ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မဲခေါင် 2 Jul - 2024
မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့ ရှားပါး ဓာတ်သတ္တုတွေ ကို ကွန်တိန်နာလိုက် ပေးပို့ပြီး လဲစားနေရကြောင်း ဖော်ပြသွားပါတယ်။

မဲခေါင်၊ ဇူလိုင် ၂

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့ ရှားပါး ဓာတ်သတ္တုတွေ ကို ကွန်တိန်နာလိုက် ပေးပို့ပြီး လဲစားနေရကြောင်း ဖော်ပြသွားပါတယ်။

ဇွန် ၁၇ ရက်နေ့ မနက်အစောပိုင်းက မြောက်ကိုရီးယားဘက်က ၁၀ တန် ကွန်တိန်နာတင်ဆောင် ကား ၁၀ စီးကို ဒေဟောင်ဒန်နယ်စပ်ဂိတ်ကနေ တရုတ် ယန်ဂန်းခရိုင်လုံခြုံရေးဗျူရိုထံ ပေးပို့မောင်းနှင်စေခဲ့ပြီး နှစ်ဘက် အစိုးရ အာဏာပိုင်တွေ အသီးသီးစစ်ဆေးပြီးနောက် တရုတ်ဘက်က စားနပ်ရိက္ခာ ကွန်တိန်နာကားတွေကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပို့ဆောင်မှုဟာ နယ်စပ်ဂိတ်မှာ ၄ နာရီကြာခဲ့ပြီး ဘယ်လို ဓာတ်သတ္တုတွေ မြောက်ကိုရီးယားဘက်က ပေးပို့ကြောင်း မသိရပေမယ့် တရုတ်ဘက်က မုန့်ညပ်၊ ဆန်၊ သကြား၊ ဟင်းချက်ဆီ၊ မာဆလာ၊ ငရုပ်ကောင်းနဲ့ နှမ်းစေ့တွေဖြစ်ကြောင်း တရုတ်တာဝန်ရှိသူတွေဘက်က ဆိုပါတယ်။

ဒီလို ငွေသားနဲ့မဟုတ်ဘဲ ကုန်စည် တိုက်ရိုက်လဲလှယ်တဲ့စနစ်နဲ့ တရုတ်နဲ့ မြောက်ကိုရီးယားအကြား အပြန်အလှန်ပေးပို့မှုတွေကို ဇူလိုင် ၂၇ ရက်အထိ ဆက်လက်လုပ်ဆောင် လဲလှယ်သွားမယ်လို့လည်း သိရှိရပါတယ်။

မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက Resolution 2371 အရ ကျောက်မီးသွေးအပါ သဘာ၀တွင်းထွက်ဓာတ်သတ္တုတွေ ပြည်ပတင်ပို့မှု ပိတ်ပင်ထားပေမယ့် တရုတ်အစိုးရကလည်း နိုင်ငံခြား ငွေလိုအပ်ချက်မြင့်မားနေလို့ မြောက်ကိုရီးယားဆီက အဖိုးတန်ဓာတ်သတ္တုတွေကို ရယူပြီး ကုန်ချော အဖြစ် ပြောင်းလဲလို့ ကမ္ဘာ့စျေးကွက်ကနေ ငွေပြန်ရှာနိုင်အောင် လက်ခံ လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

Ref: dailynk
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

နာမည်ကြီး လိပ်နင်ဂျာမှောင်ခိုဂိုဏ်း တင်သွင်းတဲ့ ကုန်းလိပ်အကောင် ၄၀၀ မလေးရှား သိမ်းဆည်းရမိ

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာနတို့ ပူးပေါင်းချမှတ်တဲ့ United National Resource မှောင်ခိုနှိမ်နင်းရေး စီမံချက်ကြောင့် ရှားပါးတန်ဖိုးကြီး
ကမ္ဘာ့သတင်း

နေတိုးအရှေ့တံခါးကို ကာကွယ်ဖို့ တင့်ကား အစီး ၁၀၀၊ M2A4 IFV ၁၅၂ စီးနဲ့ M109A7 SPHs ၁၈ စီး ပိုလန်ဆီ အမေရိကန် ပို့ဆောင်

အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်ဒဏ္ဍာရီသူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ် ၁၃၀၀ စိုက်နေတဲ့ မှော်ဝင်ဓား ခိုးယူခံရ

ပြင်သစ်နိုင်ငံ အလယ်ခေတ် ရော်ကမာဒေါရွာလေးမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်လာ ပြင်သစ်စစ်သူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ်ပေါင်း ၁၃၀၀ ထိုးစိုက်ထားတဲ့ သမိုင်းဝင် ဓားကြီး သူခိုးခိုးခံရလို့ ပျောက်ဆုံးနေကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရီးစဉ်တွေများလွန်းလို့ စင်ပေါ် အိပ်ပျော်လုဖြစ်ခဲ့ကြောင်း ဂျိုးဘိုင်ဒန်ဝန်ခံ

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့ ဇွန် ၂၇ ရက်မှာ အဓိကပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ သမ္မတလောင်းအချင်းချင်း စကားစစ်ထိုးပွဲ ရုပ်သံထုတ်လွှင့်မှုမှာ စင်ပေါ် အိပ်ပျော်လုနီးနီးဖြစ်ခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒုတိယအကြိမ်မြောက် သမ္မတအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းနယ်စပ်မှာ ဟားမက်စ်စတိုင် မြေအောက်ဥမင်တွေတူးနေတဲ့ ပူတင်စီမံကိန်းကို ကူညီဖို့ မြောက်ကိုးရီးယားက စစ်သည် ၁၅၀၀၀ စေလွှတ်

မြောက်ကိုရီးယား စစ်အင်ဂျင်နီယာ တပ်မ ၅ ခုက စစ်သည်ပေါင်း ၁၅၀၀၀ ကို ကင်ဂျုံအန်က ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ဒေသ မြေအောက်ဥမင်စီမံကိန်းမှာ ပါဝင်ဖို့ စေလွှတ်ပေးထားကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကို ပိုက်နဲ့ ဖမ်းဖို့ ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစု ပူတင်တည်ဆောက်နေ

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကြောင့် ဆုံးရှုံးနစ်နာမှုများနေလို့ ဒီဒရုန်းတွေကို ပိုက်ကွန်နဲ့ဖမ်းစေမယ့် ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစုတွေ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂ ရက်နေ့မှာပဲ မတရားသဖြင့် ထောင်ဒဏ် တွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now