ကမ္ဘာ့သတင်း

စစ်ပွဲအပေါ်အာရုံလျော့မှာဆိုးလို့ ရုရှားမှာ ပေါ်ပြူလာဖြစ်တဲ့ Sex Doll စီး ကူးခတ်ပွဲတော် ပူတင် ပိတ်ပင်

မဲခေါင် 16 Jun - 2024
ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံရဲ့ ပေါ်ပြူလာဖြစ်လာတဲ့ လိင်အသုံးချအရုပ် (Sex Doll) ပွဲတော်ကို ဒီနှစ်မှာ ပိတ်ပင်လိုက်ပြီး ယူကရိန်းစစ်ပွဲအတွက် အာရုံထွေပြားမှုမဖြစ်စေလိုတာကြောင့် ပွဲတော်ကျင်းပရင် အရေးယူမယ် လို့ စတာလင်ဝါဒပုံစံသုံး ပိတ်ပင်လိုက်ပါတယ်။

မဲခေါင်၊ ဇွန် ၁၆

ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံရဲ့ ပေါ်ပြူလာဖြစ်လာတဲ့ လိင်အသုံးချအရုပ် (Sex Doll) ပွဲတော်ကို ဒီနှစ်မှာ ပိတ်ပင်လိုက်ပြီး ယူကရိန်းစစ်ပွဲအတွက် အာရုံထွေပြားမှုမဖြစ်စေလိုတာကြောင့် ပွဲတော်ကျင်းပရင် အရေးယူမယ် လို့ စတာလင်ဝါဒပုံစံသုံး ပိတ်ပင်လိုက်ပါတယ်။

လီနင်ဂရတ်မြို့က ရေစီးသန်တဲ့ ဗောက်ခ်စီမြစ်ထဲကို ရေပေါ်ပေါ်နိုင်တဲ့ Sex Doll ကိုယ်စီ စီးပြီး အမြန်ဆုံး ရောက်ရှိ သူအနိုင်အဖြစ် ဒီနွေရာသီပွဲတော်ကို ၂၀၀၃ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ရာမှာ အခုနှစ်ပိုင်းတွေထဲ လူ ၈၀၀ ကျော်ပါဝင်ပြီး ဗောက်ခ်စီမြစ်ထဲ အမြန်ကူးခတ်စုန်ဆင်းကြတာဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ နိုင်ငံအတွင်း ဘာသာရေးကို စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ အပျော်ကျူးပါတီဆင်နွှဲမှု၊ လူမြင် မကောင်းတဲ့ အမူအကျင့်တွေကို ချေမှုန်းအရေးယူမှုအစီအစဉ်တွေ ဆက်တိုက်လုပ်လာရာမှာ ဒီနှစ်အတွက် Sex Doll စီးပြိုင်ပွဲ နာမည်အားဖြင့် Bubble Baba Challenge ပွဲတော်ဟာလည်း အန္တရာယ်များသလို ပေါ်ပင်လုပ် ပြီး အရှက်ရစေတဲ့ နာမည်ဆိုးနဲ့ပွဲတော်ဖြစ်လို့ ပိတ်ပင်ကြောင်း၊ ယူကရိန်းစစ်ပွဲ အရေးကြီးနေချိန် အာရုံထွေပြားမှု မရှိစေဖို့ ပိတ်ပင်တာကို မလိုက်နာသူတွေ ပြင်းပြင်ထန်ထန်အရေးယူမယ်လို့ ထုတ်ပြန်သတိပေးသွားခဲ့တာဖြစ်ပါတယ်။

ပူတင်ထောက်ခံ ရုရှားလွှတ်တော်အမတ် ဗီတယ်လီမီလိုနော့ဗ်ကလည်း ဒီလိုအချန် ဒီပွဲတော်ပါဝင်သူတွေကို ပြည်နှင်ဒဏ်ပေးရင်ပေး၊ မြစ်ထဲက ပီရန်ဟက်စ်အသားစား ငါးစာကြွေးပစ်တာမျိုးလုပ်သင့်ကြောင်း၊ ဒါမှမဟုတ် ဒီ Sex Doll တွေကို ရှေ့တန်းစစ်မျက်နှာပြင်က ရန်သူ ယူကရိန်းစစ်သားတွေဆီ လက်ကျန်တွေ ပို့ပေးတာမျိုးပဲ လုပ်သင့်တယ်လို့ ရင့်ရင့်သီးသီးစကားဆိုသွားခဲ့ပါတယ်။

ဒီပွဲတော်ကို ထူထောင်သူက ပွဲတော်ဖြစ်လာပုံဟာ ရုရှားအမျိုးသားတွေအကြိုက် ပါတီမှာ အရက်သောက်ပွဲခံ မူးနေကြတဲ့အမျိုးသားတွေဆီ အမျိုးသမီးတွေမလာကြလို့ ဒီလိုပွဲတော်လုပ်ပြီး ပျော်ပွဲဝင်သင့်တယ်ဆိုကာ နောက်ပြောင်ပြောဆိုခဲ့ရာက ဖြစ်တည်လာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရေစီးသန်လွန်းတဲ့ မြစ်ထဲ Sex Doll နဲ့ အသက်လုကူးရတာမျိုးဖြစ်လို့ ၁၈ နှစ်အထက်၊ အရက်မသောက်ထားသူတွေကိုသာ နောက်ပိုင်းပွဲတော်မှာ ပါဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

MKF – 001
Ref:Thesun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now