အာရှသတင်း

အိန္ဒိယလွှတ်တော်အမတ်ဟောင်း ရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လူပုံလယ်ပစ်သတ်ခံရ

မဲခေါင် 17 Apr - 2023
ဧပြီ ၁၅ ရက်နေ့က ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ကြိုးစားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယလွှတ်တော်အမတ်ဟောင်းနဲ့ ညီဖြစ်သူတို့ကို ရဲတပ်ဖွဲ့ခြံရံထားတဲ့ကြား၊ မီဒီယာတွေရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လုပ်ကြံသူတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်သွားပါတယ်။ 

မဲခေါင်၊ ဧပြီ ၁၇

ဧပြီ ၁၅ ရက်နေ့က ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ကြိုးစားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယလွှတ်တော်အမတ်ဟောင်းနဲ့ ညီဖြစ်သူတို့ကို ရဲတပ်ဖွဲ့ခြံရံထားတဲ့ကြား၊ မီဒီယာတွေရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လုပ်ကြံသူတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်သွားပါတယ်။ 

၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ လွှတ်တော်အမတ်လုပ်ခဲ့သူ အာတစ်အာမက်နဲ့ ညီဖြစ်သူတို့ဟာ ထောင်တွင်း ဖမ်းဆီးခံထားရချိန် ကျန်းမာရေးစစ်ဆေးဖို့ အက်တာပရာဒက်ရှ်ပြည်နယ် ပရာယာဂရက်ဇ်မြို့ ဆေးရုံကို ရဲတပ်ဖွဲ့ စောင့်ကြပ်မှုနဲ့အလာ မီဒီယာတွေဝိုင်းအုံနေချိန်မှာပဲ သေနတ်နဲ့ ၂၂ စက္ကန့်အတွင်း ၁၄ ချက်ပစ်ခံရလို့ ညီဖြစ်သူနဲ့ အတူ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က အာတစ်အာမက်ဟာ ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ ကြိုးစားမှုနဲ့ ထောင်ချခံခဲ့ရပြီး မကြာသေးခင်ကပဲ ရဲတွေဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေလို့ အကာအကွယ်ပေးဖို့ တရားရုံးချုပ်ထံ အသနားခံစာတင်ခဲ့ ပါသေးတယ်။ 

ဒီတစ်ပတ်အစောပိုင်းက အာတစ်အာမက်ရဲ့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူ အာဆက်နဲ့ နောက်တစ်ယောက်ဟာလည်း ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့ရပါသေးတယ်။

အခု လူပုံအလယ် လုပ်ကြံမှုနဲ့ပတ်သက်လို့ တရာခံ ၂ ယောက်နဲ့ သတင်းထောက်ယောင်ဆောင်ပြီး ပူးပေါင်းပါဝင် ဖွယ်ရှိတယ်လို့ သံသယရှိသူ တစ်ယောက်ကို ဖမ်းဆီးထားပြီး တီဝါရီ၊ ဆန်နီနဲ့ အာရန်မော်ရေးဆိုတဲ့ဒီ ၃ ယောက် ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဟိန္ဒူဘာသာစကားနဲ့ ဂျိုင်ရှရီရမ် လို့ အော်ဟစ်ကြွေးကျော်ခဲ့ကြပါတယ်။ 

အဓိပ္ပါယ်ကတော့ ရာမဘုရားအတွက်အောင်ပွဲ လို့ဆိုကြောင်း ဘီဘီစီ သတင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

MKF – 001

Ref: BBC

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။
အာရှသတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်လုပ်မိုင်း ၂၀၀ ကျော် သိမ်းဆည်းရမိ

မဏိပူရပြည်နယ်၊ မိုရေးမြိုအနီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း ၄၃ ယောက်က နယ်စပ်ဂိတ်တဂိတ်ကို စစ်ဆေးစဉ် လက်လုပ်မိုင်းအလုံး ၂၀၀ ကျော်၊ အလေးချိန်အားဖြင့် ၅၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ မီဇိုရမ်ပြည်နယ်မှကျေးရွာတရွာ၏ အထူးသတင်းပေးပိုမှုကြောင့် သွားရောက်စစါဆေးစဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။