အာရှသတင်း

မြန်မာနိုင်ငံမှမှောင်ခိုသယ်လာသောရွှေချောင်း ၃၅ ချောင်းကို အိန္ဒိယနိုင်ငံတွင် သိမ်းဆည်းရမိ

မဲခေါင် 13 Oct - 2021
အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ၊ မူဇာဖာပူရ်ခရိုင်ဘက်သို့ သယ်လာချိန်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ရွှေချောင်းအလေးချိန်မှာ ၅ ဒဿမ ၈၅ ကီလိုဂရမ်ရှိသည်။ တနင်္ဂနွေနေ့မနက်ပိုင်းတွင် ကြားဖြတ်စစ်ဆေးခဲ့ပြီး နာရီအတော်ကြာကြာတွင်မှ DRI ကထုတ်ပြန်ခြင်းဖြစ်သည်။ ထိုရွှေချောင်းများမှာ ၂၄ ကာရတ်ရွှေချောင်းအစစ်များဖြစ်ပြီး ကားအင်ဂျင်အောက်မှဘက်ထရီများထဲတွင် တွေ့ရှိခြင်းဖြစ်သည်။ ထိုရွှေများသည် မြန်မာနိုင်ငံမှလာခြင်းဖြစ်နိုင်ပြီး မြန်မာရွှေဈေးကွက်တွင်အသုံးပြုသည့်တံဆိပ်များတွေ့ရကြောင်း သတင်းရင်းမြစ်တယောက်ကပြောသည်။ ဖမ်းဆီးခံလူ ၃ ယောက်၏ လုံခြုံရေးအတွက် ထိုသူများ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ထိုသူများသည်

အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ၊ မူဇာဖာပူရ်ခရိုင်ဘက်သို့ သယ်လာချိန်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ရွှေချောင်းအလေးချိန်မှာ ၅ ဒဿမ ၈၅ ကီလိုဂရမ်ရှိသည်။

တနင်္ဂနွေနေ့မနက်ပိုင်းတွင် ကြားဖြတ်စစ်ဆေးခဲ့ပြီး နာရီအတော်ကြာကြာတွင်မှ DRI ကထုတ်ပြန်ခြင်းဖြစ်သည်။

ထိုရွှေချောင်းများမှာ ၂၄ ကာရတ်ရွှေချောင်းအစစ်များဖြစ်ပြီး ကားအင်ဂျင်အောက်မှဘက်ထရီများထဲတွင် တွေ့ရှိခြင်းဖြစ်သည်။

ထိုရွှေများသည် မြန်မာနိုင်ငံမှလာခြင်းဖြစ်နိုင်ပြီး မြန်မာရွှေဈေးကွက်တွင်အသုံးပြုသည့်တံဆိပ်များတွေ့ရကြောင်း သတင်းရင်းမြစ်တယောက်ကပြောသည်။

ဖမ်းဆီးခံလူ ၃ ယောက်၏ လုံခြုံရေးအတွက် ထိုသူများ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ထိုသူများသည် ယခင်ကလည်း အိန္ဒိယဘက်သို့ ရွှေချောင်းများတရားမဝင်သယ်ယူခဲ့သည့်မှတ်တမ်းရှိကြောင်းလည်း ထိုသတင်းရင်းမြစ်က အသိပေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင်
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။
အာရှသတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်လုပ်မိုင်း ၂၀၀ ကျော် သိမ်းဆည်းရမိ

မဏိပူရပြည်နယ်၊ မိုရေးမြိုအနီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း ၄၃ ယောက်က နယ်စပ်ဂိတ်တဂိတ်ကို စစ်ဆေးစဉ် လက်လုပ်မိုင်းအလုံး ၂၀၀ ကျော်၊ အလေးချိန်အားဖြင့် ၅၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ မီဇိုရမ်ပြည်နယ်မှကျေးရွာတရွာ၏ အထူးသတင်းပေးပိုမှုကြောင့် သွားရောက်စစါဆေးစဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။
အာရှသတင်း

ရိုဟင်ဂျာခေါင်းဆောင်အသတ်ခံရမှုနှင့်ဆက်စပ်၍ လူ ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီ

ပြီးခဲ့သည့်တပတ်က ရိုဟင်ဂျာအသိုက်အဝန်း၏ ထိပ်တန်းခေါင်းဆောင်တယောက် အသတ်ခံရပြီးနောက် စခန်းများအတွင်း ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည် ၁၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အရာရှိများက တနင်္ဂနွေနေ့တွင်ပြောသည်။ အခွင့်အရေးဆိုင်ရာအကြံပေး မိုဟစ် အူလာကို ပြီးခဲ့သည့် ၁၀ ရက်ခန့်က ကုတုပလောင်ရှိ
အာရှသတင်း

တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များ နယ်စပ်တွင်ထိတွေ့မှုများဖြစ်ပေါ်နေ

နယ်စပ်အငြင်းပွားဒေသတွင် အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့များ ထပ်မံထိတွေ့မှုများဖြစ်ပွားနေပြီး နှစ်ဖက်စလုံးတွင် အထိအခိုက်များရှိနေကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။ ပြီးခဲ့သည့် ၃ ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အငြင်းပွားနယ်မြေနောက်တခုတွင် လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြားတင်းမာမှုများမြင့်တက်နေသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်တွင်
အာရှသတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးစည်းကမ်းများချိုးဖောက်ပြီး အုပ်စုဖွဲ့လောင်းကစားလုပ်သည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲဖမ်းဆီး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူစုလူဝေးပြုလုပ်ခွင့်ပိတ်ပင်ထားသည့် ဒေသန္တရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၁၂ ယောက်ကိုဖမ်းဆီးခဲ့ကြောင်း ဆာမွန်ပရာခန်းခရိုင်ရှိ ဘန်ဖီရဲစခန်းက တနင်္ဂနွေနေ့ညတွင် ပြောသည်။ ည ၁၁ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ဘန်ဖီရဲစခန်းတို့၏ ပူးပေါင်းလှည့်ကင်းက တိုက်ခန်းတွဲတခုမှ တိုက်တတိုက်ကို သတင်းအရရှာဖွေခဲ့သည်။
အာရှသတင်း

တရားမဝင်လူကုန်ကူးမှုများတွင် ကူညီခြင်းအပါအဝင် ပြစ်မှုများဖြင့် ထိုင်းရဲအရာရှိနှင့် အစိုးရအရာရှိဒါဇင်ချီကို စုံစမ်းစစ်ဆေးနေ

ရဲအရာရှိနှင့်အစိုးရအရာရှိ ၃၃ ယောက်ကို ဝတ္တရားပျက်ကွက်မှုနှင့် တရားမဝင်လုပ်သားမှောင်ခိုကူးရာတွင်ပါဝင်ကူညီမှုတို့ဖြင့် စုံစမ်းစစ်ဆေးမည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောသည်။ ကန်ချာနာဘူရီခရိုင်၊ ဆောင်ခလာဘူရီမြို့ရှိ ထိုင်း-မြန်မာနယ်စပ်မှတဆင့် ရွှေ့ပြောင်းလုပ်သားများကိုတရားမဝင်ကုန်ကူးရာတွင် အရာရှိ ၃၃ ယောက်ပါဝင်သည်ဟု အစောပိုင်းစုံစမ်းစစ်ဆေးဖော်ထုတ်မှုတွင်သိရသည်ဟု ဒုတိယအမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရောင်ဆက် ကစ်တီပရာပတ်စ်က