အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင် 18 Mar - 2023
မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ် ယူပါကစ်က သူနဲ့ဒီအမှုလုံး၀မပတ်သက်ကြောင်း မတ် ၁၇ ရက်နေ့မှာ မီဒီယာတွေဖိတ်ကြားပြီး ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၈

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ် ယူပါကစ်က သူနဲ့ဒီအမှုလုံး၀မပတ်သက်ကြောင်း မတ် ၁၇ ရက်နေ့မှာ မီဒီယာတွေဖိတ်ကြားပြီး ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ယူပါကစ်က တာချီလိတ်မှာ ထွန်းမင်းလတ်နဲ့အတူတူဟိုတယ်ဖွင့်ဖူးလို့ ရင်းနှီးတာမှန်ပေမယ့် မူးယစ်ဆေးဝါးကရတဲ့ ငွေကြေးခဝါချမှုမှာ သူလုံးဝမပတ်သက်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“ကျွန်တော်သာ ဩဇာရှိရင် သားမက်ဖြစ်သူ ထောင်ထဲမှာ ၇ လအထိ ရှိနေမလားဗျာ။ အိမ်မှာ သူ့ကလေးတွေနဲ့ ဇနီးသည်က နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတယ်။ တာချီလိတ်မှာ ဟိုတယ်ဖွင့်ဖူးပြီး ထွန်းမင်းလတ်နဲ့ ရင်းနှီးတာမှန်ပေမယ့် ဒီလို မူးယစ်ဆေးဝါးကရတဲ့ငွေတွေနဲ့ ခဝါချမှုမှာ ကျွန်တော်လုံး၀ မပတ်သက်ခဲ့ရပါဘူး” လို့ သူက ဆိုပါတယ်။

တာချီလိတ်ဘက်က ထွန်းမင်းလတ်ဝယ်ယူတဲ့ လျှပ်စစ်မီးအတွက် ပေးချေတဲ့ငွေတွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းက ရတဲ့ငွေတွေကို ခဝါချပြီးပေးတာဖြစ်ကြောင်း၊ ဒီငွေပေးချေမှုကို ထွန်းမင်းလတ်နဲ့ ဟိုးအရင်ကတည်းက ရင်းနှီး တဲ့ ယူပါကစ်နဲ့ သားမက်ဖြစ်သူတို့ ဦးဆောင်တဲ့ Allure Group ကုမ္ပဏီက စီစဉ်ပေးခဲ့တာဖြစ်ကြောင်းကို စာရင်းဇယားစာရွက် စာတမ်းတွေနဲ့တကွ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ရန်ဆီမန်က လွှတ်တော်ဆွေးနွေးမှုမှာ တင်ပြခဲ့လို့ ထိုင်းမီဒီယာတွေကြားမှာ ယူပါကစ်ဟာ တရားခံအဖြစ် ယူဆနေကြတာဖြစ်ပါတယ်။

ယူပါကစ်က သူဟာ လွှတ်တော်အမတ်ဖြစ်လာတဲ့ ၂၀၁၉ ခုနှစ်ကတည်းက သူ့ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ဘတ် ၁ ဒဿမ ၆ ဘီလီယံကို ချပြပေးခဲ့ပြီးသားဖြစ်သလို ဒီလိုပိုင်ဆိုင်မှုတွေရှိနေတဲ့သူဟာ ဘာလို့မူးယစ်ဆေးနဲ့ စီးပွားရှာစရာလိုလည်းဆိုပြီး သတင်းထောက်တွေကို ပြောဆိုပါတယ်။

“အတိုက်အခံ ပါတီကလူတွေ နိုင်ငံရေးအမြတ်ထုတ်ပြီး သက်သေတုတွေနဲ့ နာမည်ဖျက်တာပါ။ ခုလို နောက်ကျမှရှင်းလင်းရတာ က အမှုကိစ္စပိုပြီး ရှုပ်ထွေးသွားမှာစိုးလို့ပါ” လို့ သူ အခုမှထပြီး သတင်းစာရှင်းလင်းရတဲ့အကြောင်းကို ပြောပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကိုယ်တိုင် ၂၀၁၉ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ခေါ်သွင်းခဲ့တဲ့ ယူပါကစ် (၆၁ နှစ်) ကို မနှစ်က စက်တင်ဘာ ၁၇ ရက်နေ့က ထွန်းမင်းလတ်နဲ့ ယူပါကစ်သားမက်ဖြစ်သူတို့ကို ဘန်ကောက်မှာ ဖမ်းတော့ မနက်ပိုင်းဖမ်း၀ရမ်းမှာ ထည့်သွင်းထားပြီး နာရီပိုင်းအတွင်း ၀ရမ်းပြန်ပယ်ဖျက်လိုက်မှုအတွက် နောက်ကွယ်မှာ ထိပ်တန်းရဲအရာရှိတွေကို ဩဇာပေးခိုင်းစေတာလို့လည်း အတိုက်အခံပါတီက ရန်ဆီမန်က စွပ်စွဲခဲ့ပါတယ်။

လက်ရှိ ထိုင်းရဲချုပ်ကစ်တီပရာပက်က ဒီ၀ရမ်းရုပ်သိမ်းမှုကိုပါ စစ်ဆေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တာဝန်ပေးခဲ့ပါတယ်။

ဒီအမှုကို ဦးဆောင် ကိုင်တွယ်ခဲ့တဲ့ ရဲမှူးကိုလည်း တာဝန်ထမ်းနေရာ ပြောင်းရွှေ့လိုက်ခြင်းနောက်ကွယ်မှာ အရင် ရဲချုပ်ဟောင်း ဆူဝပ်ဂျန်ယော့ဆက်ခ်က ယူပါကစ်ဘက်ကနေ လော်ဘီလုပ်စီစဉ်ခဲ့တာဖြစ်တယ်လို့ ရန်ဆီမန်က ထပ်ပြီးစွပ်စွဲခဲ့တာကိုလည်း ယူပါကစ်နဲ့ ဂျန်ယော့ဆက်ခ်တို့ ၂ယောက်စလုံးက ငြင်းဆိုခဲ့ပါတယ်။

ရက်ချာဒါဖီဆက် ရာဇဝတ်ရုံးမှာ စွဲချက်တင်ထားတဲ့ ဒီအမှုနဲ့ပတ်သက်လို့ ထွန်းမင်းလတ်ဘက်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုထားပြီး အခုအထိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတုန်းဖြစ်ပါတယ်။

သူ့အပေါ် မဟုတ်မမှန်သက်သေတုတွေဖန်တီးပြီး တရားခံဖြစ်အောင် လုပ်တဲ့ ရှေ့သို့ပါတီ လွှတ်တော်အမတ်ရန်ဆီမန်ကို ယူပါကစ်က အသရေဖျက်မှုနဲ့ နစ်နာကြေး ဘတ် သန်း ၁၀၀ ပြန်ပေးဖို့ တရားစွဲ ထားပြီး ရှေ့သို့ပါတီနဲ့ရင်းနှီးတဲ့ ရဲမှူးကြီးမာနာဖောင်ဝေါင်ဖီဝပ်က လူမှုကွန်ရက်တွေပေါ် ပေါက်ကြားတဲ့ စာရွက် စာတမ်းတွေကို ရှေ့သို့ပါတီထံ ပေးခဲ့လို့ ဝေါင်ဖီဝပ်ကိုပါ ထည့်သွင်းတရားစွဲထားပါတယ်။

မတ် ၁၇ ရက်ရှင်းလင်းပွဲမှာ ယူပါကစ်က “ရန်ဆီမန်ကို တရားစွဲပြီး အမှုနိုင်ခဲ့ရင် ရမယ့်ငွေအားလုံးကိုလည်း လှူဒါန်းပစ်မှာပါ။ ဂုဏ်သိက္ခာပြန်ဆယ်ဖို့အတွက်ပဲ ရည်ရွယ်ပြီး တရားပြန်စွဲတာပါ။ ကျွန်တော်တို့ မိသားစု ဘယ်တုန်း ကမှ မူးယစ်ဆေးအမှုနဲ့ပတ်သက်ခဲ့တာမရှိဘူး။ ဒီလိုစွပ်စွဲခံရမယ်လို့လည်း ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ မှားယွင်းတဲ့စွပ်စွဲချက်တွေလုပ်တဲ့သူတွေနဲ့သူတို့မိသားစုတွေ ပျက်စီးခြင်းကျရောက်ပါစေလို့ ကျိန်စာတိုက်ပါတယ်” လို့ မျက်ရည်နဲ့မျက်ခွက် ရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

MKF – 001
Ref:Bangkokpost

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။
အာရှသတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်လုပ်မိုင်း ၂၀၀ ကျော် သိမ်းဆည်းရမိ

မဏိပူရပြည်နယ်၊ မိုရေးမြိုအနီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း ၄၃ ယောက်က နယ်စပ်ဂိတ်တဂိတ်ကို စစ်ဆေးစဉ် လက်လုပ်မိုင်းအလုံး ၂၀၀ ကျော်၊ အလေးချိန်အားဖြင့် ၅၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိသည်။ မီဇိုရမ်ပြည်နယ်မှကျေးရွာတရွာ၏ အထူးသတင်းပေးပိုမှုကြောင့် သွားရောက်စစါဆေးစဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။
အာရှသတင်း

မြန်မာနိုင်ငံမှမှောင်ခိုသယ်လာသောရွှေချောင်း ၃၅ ချောင်းကို အိန္ဒိယနိုင်ငံတွင် သိမ်းဆည်းရမိ

အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ