ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင် 18 Mar - 2023
မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ် ၁၇ ရက်နေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၈

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ် ၁၇ ရက်နေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ဒီဖမ်းဝရမ်းနဲ့ ပတ်သက်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ICC မှာ သူတို့ ရုရှားနိုင်ငံနဲ့ ပတ်သက်ရင် တရားစီရင်ခွင့်မရှိ သလို ဒီအဖွဲ့အစည်းကို ရုရှားက အသိအမှတ်လည်း မပြုလို့ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ထုတ်ပြန်မှုလို့ တုံ့ပြန်ခဲ့ကြပါတယ်။

မာရီယာဇာခါရိုဗာ က “ICC ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်မတို့ နိုင်ငံအတွက် ဘာအဓိပ္ပါယ်မှ မရှိဘူး။ ဥပဒေကြောင်းအရပါ ဘာမှ အဓိပ္ပါယ်မရှိတာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အနောက်နိုင်ငံတွေဟာ ကလေးငယ်တွေကို ဂရုစိုက်တယ်၊ ကယ်တင်တယ်၊ ကူညီတယ်ဆိုတဲ့ ပုံစံမျိုးဟာ ဒီနေ့ကျ ရာဇဝတ်မှုလို လာဖြစ်နေတာမျိုးလား” လို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ICC ရှေ့နေ ကာရင်ခန်းဟာ စစ်ပွဲကာလအတွင်း ယူကရိန်းနိုင်ငံကို ကိုယ်တိုင် ၄ ကြိမ်သွားရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုနဲ့ သက်သေတွေ စုဆောင်းလို့ တင်ပြရာက ပူတင်အပေါ် ဖမ်းဝရမ်း ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကြိုတင် စစ်ဆေးမှုအရ ရုရှားတပ်တွေရဲ့ ယူကရိန်း ကလေးငယ် အများအပြား ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုတွေကို ယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်၊ သက်သေတွေ တွေ့ရကြောင်း၊ စစ်ပွဲအတွင်း ကိုယ့်စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေ အပေါ် ပူတင် မထန်းချုပ်ခဲ့လို့ အဓိက တာဝန်ရှိသူအဖြစ် ဖမ်းဝရမ်း ထုတ်ရတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကတော့ ICC ရဲ့ ပူတင်အပေါ် ဖမ်းဝရမ်းထုတ်မှုဟာ တရားမျှတတဲ့ အမိန့် ထုတ်ပြန်ချက် ဖြစ်တယ်လို့ အခိုင်အမာ ထောက်ခံ ပြောဆိုသွားခဲ့ပါတယ်။

Ref: oneindia
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဘယ်လ်တီမိုးတံတားကြီး ကွန်တိန်နာသင်္ဘောဝင်တိုက်လို့ ပြိုကျ

ဘယ်လ်တီမိုးမြို့က ဖရန်ဆစ်စကော့ကီး တံတားကြီးဟာ မတ် ၂၆ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ကွန်တိန်နာသင်္ဘောကြီးတစ်စီး ဝင်တိုက်မိရာက ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ပင်လယ်နက်ဆိပ်ကမ်းက ရုရှားသင်္ဘော ၂ စီး ဒုံးကျည် ထိမှန်ပေါက်ကွဲ

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသ ပင်လယ်နက် ဆိပ်ကမ်းဖြစ်တဲ့ ဆီဗက်စတိုပိုကို ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ရုရှားစစ်တပ်ရဲ့ ပေါင်သန်း ၁၇၀ တန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားရန်ကြောင့် ဒိန်းမတ်မှာ ပထမဆုံးအကြိမ် အမျိုးသမီး စစ်မှုထမ်းဥပဒေပြဌာန်းတော့မယ်

ဒိန်းမတ်နိုင်ငံဟာ အနောက်နိုင်ငံတွေအပေါ် ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်လာမှုအပြောင်းအလဲ အခြေအနေတွေကြောင့် နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုး သမီးများကိုပါ စစ်မှုထမ်းစေမယ့် ဥပဒေပြဌာန်းတော့မှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားရဲ့ထိုးစစ်ကိုတားဆီးဖို့ မိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏခံစစ်တံတိုင်း ယူကရိန်းတည်ဆောက်

ယူကရိန်းနယ်မြေတွေကိုထပ်မံ သိမ်းပိုက်ဖို့ ချီတက်လာနိုင်ခြင်းကို တားဆီးနိုင်ရေးအတွက် ယူကရိန်းဟာ အရေးအပါဆုံးရှေ့တန်းစစ်မျက်နှာပြင် တွေမှာ စုစုပေါင်းမိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏ ခံစစ်တံတိုင်းကြီးကို တည်ဆောက်ထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်သင်္ဘောအုပ်စု ပြိုလဲလုနီးတဲ့အထိ တိုက်ခိုက်တာခံရလို့ ရေတပ်ချုပ်ကို ရုရှားထုတ်ပယ်

ရုရှားသမ္မတပူတင်ဟာ ရေတပ်ချုပ် နီကိုလိုင်ယက်ဗ်မီနော့ဗ်ကို ထုတ်ပယ်လိုက်ပြီး မြောက်ပိုင်းတိုင်းရေတပ် တပ်ချုပ် အလက်ဇန္ဒား မွိုင်ဆိဗ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် အလုံးစုံပြင်ဆင်မှုတွေ လုပ်ဖို့ ကင်ဂျုံအန်အမိန့်ပေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ မတ် ၇ ရက်နေ့မှာ နိုင်ငံအနောက်ပိုင်းအခြေစိုက် စစ်စခန်းကို သွားရောက် စစ်ဆေး စဉ် အလုံးစုံစစ်ပွဲအတွက် အသင့်အနေအထားပြင်ဆင်ထားဖို့နဲ့ တကယ့်စစ်ပွဲကြီးတိုက်နေရသလို ပြင်းပြင်းထန် ထန်လေ့ကျင့်မှုမြှင့်တင်ဖို့ မှာကြားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားကို ခြိမ်းခြောက်ဖို့ အသံထက်မြန်တဲ့ ဒုံးကျည် အမေရိကန် စမ်းသပ်ပစ်လွှတ်ဖို့ ပြင်

ထွက်ပေါ်ပေါက်ကြားလာတဲ့ မှတ်တမ်းတွေအရ အမေရိကန်ဟာ ဂူအမ်ကျွန်းမှာ အခြေစိုက်ထားရှိတဲ့ လေတပ် စခန်းကနေ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ရုရှားကို ခြိမ်းခြောက် ဖိအားပေးဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ICC က ဖမ်း၀ရမ်းထုတ်ထားတဲ့ တပ်မှူး ၂ ယောက်ကိစ္စ အသိအမှတ်မပြုနိုင်ဘူးလို့ ရုရှားထုတ်ပြန်

(ICC) က ယူကရိန်းကျူးကျော်စစ်မှာ ရုရှားတပ်မှူးနှစ်ယောက် စစ်ရာဇဝတ်မှုမြောက်တဲ့ အမိန့်ပေးမှုတွေကို ထုတ်ပြန်ခဲ့လို့ ဖမ်း၀ရမ်းထုတ်ခဲ့တာကို ရုရှားဘက်က အသိအမှတ် မပြုနိုင်ကြောင်း ကရင်မလင်အစိုးရက ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now