အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

မဲခေါင် 6 Feb - 2023
ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

မဲခေါင်၊​ ဖေဖော်ဝါရီ ၆

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

စီးပွားရေးနဲ့ကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိဖြစ်တဲ့ မာဆာယိုရှီအာရာအီကို အောက်တိုဘာလက သူ့ကိုယ်ရေး အတွင်းရေးမှူးအဖြစ် ကီရှီဒါက ခန့်အပ်ခဲ့တာဖြစ်ပြီး အာရာအီက သောကြာနေ့ သတင်းသမားတွေနဲ့မေးမြန်းမှု မှာ သူတို့နိုင်ငံအတွင်း လိင်တူ လက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင် မမြင်ချင်ကြောင်း၊ ဒီလိုလက်ထပ်ခွင့် ပေးလိုက်ရင် တခြားနိုင်ငံကလိင်တူစုံတွဲများစွာ ဂျပန်မှာ လာပြီး လက်ထပ်ကြမယ်၊ ဒီလိုဆိုသူလည်း ရှက်လွန်း လို့ဒီနိုင်ငံမှာမနေတော့ဘူးလို့ ပြောကြားသွားတာဖြစ်ပါတယ်။

ဒီအကြောင်း ဟိုးလေးတကျော်ဖြစ်လာတဲ့အတွက် ကီရှီဒါက နိုင်ငံရဲ့ လူ့အခွင့်အရေးပေါ်လစီကို ကိုက်ညီမှုမရှိတဲ့ စကားကို နားလည်မှုလွဲအောင် ပြောဆိုခဲ့မှုနဲ့ အာရာအီကို ထုတ်ပယ်ကြောင်း NHK သတင်းမှာ တရားဝင် အသိ ပေးပြောကြားသွားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း ဂျပန်နိုင်ငံကို ရှေးရိုးစွဲ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေကသာ အုပ်ချုပ်ခဲ့ရာမှာ လိင်တူ၊ ဂေး၊ ဒွိလိင်လုံးစိတ်ဝင်စားသူ၊ အင်္ဂါခွဲစိတ်ပြုပြင်ထားသူ စတဲ့ LGBT အသိုင်းအဝိုင်းကို နှိမ့်ကွပ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက ကီရှီဒါ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် လိင်တူသမဂ္ဂဖွဲ့စည်းဖို့ တောင်း ဆိုမှုတွေကို ထောက်ခံကြောင်း စတင်ဖြေလျှော့ပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ဂျပန်ဥပဒေအရ လိင်တူ လက်ထပ်ခွင့်မရှိ သလို ပူးတွဲနေထိုင်ပါကလည်း တစ်ယောက်ပိုင်ဆိုင်မှုကို တစ်ယောက် ဆက်ခံပတ်သက်ခွင့်မရှိ၊ တစ်ယောက်ရဲ့ ရင်သွေးကို တစ်ယောက်က မိဘအရာ ဆက်ခံခွင့်မပြုထားပါဘူး။ 

နိုဝင်ဘာလက တိုကျိုတရားရုံးတစ်ခုကနေ လိင်တူလက်ထပ်ခွင့်ပိတ်ပင်ထားမှုကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပေမယ့် မိသားစုဖွဲ့စည်းပုံနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ ရှုပ်ထွေးမှုတွေကို တရားဝင်အသိအမှတ်မပြုသေးလို့ ဝေဖန်မှုတွေ ရှိနေဆဲပါ။ 

ကီရှီဒါဟာ မေလမှာ ဂျီ – ၇ နိုင်ငံအဖွဲ့ကြီးရဲ့ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေပြီး ဒီအဖွဲ့ဝင် နိုင်ငံအားလုံးဟာ လိင်တူလက်ထပ်ခွင့် သို့မဟုတ် လိင်တူ သမဂ္ဂလူ့အဖွဲ့အစည်းဖွဲ့စည်းခွင့်ပြုထားတဲ့ နိုင်ငံတွေ ဖြစ်နေတဲ့အတွက် အတွင်းရေးမှူးရဲ့ လူ့အခွင့်အရေးမျက်ကွယ်ပြုစကားကြောင့် ရာထူးက ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

MKF – 001

Ref:NHK

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။
အာရှသတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်လုပ်မိုင်း ၂၀၀ ကျော် သိမ်းဆည်းရမိ

မဏိပူရပြည်နယ်၊ မိုရေးမြိုအနီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း ၄၃ ယောက်က နယ်စပ်ဂိတ်တဂိတ်ကို စစ်ဆေးစဉ် လက်လုပ်မိုင်းအလုံး ၂၀၀ ကျော်၊ အလေးချိန်အားဖြင့် ၅၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ မီဇိုရမ်ပြည်နယ်မှကျေးရွာတရွာ၏ အထူးသတင်းပေးပိုမှုကြောင့် သွားရောက်စစါဆေးစဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။
အာရှသတင်း

မြန်မာနိုင်ငံမှမှောင်ခိုသယ်လာသောရွှေချောင်း ၃၅ ချောင်းကို အိန္ဒိယနိုင်ငံတွင် သိမ်းဆည်းရမိ

အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ