ကမ္ဘာ့သတင်း

မိုးသီးမုန်တိုင်းကြုံလို့ ဩစတြီးယားလေယာဉ် ထိပ်ဖူးပဲ့ထွက် လွင့်စင်ခဲ့ပေမယ့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့

မဲခေါင် 12 Jun - 2024
ဇွန် ၉ ရက်နေ့က စပိန်နိုင်ငံ မာယော့ကာလေဆိပ်ကနေ ဩစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်ကို ထွက်ခွာလာတဲ့ ဩစတြီးယား လေကြောင်းလိုင်းပိုင် Airbus A320 ဟာ ကွင်းဆင်းဖို့ မိနစ် ၂၀ လောက်သာ လိုတော့ချိန် မိုးသီးမုန်တိုင်းနဲ့တိုးလို့ လေယာဉ်ဦးပိုင်း ထိပ်ဖူးပဲ့ထွက် လွင့်စင်သွားသလို ရှေ့လေကာမှန် ၂ ချပ်စလုံးလည်း ကွဲအက်ပျက်ဆီးခဲ့ပေမယ့် အောင်မြင်စွာနဲ့ ဗီယင်နာလေဆိပ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။

မဲခေါင်၊ ဇွန် ၁၂

ဇွန် ၉ ရက်နေ့က စပိန်နိုင်ငံ မာယော့ကာလေဆိပ်ကနေ ဩစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်ကို ထွက်ခွာလာတဲ့ ဩစတြီးယား လေကြောင်းလိုင်းပိုင် Airbus A320 ဟာ ကွင်းဆင်းဖို့ မိနစ် ၂၀ လောက်သာ လိုတော့ချိန် မိုးသီးမုန်တိုင်းနဲ့တိုးလို့ လေယာဉ်ဦးပိုင်း ထိပ်ဖူးပဲ့ထွက် လွင့်စင်သွားသလို ရှေ့လေကာမှန် ၂ ချပ်စလုံးလည်း ကွဲအက်ပျက်ဆီးခဲ့ပေမယ့် အောင်မြင်စွာနဲ့ ဗီယင်နာလေဆိပ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။

မိုးကြိုးမုန်တိုင်းတွေပါ တိုက်ခတ်နေလို့ လေယာဉ်မှာပါတဲ့ မိုးလေဝလ ရေဒါစနစ်ဟာ မိုးသီးမုန်တိုင်းကို မသိရှိနိုင်တော့ဘဲ ဖြတ်ပျံရာမှာ သက်တမ်း ၂၃ နှစ် ရှိပြီဖြစ်တဲ့ လေယာဉ်ထိပ်ပိုင်းက ကာဗွန်ဖိုက်ဘာအကာတွေ ပဲ့ထွက်လွင့်စင်ပြီး လေယာဉ်ဟာလည်း လေလှိုင်းမိသလိုဖြစ်လို့ ခရီးသည်ခန်းတွေထဲ အရာ၀တ္တုတွေ ပျံဝဲနေခဲ့ပါတယ်။

ဒါပေမယ့် လေယာဉ်ဝန်ထမ်းတွေဟာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကြဖို့ ဖြောင်းဖျပြီး လေယာဉ်မှူးကလည်း ၂ မိနစ်အတွင်း ၁၉၆၈၅ ပေအမြင့်အထိ လေယာဉ်ကို ဦးမော့ပျံသန်းပြီး မုန်တိုင်းကလွတ်အောင် ရှောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်က အကာစတွေ၊ ပစ္စည်းတချို့နဲ့အတူ လွင့်စင်ပါသွားပေမယ့် ၁ မိနစ်အကြာ မိုးသီးမုန်တိုင်းထဲကနေ လွတ်အောင် ပျံသန်းရင်း ဗီယင်နာလေဆိပ်ကို အောင်မြင်စွာဆင်းသက်ပြီးမှ ခရီးသည်အားလုံး လေယာဉ် ထိပ်ပိုင်း စုတ်ပြတ်နေတာကို သိရှိခဲ့ရကြောင်းနဲ့ ခရီးသည်အားလုံး ဘေးမသီရန်မခဘဲ ကံကောင်းထောက်မစွာနဲ့ ဗီယင်နာကို ဆင်းသက်နိုင်ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး အရီဇိုးနားမှာ ပျံသန်းရင်း မိုးသီးမုန်တိုင်းနဲ့တွေ့လို့ ခရီးသည် ၁၃၀ ငိုယိုအော်ဟစ်ခဲ့ကြတဲ့ ထိတ်လန့်ဖွယ်ရာ မိုးသီးမုန်တိုင်းနဲ့ ရင်ဆိုင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်ထိပ်ပိုင်း မီးလောင်၊ လေကာမှန်တွေ ကွဲခဲ့ပေမယ့် တက္ကဆက်လေဆိပ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now