အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

မဲခေါင် 29 Jan - 2023
အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 

နယူးဒေလီ၊ ဇန်နဝါရီ ၂၉

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 

လေယာဉ် ၂ စင်းဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ စစ်ဆင်ရေးပျံသန်းလေ့ကျင့်မှုပြုလုပ်နေစဉ် တိုက်မိခဲ့တာလို့ အိန္ဒိယလေတပ်က ထုတ်ပြန်ပါတယ်။ 

လေယာဉ် ၂ စင်းစလုံး မာဒယာပရာဒေ့ရှ်ပြည်နယ်မှာရှိတဲ့ ဂွိုင်လောလေတပ်စခန်းကနေပျံသန်းလာပြီး အနောက်ဘက်မိုင် ၃၀ လောက်အကွာမှာပျက်ကျခဲ့တာပါ။ 

ပျက်ကျရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးဖို့ အိန္ဒိယလေတပ်က ညွှန်ကြားထားပါတယ်။ 

ပျက်ကျတဲ့လေယာဉ်တွေဟာ လေယာဉ်မှူး ၂ ယောက်လိုက်ပါသွားတဲ့ ရုရှားထုတ် ဆူခွိုင်း အက်စ်ယူ-၃၀ လေယာဉ်နဲ့ လေယာဉ်မှူး ၁ ယောက်လိုက်ပါသွားတဲ့ မီရေ့ဂျ်-၂၀၀၀ လေယာဉ်တွေဖြစ်ပါတယ်။ 

လေယာဉ်အပျက်အစီးတွေကို ရာဇသံပြည်နယ်၊ ဘာရတ်ပူမြို့နဲ့ မာဒယာပရာဒေ့ရှ်ပြည်နယ်က မိုရီနာမြို့တို့မှာတွေ့ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက သတင်းဖော်ပြပါတယ်။ 

ပါဒါဂါ့သစ်တောထဲမှာ ဒဏ်ရာရနေတဲ့လေယာဉ်မှူး ၁ ယောက်ကို အသက်ရှင်လျက်တွေ့ရတယ်လို့ အပျက်အစီးတွေတွေ့ရတဲ့နေရာမှာရှိနေတဲ့ ရဲအရာရှိ ဒါမန်ဒါ ဂါအူက အေအက်ဖ်ပီသတင်းအေဂျင်စီကိုပြောပါတယ်။ 

လေတပ်ရဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုကူညီဖို့ ဒေသအာဏာပိုင်တွေကို ညွှန်ကြာထားတယ်ဆိုပြီး  မာဒယာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် ရှီဗရာ ဆင်း ချောင်ဟန်ကပြောပါတယ်။ 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာလည်း တရုတ်-အိန္ဒိယနယ်စပ်က အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ အိန္ဒိယလေတပ်ရဟတ်ယာဉ်ပျက်ကျပြီး စစ်သား ၅ ယောက်သေဆုံးခဲ့သလို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း တမိနာဒူပြည်နယ်က တောင်ကုန်းတခုကို ရဟတ်ယာဉ်ဝင်တိုက်မိပြီး ပေါက်ကွဲလို့ အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီပင် ရာဝတ်အပါအဝင် လူတဒါဇင်ကျော်သေဆုံးခဲ့ပါတယ်။ 

Source – BBC 

#ဥက္ကာ #MeKongNews

Photo – Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။
အာရှသတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်လုပ်မိုင်း ၂၀၀ ကျော် သိမ်းဆည်းရမိ

မဏိပူရပြည်နယ်၊ မိုရေးမြိုအနီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း ၄၃ ယောက်က နယ်စပ်ဂိတ်တဂိတ်ကို စစ်ဆေးစဉ် လက်လုပ်မိုင်းအလုံး ၂၀၀ ကျော်၊ အလေးချိန်အားဖြင့် ၅၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ မီဇိုရမ်ပြည်နယ်မှကျေးရွာတရွာ၏ အထူးသတင်းပေးပိုမှုကြောင့် သွားရောက်စစါဆေးစဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။
အာရှသတင်း

မြန်မာနိုင်ငံမှမှောင်ခိုသယ်လာသောရွှေချောင်း ၃၅ ချောင်းကို အိန္ဒိယနိုင်ငံတွင် သိမ်းဆည်းရမိ

အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ
အာရှသတင်း

ရိုဟင်ဂျာခေါင်းဆောင်အသတ်ခံရမှုနှင့်ဆက်စပ်၍ လူ ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီ

ပြီးခဲ့သည့်တပတ်က ရိုဟင်ဂျာအသိုက်အဝန်း၏ ထိပ်တန်းခေါင်းဆောင်တယောက် အသတ်ခံရပြီးနောက် စခန်းများအတွင်း ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည် ၁၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အရာရှိများက တနင်္ဂနွေနေ့တွင်ပြောသည်။ အခွင့်အရေးဆိုင်ရာအကြံပေး မိုဟစ် အူလာကို ပြီးခဲ့သည့် ၁၀ ရက်ခန့်က ကုတုပလောင်ရှိ