အာရှသတင်း

ရိုဟင်ဂျာခေါင်းဆောင်အသတ်ခံရမှုနှင့်ဆက်စပ်၍ လူ ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီ

မဲခေါင် 13 Oct - 2021
ပြီးခဲ့သည့်တပတ်က ရိုဟင်ဂျာအသိုက်အဝန်း၏ ထိပ်တန်းခေါင်းဆောင်တယောက် အသတ်ခံရပြီးနောက် စခန်းများအတွင်း ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည် ၁၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အရာရှိများက တနင်္ဂနွေနေ့တွင်ပြောသည်။ အခွင့်အရေးဆိုင်ရာအကြံပေး မိုဟစ် အူလာကို ပြီးခဲ့သည့် ၁၀ ရက်ခန့်က ကုတုပလောင်ရှိ ရုံးခန်းအပြင်ဘက်တွင် အမည်မသိလုပ်ကြံသူများက သေနတ်ဖြင့်ပစ်ကာလုပ်ကြံခဲ့သည်။ ပစ်ခတ်မှုသည် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့(အာဆာ)၏ လက်ချက်ဟု သူ့မိသားစုနှင့် မိတ်ဖက်အသိုက်အဝန်းခေါင်းဆောင်များက အပြစ်တင်ကြသည်။ အူလာကို လူကြိုက်များနေမှုအပေါ် အာဆာအဖွဲ့က အမျက်ထွက်နေကြသည်။ ပစ်ခတ်မှုနဲ့ပတ်သက်ခြင်းမရှိဟု အာဆာအဖွဲ့က ငြင်းဆိုသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများ၏ကျေးရွာများကို ဖျက်ဆီးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းနီးပါးထွက်ပြေးခဲ့ပြီးနောက်ပိုင်း အသက် ၄၈ နှစ်ရှိပြီဖြစ်သော အူလာသည် မျှတပြီး

ပြီးခဲ့သည့်တပတ်က ရိုဟင်ဂျာအသိုက်အဝန်း၏ ထိပ်တန်းခေါင်းဆောင်တယောက် အသတ်ခံရပြီးနောက် စခန်းများအတွင်း ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည် ၁၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အရာရှိများက တနင်္ဂနွေနေ့တွင်ပြောသည်။

အခွင့်အရေးဆိုင်ရာအကြံပေး မိုဟစ် အူလာကို ပြီးခဲ့သည့် ၁၀ ရက်ခန့်က ကုတုပလောင်ရှိ ရုံးခန်းအပြင်ဘက်တွင် အမည်မသိလုပ်ကြံသူများက သေနတ်ဖြင့်ပစ်ကာလုပ်ကြံခဲ့သည်။

ပစ်ခတ်မှုသည် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့(အာဆာ)၏ လက်ချက်ဟု သူ့မိသားစုနှင့် မိတ်ဖက်အသိုက်အဝန်းခေါင်းဆောင်များက အပြစ်တင်ကြသည်။

အူလာကို လူကြိုက်များနေမှုအပေါ် အာဆာအဖွဲ့က အမျက်ထွက်နေကြသည်။

ပစ်ခတ်မှုနဲ့ပတ်သက်ခြင်းမရှိဟု အာဆာအဖွဲ့က ငြင်းဆိုသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများ၏ကျေးရွာများကို ဖျက်ဆီးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းနီးပါးထွက်ပြေးခဲ့ပြီးနောက်ပိုင်း အသက် ၄၈ နှစ်ရှိပြီဖြစ်သော အူလာသည် မျှတပြီး လေးစားခံရမှုအရှိဆုံး အခွင့်အရေးဆိုင်ရာဝေဖန်သူတယောက် ဖြစ်လာသည်။

“ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ မိုဟစ် အူလာ အသတ်ခံရတာနဲ့ပတ်သက်ပြီး အထူးအားထုတ်ကြိုးပမ်းခဲ့တဲ့အနေနဲ့ လူ ၁၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်”ဟု စီးနင်းမှုများ၏တာဝန်ခံ ရဲအရာရှိ နိမ်မူ ဟက်ကပြောသော်လည်း ထို ၁၆ ယောက်သည် လူသတ်မှုတွင် ပါဝင်ခြင်းမရှိဘဲ အာဆာသည်လည်း ဒုက္ခသည်စခန်းများတွင် လှုပ်ရှားခြင်းမရှိကြောင်း ဖြည့်စွက်သည်။

ဒုက္ခသည်စခန်းများတွင် စစ်သွေးကြွအနွယ်များ လှုပ်ရှားနေသည်ဟု ရိုဟင်ဂျာအသိုက်အဝန်းခေါင်းဆောင်များနှင့် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများကပြောပြီး အူလာ၏မိသားစုကလည်း အိမ်အပြင်ထွက်ရန်ပင် ထိတ်လန့်နေကြောင်း ပြီးခဲ့သည့်တပတ်တွင် AFP သတင်းအေဂျင်စီကိုပြောသည်။

“အာဆာစစ်သွေးကြွတွေက ကျွန်တော့်ဆွေမျိုးတယောက်နဲ့ ကျွန်တော်တို့အဖွဲ့ဝင်တယောက်ရဲ့သားကို ပြန်ပေးဆွဲဖို့လုပ်သေးတယ်။ အခုတော့ ကျွန်တော်တို့အားလုံး ကိုယ့်အသက်အတွက် လန့်နေကြပြီ။ ကျွန်တော့်ကိုလည်း သူတို့ သတ်ချင်နေတာ” ဟု နောက်ထပ် ရိုဟင်ဂျာအသိုက်အဝန်း ခေါင်းဆောင်တယောက်က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

အိန္ဒိယလွှတ်တော်အမတ်ဟောင်း ရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လူပုံလယ်ပစ်သတ်ခံရ

ဧပြီ ၁၅ ရက်နေ့က ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ကြိုးစားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယလွှတ်တော်အမတ်ဟောင်းနဲ့ ညီဖြစ်သူတို့ကို ရဲတပ်ဖွဲ့ခြံရံထားတဲ့ကြား၊ မီဒီယာတွေရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လုပ်ကြံသူတွေက
အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ်
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။