အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

မဲခေါင် 5 Mar - 2023
တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၅

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။

နောက် ၈ ရက်အတွင်း တရုတ်အမျိုးသားပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးအစီးကျင်းပပြီးခဲ့ရင် တရုတ် အစိုးရဟာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုအနေအထားအရ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို အတည်ပြုထုတ်ပြန်တော့မှာဖြစ်ပါတယ်။ 

လက်ရှိ ကိုဗစ်ကပ်ဆိုး ၃ နှစ် လွန်မြောက်ချိန် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၅ ရာခိုင်နှုန်းအထိ ပြန်လည်မြင့် တက်လာစေမှာ သေချာနေတဲ့အတွက် ၂၀၂၃ ကာကွယ်ရေးအသုံးစရိတ်ကို မနှစ်ကထက် ၇ ဒဿမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီး ဒေါ်လာ ၂၂၄  ဘီလီယံအထိ အသုံးပြုသွားဖို့ လျာထားလိုက်တာ ဖြစ်ပါတယ်။ 

ပထဝီနိုင်ငံရေးအခြေအနေတင်းမာမှုတွေ ပိုမြင့်တက်လာမှုအရ စစ်ရေးအသုံးစရိတ်ကို မနှစ်က ၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရာကနေ ဒီနှစ်အတွက် ၇ ဒဿမ ၂ ရာခိုင်နှုန်းထပ်တိုးကြောင်း မတ် ၅ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြပါရှိခဲ့ ပါတယ်။ 

တရုတ်ဟာ လက်ရှိမှာ ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားကို စစ်ရေးထောက်ပံ့မှုတွေ လုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲထားသလို သတိလည်းပေးထားတဲ့အနေအထားမှာ ထိုင်ဝမ်နဲ့ စစ်ရေးတင်းမာမှု၊ အာရှ-ပစ္စိဖိတ်ဒေသတွင်း စစ်ရေးမဟာဗျူဟာပိုင်းမှာ အမေရိကန်နဲ့ အနောက်အင်အားစုတွေနဲ့ အားပြိုင်နေရမှုတွေ ကြောင့် ၂၀၁၅ ခုနှစ်က စစ်ရေးအသုံးစားရိတ်ထက် ၂ ဆ ပိုများတဲ့ ဒေါ်လာ ၂၂၄ ဘီလီယံသုံးဖို့ ကွန်မြူနစ်ပါတီက ဦးဆောင် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

MKF – 001

#MeKongNews 

Ref: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။
အာရှသတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်လုပ်မိုင်း ၂၀၀ ကျော် သိမ်းဆည်းရမိ

မဏိပူရပြည်နယ်၊ မိုရေးမြိုအနီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း ၄၃ ယောက်က နယ်စပ်ဂိတ်တဂိတ်ကို စစ်ဆေးစဉ် လက်လုပ်မိုင်းအလုံး ၂၀၀ ကျော်၊ အလေးချိန်အားဖြင့် ၅၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ မီဇိုရမ်ပြည်နယ်မှကျေးရွာတရွာ၏ အထူးသတင်းပေးပိုမှုကြောင့် သွားရောက်စစါဆေးစဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။
အာရှသတင်း

မြန်မာနိုင်ငံမှမှောင်ခိုသယ်လာသောရွှေချောင်း ၃၅ ချောင်းကို အိန္ဒိယနိုင်ငံတွင် သိမ်းဆည်းရမိ

အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ
အာရှသတင်း

ရိုဟင်ဂျာခေါင်းဆောင်အသတ်ခံရမှုနှင့်ဆက်စပ်၍ လူ ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီ

ပြီးခဲ့သည့်တပတ်က ရိုဟင်ဂျာအသိုက်အဝန်း၏ ထိပ်တန်းခေါင်းဆောင်တယောက် အသတ်ခံရပြီးနောက် စခန်းများအတွင်း ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည် ၁၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အရာရှိများက တနင်္ဂနွေနေ့တွင်ပြောသည်။ အခွင့်အရေးဆိုင်ရာအကြံပေး မိုဟစ် အူလာကို ပြီးခဲ့သည့် ၁၀ ရက်ခန့်က ကုတုပလောင်ရှိ