ကမ္ဘာ့သတင်း

ကိုဗစ်ဖြင့် ပကတိသေဆုံးမှုနှုန်းရဲ့ ၇ ရာခိုင်နှုန်းကိုသာ တရုတ်လိမ်ညာထုတ်ပြန်

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ပထမပတ်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ သူတို့နိုင်ငံအတွင်းမှာ ကိုဗစ်ကြောင့် ၆၀၀၀၀ နီးပါး (၅၉၉၃၈ ယောက်) သေဆုံးခဲ့တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ပထမပတ်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ သူတို့နိုင်ငံအတွင်းမှာ ကိုဗစ်ကြောင့် ၆၀၀၀၀ နီးပါး (၅၉၉၃၈ ယောက်) သေဆုံးခဲ့တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ လိမ်ညာမှုသာဖြစ်ပြီး အမှန်တကယ်သေဆုံးနှုန်းရဲ့ ၇ ရာခိုင်နှုန်းတောင် မရှိတဲ့ ပမာဏကို ထုတ်ပြန်တာဖြစ်တယ်လို့ ကျန်းမာရေးသုတေသီတွေက ဝေဖန်တွက်ချက်ပြခဲ့ပါတယ်။

တရုတ်ပြည်မှာ ကိုဗစ်ဇီးရိုးပေါ်လစီကို ပယ်ဖျက်လိုက်ပြီးနောက် ကိုဗစ်ကူးစက်နှုန်းဟာ ချက်ချင်း အမြင့်ဆုံးရောက်လာခဲ့ပြီး မနိုင်မနင်းတွေဖြစ်နေတာကို တရုတ်အစိုးရက ဖုံးဖိမရတော့တဲ့အချိန်မှ ငါးပတ်အတွင်း ၆၀၀၀၀ နီးပါး သေဆုံးတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်ရဲ့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ကူးစက်ရောဂါဗေဒဌာန အကြီးအကဲဖြစ်တဲ့ ဇူးဖန်ဇန်းက တရုတ်အစိုးရကြေညာတဲ့ ၆၀၀၀၀ ခန့် သေဆုံးတယ်ဆိုတာ ဆေးရုံပေါ်မှာ သေဆုံးမှုသီးသန့်ကိုသာ ကြေညာတာဖြစ်ပြီး တကယ်သေဆုံးနှုန်းရဲ့ ၇ ရာခိုင်နှုန်းသာ မရှိတဲ့ ပမာဏကို တင်ပြတာဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

ပီကင်းတက္ကသိုလ် အမျိုးသားဖွံ့ဖြိုးရေးကျောင်းရဲ့ စစ်တပ်မှာ ဒီငါးပတ်အတွင်း တရုတ်နိုင်ငံရဲ့ လူဦး ရေ ၆၄ ရာခိုင်နှုန်း ကိုဗစ်ကူးစက်ခံရတယ်ဆိုတဲ့ အခြေခံယူဆချက်အရ ဒီငါးပတ်အတွင်း ကိုဗစ်စံဖြစ်တဲ့

၀.၁ ရာခိုင်နှုန်း သေဆုံးတဲ့မူအရ သေဆုံးသူပေါင်း ၉ သိန်းအထိ ရှိမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာလည်း ကိုဗစ်ကူးစက်နှုန်းမြင့်တက်လာသလို သေဆုံးမှုနှုန်းကလည်း ချက်ချင်းမြင့်တက်လာပြီး လူ ၁ သန်းမှာ ခုနစ်ယောက်နှုန်းသေဆုံးတဲ့အထိ မြင့်တက်ခဲ့ပါတယ်။

ဩစတြေးလျနဲ့ နယူးဇီလန်မှာလည်း ပထမဆုံးကိုဗစ်ကာလအတွင်း သေဆုံးနှုန်းက တစ်သန်းမှာ လေးယောက်နှုန်း အထိမြင့်တက်လာခဲ့ပါတယ်။

စင်ကာပူမှာလည်း ဇီးရိုးကိုဗစ်ပေါ်လစီ ရုတ်သိမ်းတာမကြာသေးချိန်အတွင်း သေဆုံးနှုန်းက တစ်သန်းမှာ နှစ်ယောက်နှုန်းမြင့်တက်သွားတယ်။

ပီကင်းတက္ကသိုလ်ရဲ့ သုံးသပ်ချက်မှာ တရုတ်နှစ်သစ်ကူးကာလ ခရီးသွားတွေပြန်ဖွင့်ပေးခြင်းကနေ ကိုဗစ်ကူးစက်နှုန်း ကြောက်စရာထပ်မံမြင့်တက်ဖို့ သေချာနေပြီး ၂၀၂၃ ခုနှစ်အတွင်း ၁.၂ သန်းကနေ ၁.၆ သန်းအထိ ရှိလိမ့်မှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၅ ပတ်အတွင်း သေဆုံးနှုန်းဟာလည်း ပျမ်းမျှတွက်ရင် ၉ သိန်းကျော် ရှိမယ်လို့ သုံးသပ်တွက်ချက်ခဲ့ပါတယ်။

Ref: alarabiya
MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အီရန်လေတပ်နဲ့ နျူကလီးယားစက်ရုံအနီး အစ္စရေးလက်စားချေပစ်ခတ်၊ အီရန်ဘက်က အဏုမြူဗုံးနဲ့ တုံ့ပြန်လာနိုင်ကြောင်း အမေရိကန် သတိပေး

အီရန်ဟာ ဒုံးကျည်နဲ့ဒရုန်းပေါင်း ၃၀၀ ကျော်ကို အစ္စရေးထံ ပစ်လွှတ်ခဲ့ခြင်းအပေါ် အစ္စရေးဟာ ဧပြီ ၁၈ ရက်ညက လက်စားချေခြင်းအဖြစ် မိုင် ၁၀၀ အကွာမှာရှိတဲ့ အီရန်နိုင်ငံထဲက နျူကလီးယား လက်နက်ထုတ်လုပ်တဲ့ စခန်းတွေကို ဦးတည်ပြီး ဒရုန်းတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ ဆူနာမီသတိပေးချက်ထုတ်ပြန်၊ လူပေါင်း ၁၁၀၀၀ ကို နေရာရွှေ့ပြောင်းခိုင်း

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမြောက်ဘက်မှာရှိတဲ့ ရူအန်းမီးတောင်ကြီး ၅ကြိမ် ထက်မနည်း အကြီးစားပေါက်ကွဲမှုဖြစ်တာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ဆူနာမီသတိပေးချက်ထုတ်ပြန်သလို အနီးအားဒေသက လူပေါင်း ၁၁၀၀၀ ကို အရေးပေါ် ရွှေ့ပြောင်းခိုင်းထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အီရန် တပ်မတော်နေ့မှာ လက်နက်အင်အား တိုးမြှင့်ပြသ

ဧပြီ ၁၈ ရက်နေ့မှာ အီရန်ဟာ အမျိုးသားတပ်မတော်နေ့အခမ်းအနား စစ်ရေးချီတက်ပြသမှုကို ပြုလုပ်ခဲ့ရာမှာ လုံခြုံရေးတင်းကြပ်ခဲ့ပြီး လက်နက်အင်အားတွေကိုတော့ တိုးမြှင့်ပြသခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now