ကမ္ဘာ့သတင်း

မြောက်ကိုရီးယားစစ်သားတွေ နယ်စပ်ကျော်လာပြန်လို့ တောင်ကိုရီးယား သတိပေး ပစ်ခတ်ရပြန်

မဲခေါင် 19 Jun - 2024
ဇွန် ၁၈ ရက် အစောပိုင်းက အယောက် ၂၀၊ ၃၀ လောက်ရှိတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ နယ်စပ်ကန့်သတ်စည်း ကျော်ဝင်လာလို့ ခြောက်လှန့်ပစ်ခတ် ခဲ့ရပြန်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန် သွားပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ဇွန် ၁၈ ရက် အစောပိုင်းက အယောက် ၂၀၊ ၃၀ လောက်ရှိတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ နယ်စပ်ကန့်သတ်စည်း ကျော်ဝင်လာလို့ ခြောက်လှန့်ပစ်ခတ် ခဲ့ရပြန်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန် သွားပါတယ်။

တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံးက ဇွန် ၁၉ရက်နေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၈ နာရီခွဲဝန်းကျင်မှာ မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်သတ်မှတ်ထားတဲ့ နယ်မြေထဲကို ကျော်ဝင်လာခဲ့လို့ သေနတ်နဲ့ ခြောက်လှန့်သတိပေး ပစ်ခတ်တော့ မြောက်ကိုရီးယားဘက် ပြန်ဝင်သွားကြတယ်လို့ ထုတ်ပြန်သွားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ဒီပုံစံအတိုင်း မြောက်ကိုရီးယား စစ်သားတွေ ကျော်ဝင်ခဲ့လို့ ပစ်ခတ်ခြိမ်းခြောက် မောင်းထုတ်ခဲ့ရသေးပြီး အဲဒီအချိန်ကတော့ တောထူနေလို့ နယ်စပ်စည်းမျဉ်း မှတ်တိုင်တွေ ဖုံးအုပ်နေတာကြောင့် လမ်းမှား ဝင်ရောက်လာပုံသာရပြီး တခြားကျူးကျော်တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက် ရှိပုံမရဘူးလို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ခဲ့ပါသေးတယ်။

တောင်ကိုရီးယားရဲ့ Youhap သတင်းအေဂျင်စီကတော့ ဘယ်အချိန်တုန်းကမှန်း ထည့်မပြောပေမယ့် ကမ္ဘာမှာ မြေမြှုပ်မိုင်းအန္တရာယ် အကြီးဆုံးရှိရာ တောင်မြောက်နယ်စပ် စစ်မဲ့ဇုန်နား သွားလာကြလို့ မြောက်ကိုရီးယား စစ်သားအများအပြား သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Ref: aninews
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လိုဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး

အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်က မင်္ဂလာဆောင်မှာ သေနတ်သမားတွေ ဝင်ပစ်လို့ ၁ ယောက်သေ ၅ ယောက်ဒဏ်ရာရ

ပြင်သစ်နိုင်ငံ၊ သီယွန်ဗီလီမြို့မှာ မင်္ဂလာအခမ်းအနားပွဲကျင်းပနေစဉ် စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် ဂိုဏ်းသားတွေ ဝင်ရောက်ပစ်ခတ်လို့ ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဓာတ်မြေဩဇာရှားပါးလို့ ကိုယ့်မစင်ကိုယ် စုဆောင်းအခြောက်ခံထားဖို့ ကင်ဂျုံအန် အမိန့်ထုတ်

မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်ဟာ နိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေ ဩဇာ ရှားပါးမှုအခြေအနေကြောင့် နိုင်ငံသားတိုင်း ကိုယ့်မစင်ကိုယ် ပြန်စုဆောင်း အခြောက်ခံထားရှိဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now