အာရှသတင်း

အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲလုပ်ဖို့ ထိုင်းလူငယ် ၂ သိန်းကျော် လက်မှတ်ရေးထိုး

မဲခေါင် 1 Sep - 2023
မဲခေါင်၊ စက်တင်ဘာ ၁ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ပါတီနဲ့ ခေါင်းဆောင်ကို ပယ်ချခဲ့တာကြောင့် ထိုင်းပြည်သူတွေ ဒေါသထွက်ပေါက်ကွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁

ပြည်သူရွေးကောက်တင်မြှောက်တဲ့ ပါတီနဲ့ ခေါင်းဆောင်ကို ပယ်ချခဲ့တာကြောင့် ထိုင်းပြည်သူတွေ ဒေါသထွက်ပေါက်ကွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားချိန် ၂၀၁၇ ခုနှစ်က လွှတ်တော်ထဲမှာ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၂၅၀ ထားရှိပြီး ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့တာကြောင့် အခြေခံဥပဒေပြင်ဆင်ရေး လူငယ်တွေက ဦးဆောင်ပြီး ထောက်ခံလက်မှတ်တွေ ကောက်ခံခဲ့တာပါ။

ဩဂုတ်လ ၁၃ ရက်နေ့ကတည်း အွန်လိုင်းပေါ်က ထောက်ခံလက်မှတ်ရော၊ ပြင်ပက စာရွက်ပေါ်ရေးထိုးတဲ့ လက်မှတ် ၅၀၀၀၀ ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က အွန်လိုင်းထောက်ခံလက်မှတ်တွေကို အသိအမှတ်မပြုနိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် မဲ ၄၀၀၀၀ ရရင် အကောင်အထည်ဖော်ခွင့်ရမယ့် Campaign အတွက် သမ်မာဆတ်၊ ချူလာလောင်ကွန်း၊ ကာဆတ်ဆက်၊ ရမ်ခမ်းဟန်း၊ မာဟီဒိုး တက္ကသိုလ်ကျောင်းသားတွေ၊ အာရှနည်းပညာတက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး Move Forward ပါတီ ရုံးခန်းတွေ၊ ဘန်ကောက်အနုပညာနဲ့ ယဉ်ကျေးမှုစင်တာ၊ ဥပဒေ စောင့်ကြည့်ရေး NGO အဖွဲ့ iLaw ရုံးတွေမှာ စာရွက်ပေါ် လက်မှတ်ထိုးဆောင်ရွက်ပေးဖို့ စုပေါင်းလှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရ MFP ပါတီကို ဝိုင်းကျဉ်ထုတ်ခဲ့မှုအပေါ် မကျေနပ်တာကြောင့် လက်မှတ်ရောက်ဖို့ ဝေးတဲ့နေရာတွေကို ဒလီဗာရီသမားတွေက အခမဲ့သယ်ဆောင်ပြီး အိမ်တိုင်ရာရောက် ပေးပို့ခဲ့ကြပါတယ်။

အဲ့ဒီလို လက်မှတ်တွေ အိမ်တိုင်ရာရောက် ပို့ပေးခဲ့တဲ့အတွက် ၃ ရက်အတွင်း လက်မှတ်ပေါင်း ၂၁၂၁၃၉ စောင်အထိ ရရှိပြီး လိုအပ်နေတဲ့ အရေအတွက်ထက် ၄ ဆ ကျော်ပိုမိုရရှိခဲ့ပါတယ်။

ဒါကြောင့် ဖွေထိုင်းပါတီ ဦးဆောင်ပြီး စစ်တပ်ပါတီတွေနဲ့ပေါင်းလို့ အစိုးရသစ်ဖွဲ့ပြီးတဲ့ ပထမဆုံး လွှတ်တော်အစည်းအဝေးပွဲမှာ ပြည်သူတွေ တောင်းဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုကို လက်ခံ ဆုံးဖြတ်ပေးရတော့မှာဖြစ်ပါတယ်။

Ref: prachatai
MKF-001

#MeKongNews

#ထိုင်းလူငယ်

#အခြေခံဥပဒေ

#လူထုဆန္ဒခံယူ

#လက်မှတ်

#ဒလီဗာရီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာရှသတင်း

နေအိမ်စီးနင်းခံရတဲ့ ထိုင်းဒုရဲချုပ်က အချက်အလက်တွေ ဖွင့်ချရင် ရဲတစ်ယောက်မှ လွတ်မှာမဟုတ်ဘူးလို့ ပြော

ထိုင်းနိုင်ငံ ဒုရဲချုပ် ၄ ယောက်ထဲက ကနဦး ရဲချုပ်ဖြစ်ဖို့ တစ်ပြေးနေခဲ့တဲ့ ဆူရာချာတီ (ချစ်စနိုးအမည် Big Joke) က
အာရှသတင်း

ထိုင်းဝန်ကြီးချုပ် သူဋ္ဌေးကြီးက လစာနဲ့ထောက်ပံ့ကြေးအားလုံး မယူဘဲ ဖောင်ဒေးရှင်တွေကို လှူဒါန်းမယ်

ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ဆရတ်သာသာဗီဆင်းဟာ နိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာ သူဌေးပြီးဖြစ်ပြီး သူဝန်ကြီးချုပ်အဖြစ်သာမက ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ရရှိမယ့် လစာနဲ့ ထောက်ပံ့ကြေးခံစား ခွင့်အားလုံးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ထိုင်းဒုရဲချုပ်အိမ် ဝင်စီးခံရပေမယ့် အွန်လိုင်းလောင်းကစားမှုမှာ မပါဝင်ကြောင်း ရှင်းလင်း

ထိုင်းနိုင်ငံရဲ့ ဒုရဲချုပ် ၄ ဦးအနက် နာမည်အကြီးဆုံး ဆူရာချာတီဟက်ခ်ပန်း (အများချစ်စနိုးအခေါ် Big Joke) ရဲ့ ဘန်ကောက်နေအိမ်ဝင်းကို စက်တင်ဘာ ၂၅ ရက်နေ့က ဖမ်းဝရမ်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေခံရမှုအတွက် ဒီကနေ့ (စက်တင်ဘာ ၂၆ ရက်)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချလုပ်ငန်းတွေမှာ ပတ်သက်မှုနဲ့ ထိုင်း ဒုရဲချုပ်အပါ ထိပ်တန်းရဲအရာရှိ ၈ ဦး ဖမ်းဆီးစစ်ဆေးခံနေရ

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ဆူရာချာတီ ဟက်ခ်ပန်းရဲ့ သုံးထပ်တိုက်နေအိမ်ကို တာဝန်ရှိရဲအရာရှိတွေဟာ ဒီနေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

စစ်ကောင်စီထံ ဆိုနာစနစ်ရောင်းခဲ့တဲ့ စင်ကာပူနိုင်ငံသား ၂ ယောက်ကို ဒေါ်လာ ၈၀၀၀၀ ဒဏ်ရိုက်

မြန်မာရေတပ်ရဲ့ သုတေသနစင်တာတစ်ခုဆီကို တရားမဝင် ရေအောက် အသံလှိုင်းဖတ်စနစ် (sonar system)ဆိုနာ ရောင်းစားခဲ့တဲ့ စင်ကာပူနိုင်ငံသား နှစ်ဦးကို စက်တင်ဘာ ၁၉ ရက်နေ့က စင်ကာပူတရားရုံးကနေ စုစုပေါင်း ဒေါ်လာ ၈၀၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ထိုင်းအစိုးရက တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသားတွေကို ဗီဇာမလို ၅ လ လည်ပတ်ခွင့်ပြု

ပြည်ပခရီးသွားရာသီရောက်တော့မှာမို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာသာဗီဆင်းက တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသူ၊ နိုင်ငံသားတွေကို ၅ လတာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခွင့်ပြုတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ချင်းရိုင်မှာ မြန်မာဘက်ကူးမယ့် ဆိုင်ကယ် ၄ စီး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်စလုံနိုင်ခရိုင်ခွဲ ပေါင်ဟိုင်း ကမ်းရွာတောစပ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဆိုင်ကယ် ၄ စီးနဲ့ လူ ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး စစ်ဆေးဖို့လုပ်ရာမှာ ဆိုင်ကယ်တွေအားလုံးထားပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း မယ်ဆိုင်သတင်းဌာနက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မိသားစုပိုင် ပုဂ္ဂလိကဆေးရုံပေါ် သက်ဆင်ပြောင်းနေမယ်ဆိုတာ မဟုတ်ကြောင်း ထိုင်းအာဏာပိုင်တွေ ငြင်းချက်ထုတ်

ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရပေမယ့် ကျန်းမာရေးအကြောင်းပြချက်ကြောင့် ဘန်ကောက် ဘူမိဘော ရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးမှာ တင်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ဟာ ပိုပြီးဇိမ်ရှိသလို မိသားစုနဲ့လည်း လွတ်လပ်စွာနေခွင့်ရနိုင်မယ့် မိသားစု ရှယ်ယာအများဆုံးပိုင် ပုဂ္ဂလိကဆေးရုံကြီးကို ပြောင်းတက်မယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ပြောင်းရွှေ့ခွင့်ပေးမှာလည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now