ကမ္ဘာ့သတင်း

ယူကရိန်းအတွက် သံချပ်ကာကား အစင်း ၂၀၀ ကနေဒါပေးလှူ

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ ရုရှားကိုတွန်းလှန်စစ်ဆင်နွှဲမှုမှာ စစ်သုံးယာဉ်လုံလောက်ရေးအတွက် ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျှောပြီး စစ်သည်တင် သံချပ်ကာကျည်ကာကားအစီး ၂၀၀ ပေးလှူသွားမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက် ကိဗ်မြို့ခရီးစဉ်မှာ အတည်ပြုပြောကြားသွားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

ရုရှားကိုတွန်းလှန်စစ်ဆင်နွှဲမှုမှာ စစ်သုံးယာဉ်လုံလောက်ရေးအတွက် ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျှောပြီး စစ်သည်တင် သံချပ်ကာကျည်ကာကားအစီး ၂၀၀ ပေးလှူသွားမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက် ကိဗ်မြို့ခရီးစဉ်မှာ အတည်ပြုပြောကြားသွားပါတယ်။

ကနေဒါထုတ် သံချပ်ကာကားတွေဟာ ခေတ်မီ၊ အဆင့်မြင့် အကောင်းဆုံးနည်းပညာတွေနဲ့ ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ်လက်နက်တွေကို အလွယ်တကူတပ်ဆင်အသုံးပြုနိုင်တယ်လို့ ကိဗ်ခရီးစဉ်မှာ ယူကရိန်းကာကွယ် ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ကနေဒါ ကာကွယ်ရေးဝန်ကြီး အနီတာအန်နန့်ဒ်က ပြောကြားသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီယိုက ယူကရိန်းကို ကနေဒါဒေါ်လာ သန်း ၅၀၀ (ကန်ဒေါ်လာ ၃၇၃ သန်း)ကို စစ်ရေးအထောက်အကူအတွက် ပံ့ပိုးလှူဒါန်းမယ်လို့ ကြေညာခဲ့တဲ့ အစီအစဉ်ထဲက တစ်ခုအဖြစ် သံချပ်ကာတင့်ကား အစင်း ၂၀၀ ကို လှူဒါန်းသွားဖို့ အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ကနေဒါဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၁ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကာ သံချပ်ကာ ကား၊ ဟောင်ဝစ်ဇာ အမြောက်၊ ဆောင်းဝတ်စုံ၊ ဒရုန်းကင်မရာနဲ့ လက်နက်ခဲယမ်းတွေ ပေးလှူခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ယူကရိန်းအတွက် နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အမေရိကန်ထံက ဝယ်ပြီးလှူမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အခုပေးလှူမယ့် သံချပ်ကာကျည်ကာကားတွေဟာ ကနေဒါထုတ် ဒီဇယ်သုံးယာဉ်ဖြစ်ပြီး အွန်တာရီယိုအခြေစိုက် Roshel ကုမ္ပဏီက ထုတ်လုပ်ပေးထားတာဖြစ်ပြီး လက်နက်ငယ်ကျဉ်တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင် သလို ပေါ့ပါးလျှင်မြန်စွာ သွားလာနိုင်ပါတယ်။

MKF – 001
Ref: thedefensepost

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဘယ်လ်တီမိုးတံတားကြီး ကွန်တိန်နာသင်္ဘောဝင်တိုက်လို့ ပြိုကျ

ဘယ်လ်တီမိုးမြို့က ဖရန်ဆစ်စကော့ကီး တံတားကြီးဟာ မတ် ၂၆ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ကွန်တိန်နာသင်္ဘောကြီးတစ်စီး ဝင်တိုက်မိရာက ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ပင်လယ်နက်ဆိပ်ကမ်းက ရုရှားသင်္ဘော ၂ စီး ဒုံးကျည် ထိမှန်ပေါက်ကွဲ

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသ ပင်လယ်နက် ဆိပ်ကမ်းဖြစ်တဲ့ ဆီဗက်စတိုပိုကို ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ရုရှားစစ်တပ်ရဲ့ ပေါင်သန်း ၁၇၀ တန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားရန်ကြောင့် ဒိန်းမတ်မှာ ပထမဆုံးအကြိမ် အမျိုးသမီး စစ်မှုထမ်းဥပဒေပြဌာန်းတော့မယ်

ဒိန်းမတ်နိုင်ငံဟာ အနောက်နိုင်ငံတွေအပေါ် ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်လာမှုအပြောင်းအလဲ အခြေအနေတွေကြောင့် နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုး သမီးများကိုပါ စစ်မှုထမ်းစေမယ့် ဥပဒေပြဌာန်းတော့မှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားရဲ့ထိုးစစ်ကိုတားဆီးဖို့ မိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏခံစစ်တံတိုင်း ယူကရိန်းတည်ဆောက်

ယူကရိန်းနယ်မြေတွေကိုထပ်မံ သိမ်းပိုက်ဖို့ ချီတက်လာနိုင်ခြင်းကို တားဆီးနိုင်ရေးအတွက် ယူကရိန်းဟာ အရေးအပါဆုံးရှေ့တန်းစစ်မျက်နှာပြင် တွေမှာ စုစုပေါင်းမိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏ ခံစစ်တံတိုင်းကြီးကို တည်ဆောက်ထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်သင်္ဘောအုပ်စု ပြိုလဲလုနီးတဲ့အထိ တိုက်ခိုက်တာခံရလို့ ရေတပ်ချုပ်ကို ရုရှားထုတ်ပယ်

ရုရှားသမ္မတပူတင်ဟာ ရေတပ်ချုပ် နီကိုလိုင်ယက်ဗ်မီနော့ဗ်ကို ထုတ်ပယ်လိုက်ပြီး မြောက်ပိုင်းတိုင်းရေတပ် တပ်ချုပ် အလက်ဇန္ဒား မွိုင်ဆိဗ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် အလုံးစုံပြင်ဆင်မှုတွေ လုပ်ဖို့ ကင်ဂျုံအန်အမိန့်ပေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ မတ် ၇ ရက်နေ့မှာ နိုင်ငံအနောက်ပိုင်းအခြေစိုက် စစ်စခန်းကို သွားရောက် စစ်ဆေး စဉ် အလုံးစုံစစ်ပွဲအတွက် အသင့်အနေအထားပြင်ဆင်ထားဖို့နဲ့ တကယ့်စစ်ပွဲကြီးတိုက်နေရသလို ပြင်းပြင်းထန် ထန်လေ့ကျင့်မှုမြှင့်တင်ဖို့ မှာကြားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားကို ခြိမ်းခြောက်ဖို့ အသံထက်မြန်တဲ့ ဒုံးကျည် အမေရိကန် စမ်းသပ်ပစ်လွှတ်ဖို့ ပြင်

ထွက်ပေါ်ပေါက်ကြားလာတဲ့ မှတ်တမ်းတွေအရ အမေရိကန်ဟာ ဂူအမ်ကျွန်းမှာ အခြေစိုက်ထားရှိတဲ့ လေတပ် စခန်းကနေ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ရုရှားကို ခြိမ်းခြောက် ဖိအားပေးဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ICC က ဖမ်း၀ရမ်းထုတ်ထားတဲ့ တပ်မှူး ၂ ယောက်ကိစ္စ အသိအမှတ်မပြုနိုင်ဘူးလို့ ရုရှားထုတ်ပြန်

(ICC) က ယူကရိန်းကျူးကျော်စစ်မှာ ရုရှားတပ်မှူးနှစ်ယောက် စစ်ရာဇဝတ်မှုမြောက်တဲ့ အမိန့်ပေးမှုတွေကို ထုတ်ပြန်ခဲ့လို့ ဖမ်း၀ရမ်းထုတ်ခဲ့တာကို ရုရှားဘက်က အသိအမှတ် မပြုနိုင်ကြောင်း ကရင်မလင်အစိုးရက ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now