ကမ္ဘာ့သတင်း

ကမ္ဘာ့အဆိုးရွားဆုံး ဖိလစ်ပိုင်လေဆိပ်မှာ ဗီဇာကျော်လို့ ငွေတောင်းမှု မကျေနပ်လို့ ဗီယက်နမ်သူ ဝတ်လစ်စလစ်နဲ့ လူအုပ်ထဲလျှောက်သွား

မဲခေါင် 14 Jun - 2024
ကမ္ဘာ့အစည်ကားဆုံးနဲ့ ဝန်ဆောင်မှု အညံ့ဆုံးအဆင့် သတ်မှတ်ခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က နီနွိုင်အာကွီနိုလေဆိပ်မှာ အသက် ၃၄ နှစ်အရွယ် ဗီယက်နမ်သူ ငုယင်သိုင်ထရန်ဆိုသူဟာ ဗီဇာရက်ကျော် ပြဿနာကြောင့် ငွေတောင်းခံမှုကို မကျေနပ်လို့ ဝတ်လစ်စလစ်နဲ့ ထွက်ခွာရာတစ်လျှောက် တန်းစီနေတဲ့လူတန်းထဲ လျှောက်သွားနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဇွန် ၁၄

ကမ္ဘာ့အစည်ကားဆုံးနဲ့ ဝန်ဆောင်မှု အညံ့ဆုံးအဆင့် သတ်မှတ်ခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က နီနွိုင်အာကွီနိုလေဆိပ်မှာ အသက် ၃၄ နှစ်အရွယ် ဗီယက်နမ်သူ ငုယင်သိုင်ထရန်ဆိုသူဟာ ဗီဇာရက်ကျော် ပြဿနာကြောင့် ငွေတောင်းခံမှုကို မကျေနပ်လို့ ဝတ်လစ်စလစ်နဲ့ ထွက်ခွာရာတစ်လျှောက် တန်းစီနေတဲ့လူတန်းထဲ လျှောက်သွားနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်ကို အလည်အပတ် ခရီးစဉ်လာအပြီး ဗီယက်နမ် ဆိုင်ဂုံ(ဟိုချီမင်း) လေဆိပ်ကို ငုယင်သိုင်ထရန် ပြန်ဖို့လုပ်ရာမှာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဇွန်၊ ၈ ရက်မှာ ဗီဇာသက်တမ်းကုန်ပြီး ရက်ပိုနေလို့ ငွေတောင်းရာက ဒေါသထွက်ပေါက်ကွဲလို့ လေဆိပ်အိမ်သာထဲ အရင်ဝင်သွားခဲ့ပါတယ်။

ပြန်ထွက်လာရာမှာ လုံး၀ အဝတ်အစားတစ်ခုမှ မပါတော့ဘဲ ထွက်ခွာရာစီတန်းနေတဲ့ လူတန်းထဲ ခပ်တည်တည် လျှောက်သွားနေခဲ့လို့ လေဆိပ် လုံခြုံရေးဝန်ထမ်းတွေ ဗျာများပြီး လိုက်လံချော့မော့ ဖြောင်းဖျခဲ့ရတာဖြစ်ပါတယ်။

လေဆိပ် လုံခြုံရေးဝန်ထမ်းတွေဟာ ငုယင်သိုင်ထရန်ကို အဝတ်အစားတွေလိုက်ပေး၊ ရေနဲ့ အစားအစာတွေပေးပြီး ချော့မော့ ဖြောင့်ဖျနိုင်ခဲ့ပြီးနောက် လေယာဉ် ခရီးစဉ်အပေါ် အနှောင့်အယှက်မဖြစ်စေဘဲ စိတ်ပိုင်းဆိုင်ရာ ဆေးစစ်မှုလုပ်အပြီး ဟိုချီမင်းလေဆိပ်ဆီ ပျံသန်းတဲ့လေယာဉ်နဲ့ တင်ပေးလိုက်နိုင်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ဆိုပါတယ်။

လေဆိပ်ဝန်ထမ်းတွေနဲ့ ငုယင်သိုင်ထရန်အကြား ဘာသာစကား အခက်အခဲကြောင့် Google Translate အသုံးပြု ပြောဆိုရာက နားလည်မှုလွဲမှားပြီး စိတ်ဆိုးသွားစေတာ ဖြစ်တယ်လို့သာ လေဆိပ်တာဝန်ရှိသူတွေက ထုတ်ပြန်ရှင်းလင်းပါတယ်။

ဖိလစ်ပိုင်ရဲ့ နီနွိုင်အာကွီနိုလေဆိပ်ဟာ ၂၀၂၂ ခုနှစ်က ခရီးသွားများပြီး business class ခရီးသွားတွေအတွက် ဝန်ဆောင်မှုအရာမှာ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ၃၈ မှာ အဆင့် ၃၈ နေရာသာရတဲ့ လေဆိပ်အဖြစ် မှတ်တမ်းဝင်ပါတယ်။ ဒီနှစ်ထဲမှာ အာရှရဲ့ နံပါတ် (၄) အဆိုးဆုံး လေဆိပ်အဖြစ် နာမည်ထပ်ပျက်ခဲ့ပါသေးတယ်။

မနှစ်က စက်တင်ဘာလမှာ လေဆိပ်က အိတ်တွေ စောင့်ကြည့်ပေးရတဲ့ ဝန်ထမ်းဟာ နိုင်ငံခြားခရီးသွားတစ်ယောက် အိတ်ထဲက ဒေါ်လာ ၃၀၀ ကို ခိုးပြီး ပါးစပ်ထဲ မျိုချမှုလုပ်တဲ့ ကင်မရာမှတ်တမ်း ပေါ်ထွက်ခဲ့သလို ၂၀၁၃ ခုနှစ်က လေဆိပ်လုံခြုံရေးဝန်ထမ်းဟာ ခရီးသည်တွေရဲ့ အိတ်တွေထဲ ကျည်ဆံတွေထည့်ပြီး ငွေညှစ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရပါသေးတယ်။

မတ်လကတည်း ထွက်ခွာရာအခန်းရဲ့ ခုံတန်းတွေဘေးနဲ့ မျက်နှာကျက်တွေပေါ်မှာ ကြွက်တွေနဲ့ အန္တရာယ်ရှိတဲ့ ပိုးကောင်တွေဟာ ခရီးသည်တွေနဲ့ နီးကပ် စွာ သွားလာနေတဲ့ မှတ်တမ်းရိုက်ကူး ဖော်ပြခံခဲ့ရပါသေးတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော် ဖောက်ယူဖော်ပြခဲ့တဲ့ Wikileaks ထူထောင်သူ သူလျှိုလုပ်မှု ဝန်ခံချက်နဲ့လွတ်မြောက်မယ်

အမေရိကန်အစိုးရကိုယ်တိုင်က သမိုင်းမှာ အဆိုးရွားဆုံး သီးခြားလျှို့ဝှက် နိုင်ငံတော်မှတ်တမ်းပေါက်ကြားမှုလို့ ဝန်ခံခဲ့ရတဲ့အထိ အမေရိကန်ရဲ့ လျှို့ဝှက်မှတ်တမ်း ၁၀ သန်းကျော်ကို ခိုးယူခဲ့တဲ့ Wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီဟာ ဇွန် ၂၄ ရက်နေ့က ၅ နှစ်လုံးလုံးနေထိုင်ခဲ့ရဲ့ ဗြိတိန်အကျဉ်းထောင်ကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now