့ မှော်ဝင်ဓား ခိုးယူခံရ

ပြင်သစ်နိုင်ငံ အလယ်ခေတ် ရော်ကမာဒေါရွာလေးမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်လာ ပြင်သစ်စစ်သူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ်ပေါင်း ၁၃၀၀ ထိုးစိုက်ထားတဲ့ သမိုင်းဝင် ဓားကြီး သူခိုးခိုးခံရလို့ ပျောက်ဆုံးနေကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရီးစဉ်တွေများလွန်းလို့ စင်ပေါ် အိပ်ပျော်လုဖြစ်ခဲ့ကြောင်း ဂျိုးဘိုင်ဒန်ဝန်ခံ

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့ ဇွန် ၂၇ ရက်မှာ အဓိကပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ သမ္မတလောင်းအချင်းချင်း စကားစစ်ထိုးပွဲ ရုပ်သံထုတ်လွှင့်မှုမှာ စင်ပေါ် အိပ်ပျော်လုနီးနီးဖြစ်ခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒုတိယအကြိမ်မြောက် သမ္မတအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းနယ်စပ်မှာ ဟားမက်စ်စတိုင် မြေအောက်ဥမင်တွေတူးနေတဲ့ ပူတင်စီမံကိန်းကို ကူညီဖို့ မြောက်ကိုးရီးယားက စစ်သည် ၁၅၀၀၀ စေလွှတ်

မြောက်ကိုရီးယား စစ်အင်ဂျင်နီယာ တပ်မ ၅ ခုက စစ်သည်ပေါင်း ၁၅၀၀၀ ကို ကင်ဂျုံအန်က ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ဒေသ မြေအောက်ဥမင်စီမံကိန်းမှာ ပါဝင်ဖို့ စေလွှတ်ပေးထားကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကို ပိုက်နဲ့ ဖမ်းဖို့ ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစု ပူတင်တည်ဆောက်နေ

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကြောင့် ဆုံးရှုံးနစ်နာမှုများနေလို့ ဒီဒရုန်းတွေကို ပိုက်ကွန်နဲ့ဖမ်းစေမယ့် ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစုတွေ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့ ရှားပါး ဓာတ်သတ္တုတွေ ကို ကွန်တိန်နာလိုက် ပေးပို့ပြီး လဲစားနေရကြောင်း ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now