ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

မဲခေါင် 1 Jul - 2024
ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

ဗြိတိန်မှာ လက်ရှိ Eurofighter Typhoons ဖိုက်တာဂျက်လေယာဉ် အစီး ၁၃၀ ပိုင်ဆိုင်ထားပေမယ့် Typhoons တပ်ခွဲ ၆ ခုရှိတဲ့အထဲ အနည်းဆုံး ၃ ခုက ပြည်ပအခြေစိုက်နဲ့နေတိုးမဟာမိတ်တွေရဲ့ စစ်ရေးစီမံချက်မှာ ထည့်သွင်းထားလို့ ရုတ်တရက် ရုရှားဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်လာခဲ့ရင် စကော့တလန်က လိုစီမောင့် တော်ဝင်လေတပ်မှာ Eurofighter Typhoons နှစ်စီး၊ လင်ကွန်းရှိုင်းယားရဲ့ ကွန်နင်းစဘီး လေတပ် အခြေစိုက်စခန်းမှာ နှစ်စီး စုစုပေါင်း ၄ စီးသာ နိုင်ငံကို အားချင်း ကာကွယ်နိုင်ဖို့အသင့်ရှိကြောင်း ဂရက်ဘာ့ဂ်ဝဲလ် က ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ လေတပ်တိုက်လေယာဉ်တွေဟာ အစီး ၁၃၀ ရှိတယ်လို့ စာရင်းပြနိုင်ပေမယ့် နောက်နှစ်ဆို အသုံးပြုနိုင် တဲ့အဆင့်က အစီး ၁၀၀ သာရှိမှာဖြစ်ပြီး ဒီ ၁၀၀ ထဲမှာလည်း အများစုက ဆယ်စုနှစ်ပေါင်း ၃ ခုအတွင်း စစ်အေး ကာလမှာ ကြီးမားတဲ့ ကမ္ဘာစစ်အသွင်ဖြစ်လာဖို့မရှိနိုင်ဘူးလို့ ပေါ့ဆတွက်ချက်တဲ့အတွက် အဆင့်မြှင့်တင်၊ ထိန်းသိမ်းပြင်ဆင်ခြင်းမရှိလို့ ထိရောက်စွာအသုံးပြုနိုင်တဲ့ ဖိုက်တာဂျက်လေယာဉ် နည်းပါးလွန်းတယ်လို့ ဆိုပါတယ်။

ကောင်း တဲ့ ဖိုက်တာဂျက်လေယာဉ်တွေဟာ အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ နေတိုးကာကွယ်ရေး အစီအစဉ်တွေ အတွက် သုံးထားတာဖြစ်လို့ ချက်ချင်း ဗြိတိန်ကို ပြန်လာနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းကို အလုံး အရင်းနဲ့ ရုတ်တရက် တိုက်ခိုက်လာတာမျိုးလုပ်လာခဲ့ရင် ရှိထားတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ် Type-45 missile air defence destroyers ၆ ခုမှာ အများစုက ပြင်ဆင်နေရဆဲရှိပြီး ကောင်းတာတွေက ပယ်လယ်ကွေ့ဒေသကို ပို့ထားလို့ထိရောက်တဲ့ ကာကွယ်နိုင်စွမ်းလည်းမရှိသလို ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေကလည်း ရေတိုစစ်ပွဲမျိုးအတွက် သာရည်ရွယ်ထုတ်လုပ်ထားလို့ ရုရှားဘက်က အသင့်အတင့်အင်အားနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်လာခဲ့ရင် တောင် ခဏတဖြုတ်သာ တောင့်ခံနိုင်တဲ့အဆင့်မှာသာ ရှိကြောင်း ဂရက်ဘာ့ဂ်ဝဲလ်က ဝန်ခံပြောဆိုသွားပါတယ်။

လက်ရှိ ဗြိတိန်ရဲ့ စစ်သည်အင်အားက ၂၀၀၆ မှာ ၁၀၂၀၀၀ ရှိခဲ့ရာကနေ ၇၄၀၀၀ သာရှိတော့လို့ အနံ့ခံကောင်းတဲ့ ပူတင်ဟာ အားအနည်းဆုံးအခြေအနေရှိတဲ့ ဗြိတိန်ကို ပစ်မှတ်ထားပြီး ရုတ်တရက်တိုက်ခိုက်လာဖို့ ပိုဖြစ်နိုင်ကြောင်း၊ ဗြိတိန်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲ နိုင်ငံစုစုပေါင်းထုတ်ကုန်တန်ဖိုး GDP ရဲ့ ၂ ရာခိုင်နှုန်း တောင်မပြည့်တဲ့ စစ်ရေးဘတ်ဂျက်ကို နေတိုးအဖွဲ့ထံ ထည့်ဝင်ထားလို့ အနည်းဆုံး GDP ရဲ့ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီးစစ်ရေးအင်အား အမြန်တိုးချဲ့ဖို့လိုပြီဖြစ်ပါတယ်။

နေတိုးအဖွဲ့မှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန် စတဲ့ နိုင်ငံကြီးတွေတောင် စစ်ရေးဘတ်ဂျက်ထည့်ဝင်ငွေကို GDP ရဲ့ ၂ ရာခိုင်နှုန်းအောက်သာ ထည့်ဝင်နေကြလို့ ရုရှား ကို အားလုံးပေါင်းမှသာ ယှဉ်နိုင်မှာဖြစ်လို့ နိုင်ငံအားလုံး စစ်ကြိုကာလထဲရောက်လာချိန် စစ်ရေးအသုံးစားရိတ် ပိုသုံးကြဖို့လိုပြီဖြစ်ကြောင်း ဂရက်ဘာ့ဂ်ဝဲလ်က တိုက်တွန်းသွားခဲ့ပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

နာမည်ကြီး လိပ်နင်ဂျာမှောင်ခိုဂိုဏ်း တင်သွင်းတဲ့ ကုန်းလိပ်အကောင် ၄၀၀ မလေးရှား သိမ်းဆည်းရမိ

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာနတို့ ပူးပေါင်းချမှတ်တဲ့ United National Resource မှောင်ခိုနှိမ်နင်းရေး စီမံချက်ကြောင့် ရှားပါးတန်ဖိုးကြီး
ကမ္ဘာ့သတင်း

နေတိုးအရှေ့တံခါးကို ကာကွယ်ဖို့ တင့်ကား အစီး ၁၀၀၊ M2A4 IFV ၁၅၂ စီးနဲ့ M109A7 SPHs ၁၈ စီး ပိုလန်ဆီ အမေရိကန် ပို့ဆောင်

အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်ဒဏ္ဍာရီသူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ် ၁၃၀၀ စိုက်နေတဲ့ မှော်ဝင်ဓား ခိုးယူခံရ

ပြင်သစ်နိုင်ငံ အလယ်ခေတ် ရော်ကမာဒေါရွာလေးမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်လာ ပြင်သစ်စစ်သူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ်ပေါင်း ၁၃၀၀ ထိုးစိုက်ထားတဲ့ သမိုင်းဝင် ဓားကြီး သူခိုးခိုးခံရလို့ ပျောက်ဆုံးနေကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရီးစဉ်တွေများလွန်းလို့ စင်ပေါ် အိပ်ပျော်လုဖြစ်ခဲ့ကြောင်း ဂျိုးဘိုင်ဒန်ဝန်ခံ

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့ ဇွန် ၂၇ ရက်မှာ အဓိကပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ သမ္မတလောင်းအချင်းချင်း စကားစစ်ထိုးပွဲ ရုပ်သံထုတ်လွှင့်မှုမှာ စင်ပေါ် အိပ်ပျော်လုနီးနီးဖြစ်ခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒုတိယအကြိမ်မြောက် သမ္မတအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းနယ်စပ်မှာ ဟားမက်စ်စတိုင် မြေအောက်ဥမင်တွေတူးနေတဲ့ ပူတင်စီမံကိန်းကို ကူညီဖို့ မြောက်ကိုးရီးယားက စစ်သည် ၁၅၀၀၀ စေလွှတ်

မြောက်ကိုရီးယား စစ်အင်ဂျင်နီယာ တပ်မ ၅ ခုက စစ်သည်ပေါင်း ၁၅၀၀၀ ကို ကင်ဂျုံအန်က ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ဒေသ မြေအောက်ဥမင်စီမံကိန်းမှာ ပါဝင်ဖို့ စေလွှတ်ပေးထားကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကို ပိုက်နဲ့ ဖမ်းဖို့ ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစု ပူတင်တည်ဆောက်နေ

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကြောင့် ဆုံးရှုံးနစ်နာမှုများနေလို့ ဒီဒရုန်းတွေကို ပိုက်ကွန်နဲ့ဖမ်းစေမယ့် ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစုတွေ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့ ရှားပါး ဓာတ်သတ္တုတွေ ကို ကွန်တိန်နာလိုက် ပေးပို့ပြီး လဲစားနေရကြောင်း ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂ ရက်နေ့မှာပဲ မတရားသဖြင့် ထောင်ဒဏ် တွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now