အာရှသတင်း

ရှမ်းအရှေ့နှင့် ထိစပ်သည့် ထိုင်း-မြန်မာနယ်စပ်တွင် တပတ်အတွင်း စိတ်ကြွဆေးပြားသိန်း ၇၀ ကျော်ဖမ်းမိ

မဲခေါင် 4 Jan - 2021
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကင်းလှည့်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်တပတ်အတွင်း ယာဘဆေးပြားသိန်း ၇၀ ကျော်ကိုသိမ်းဆည်းရမိသည်ဟု ထိုင်းအစိုးရဘက်ကပြောသည်။ မြန်မာ-ထိုင်းနယ်စပ်ပေါက်များမှတဆင့် မူးယစ်ဆေးကုန်ကူးမှု ဖြစ်နေသေးကြောင်း ထိုင်းစစ်တပ်ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ဆန်သီပေါင် သမ်မပီယက တနင်္ဂနွေနေ့တွင် ပြောသည်။ ပြီးခဲ့သည့် အင်္ဂါနေ့မှစနေနေ့အထိ ဖမောင်အထူးတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမှတ် ၅ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနခွဲတို့ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးတရားမဝင်ကုန်ကူးသူ ၂ ယောက်ကို ဖမ်းဆီးခဲ့သည်။ အင်္ဂါနေ့တွင် ချင်းမိုင်၌ ပစ်ကပ်ကားတစီးမောင်းလာသည့် မူးယစ်ဆေးကုန်ကူးသူကို အရာရှိများကဖမ်းဆီးခဲ့ပြီး သူ့ကားထဲတွင် ယာဘအလုံးသိန်း ၄၀ တွေ့ရသည်။ ထိုဖမ်းဆီးမှုမှ ဆက်စပ်ဖြစ်ရပ်အနေဖြင့် စနေနေ့တွင် နောက်ထပ်မူးယစ်ဆေးကုန်ကူးသည့် လုပ်ငန်းတခုကို ဖမ်ဆီးခဲ့သည်။ ချင်းမိုင်တွင်ပင် နောက်ထပ်ပစ်ကပ်ကားတစီးကို ဖမ်းဆီးခဲ့ပြီး ကားထဲတွင် ယာဘအလုံးသိန်း ၃၀

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကင်းလှည့်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်တပတ်အတွင်း ယာဘဆေးပြားသိန်း ၇၀ ကျော်ကိုသိမ်းဆည်းရမိသည်ဟု ထိုင်းအစိုးရဘက်ကပြောသည်။

မြန်မာ-ထိုင်းနယ်စပ်ပေါက်များမှတဆင့် မူးယစ်ဆေးကုန်ကူးမှု ဖြစ်နေသေးကြောင်း ထိုင်းစစ်တပ်ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ဆန်သီပေါင် သမ်မပီယက တနင်္ဂနွေနေ့တွင် ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့မှစနေနေ့အထိ ဖမောင်အထူးတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမှတ် ၅ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနခွဲတို့ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးတရားမဝင်ကုန်ကူးသူ ၂ ယောက်ကို ဖမ်းဆီးခဲ့သည်။

အင်္ဂါနေ့တွင် ချင်းမိုင်၌ ပစ်ကပ်ကားတစီးမောင်းလာသည့် မူးယစ်ဆေးကုန်ကူးသူကို အရာရှိများကဖမ်းဆီးခဲ့ပြီး သူ့ကားထဲတွင် ယာဘအလုံးသိန်း ၄၀ တွေ့ရသည်။

ထိုဖမ်းဆီးမှုမှ ဆက်စပ်ဖြစ်ရပ်အနေဖြင့် စနေနေ့တွင် နောက်ထပ်မူးယစ်ဆေးကုန်ကူးသည့် လုပ်ငန်းတခုကို ဖမ်ဆီးခဲ့သည်။

ချင်းမိုင်တွင်ပင် နောက်ထပ်ပစ်ကပ်ကားတစီးကို ဖမ်းဆီးခဲ့ပြီး ကားထဲတွင် ယာဘအလုံးသိန်း ၃၀ ထပ်တွေ့ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာရှသတင်း

ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ မျောက်အကောင် ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်း

ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ
ကမ္ဘာ့သတင်း အာရှသတင်း

ဆူနာမီသတိပေးချက် ဂျပန်ရုပ်သိမ်း၊ ငလျင်ကြောင့် သေဆုံးသူ ၄၇ ယောက်အထိ မြင့်တက်လာ

ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မနက်အစောပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း ဟွန်းရှူးကျွန်းမကြီးရဲ့ အဓိကကျွန်းဖြစ်တဲ့ အစ်ရှီကာဝါကျွန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အပြင်းဆုံးငလျင်အဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မြန်မာနိုင်ငံမှာ ပုန်းအောင်းနေတဲ့ တရုတ်နိုင်ငံသား ၁၀ ဦးကို ဆုကြေးနဲ့အတူ တရုတ်က ဖမ်းဝရမ်းထုတ်

မြန်မာနိုင်ငံမှာ ပုန်းအောင်းနေတဲ့ တရုတ်နိုင်ငံသား မူးယစ်ဆေးဝါး တရားခံ ၁၀ ဦးကို ဆုကြေးငွေနဲ့တကွ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ထိုင်းဆုန်ကရန်သင်္ကြန်ပွဲကို ယူနက်စ်ကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်၊ လာမယ့် သင်္ကြန် ၁ လလုံး ကျင်းပမယ်

ယူနက်စ်ကိုက ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်ကို မမြင်နိုင်တဲ့ ရှေးဟောင်းအမွေ အနှစ်အဖြစ် သတ်မှတ်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မြန်မာဘက်မှာ အားလုံးအပစ်အခတ် ရပ်စဲဖို့ တရုတ်တိုက်တွန်း

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ် သတင်းစာ PLA Daily မှာ နိုဝင်ဘာ ၂၆ ရက် တနင်္ဂနွေနေက တရုတ်အစိုးရအာဘော်အဖြစ် မြန်မာနိုင်ငံတစ်ဝန်း ပတ်သက်သူအားလုံး အပစ်အခတ်ရပ်စဲတာကို အလိုရှိကြောင်း တိုက်တွန်းတဲ့ အာဘော်ရေးသားဖော်ပြခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မူဆယ်ကုန်ကားတွေ တိုက်ခိုက်ခံရပြီးနောက် မြန်မာနယ်စပ်မှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုစလုပ်

အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေပါ ကုန်ကား အစီး ၁၂၀ မူဆယ်မှာ မီးလောင်ပျက်ဆီးခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်သည်တွေဟာ မြန်မာနယ်စပ်မှာ နိုဝင်ဘာ ၂၅ ရက်ကစလို့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် အပါအ၀င် လူ ၄ ဦးကို တရုတ်အစိုးရ ဖမ်းဝရမ်းထုတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသက လူ ၄ ဦးကို တရုတ်နိုင်ငံ၊ Zhe Jiang ပြည်နယ်၊ Wen Zhou မြို့နယ် ရဲစခန်းက အွန်လိုင်း ငွေလိမ် လုပ်ငန်းမှာ အရေးပါသူတွေ ဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

သက်ဆင်မိသားစုနဲ့ ဖွေထိုင်းပါတီခေါင်းဆောင်အဖြစ် ပေထောင်တန်ကို ရွေးချယ်တင်မြှောက်

အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ လက်ရှိထိုင်းအာဏာရပါတီ ဖွေထိုင်းဟာ ပါတီခေါင်းဆောင်နေရာအတွက် မဲပေး ရွေးချယ်မှုကို ပြုလုပ်ခဲ့ရာမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးအငယ်ဆုံး အန်အင်း ခေါ် ပေထောင်တန်ကို သာ မဲပေးရွေးချယ်ခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now