ကမ္ဘာ့သတင်း

ရုရှားတပ်တွေ နိုင်ငံထဲက ပြန်ဆုတ်ရင် နာရီပိုင်းအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဇီလန်းစကီးဆို

မဲခေါင် 17 Jun - 2024
ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားတပ်တွေ နိုင်ငံတွင်းက ပြန်ရုပ်သိမ်းသွားရင် နာရီပိုင်းအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ထုတ်ပြန်ပြောဆိုသွားပါတယ်။

မဲခေါင်၊ ဇွန် ၁၇

ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားတပ်တွေ နိုင်ငံတွင်းက ပြန်ရုပ်သိမ်းသွားရင် နာရီပိုင်းအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ထုတ်ပြန်ပြောဆိုသွားပါတယ်။

ဆွစ်ဇာလန်မှာ နိုင်ငံပေါင်း ၈၀ ပါဝင်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ နိုင်ငံအားလုံးလိုလိုက ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အပြစ်တင်လို့ ယူကရိန်းဟာ သူ့နိုင်ငံပိုင်နက်ကို ကာကွယ်ခွင့်ရှိကြောင်း ထုတ်ပြန်အပြီးမှာပဲ ဇီလန်းစကီးဘက်က ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီငြိမ်းချမ်းရေးညီလာခံမှာ ရုရှားအပေါ် အပြစ်တင်မှုကို လက်မှတ်မထိုးခဲ့ကြတဲ့ နိုင်ငံတွေရှိပြီး အိန္ဒိယ၊ တောင်အာဖရိက၊ ဆော်ဒီနိုင်ငံတို့ ပါဝင်ပါတယ်။ ဒီပွဲမှာ ရုရှားကို မဖိတ်ခေါ်ဘဲ ရုရှားကို အထူးထောက်ခံတဲ့ တရုတ်လည်း တက်ရောက်လာခြင်းမရှိပါဘူး။

ဒီ ၂ ရက်တာညီလာခံမှာ ဇာပေါ်ရစ်ဇီဟာ နျူကလီးယားစက်ရုံကို ရုရှားတွေ သိမ်းပိုက်ထားမှု ယူကရိန်းထံ ပြန်ပေးဖို့၊ ရုရှားဘက်က ဖမ်းခေါ်သွားတဲ့ ယူကရိန်း ကလေးငယ်တွေအပါ စစ်သုံ့ပန်းတွေအားလုံး အပြန်အလှန် ပြန်ပို့ လဲလှယ်ဖို့၊ မကြာခင် ရုရှားကျူးကျော် သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ပြန်လွှဲပေးဖို့ တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။

ဒီအစည်းအဝေးအပြီးမှာပဲ ဇီလန်းစကီးက “ကျွန်တော်တို့ ပိုင်နက်တွေထဲက ရုရှားတပ်တွေ ပြန်ထွက်သွားရင် ရုရှားဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို နာရီပိုင်းအတွင်း စတင်နိုင်မှာပါ။ ဒါပေမယ့် ပူတင်ဟာ ယူကရိန်းနဲ့တင် ရပ်တန့် သွားမယ် မထင်လို့ တားဆီးနိုင်သမျှ ပူးပေါင်း တားဆီးရမှာဖြစ်တယ်” လို့ ထုတ်ပြန် ပြောဆိုသွားပါတယ်။

နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရတ်တီကလည်း အားလုံးဟာ မျှဝေမှုအမြင်တွေ၊ တန်ဖိုးတွေ၊ ကိုယ်ကျင့်သိက္ခာ တွေအတွက် အလုံးစုံ ညီညွတ်ရမှာဖြစ်ကြောင်း၊ သူတပါးနိုင်ငံကို ကျူးကျော်မရ၊ သူတစ်ပါးနိုင်ငံက ကလေးတွေ ကို ခေါ်သွားခွင့်မရှိ၊ နိုင်ငံရေးကစားခြင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာလမ်းကြောင်းကို မပိတ်ရ၊ နျူကလီးယားနဲ့ အန္တရာယ်ပေး မခြိမ်းခြောက်ရဘူးလို့လည်း ရုရှားကို ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

Ref:thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now