အာရှသတင်း

တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များ နယ်စပ်တွင်ထိတွေ့မှုများဖြစ်ပေါ်နေ

မဲခေါင် 25 Jan - 2021
နယ်စပ်အငြင်းပွားဒေသတွင် အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့များ ထပ်မံထိတွေ့မှုများဖြစ်ပွားနေပြီး နှစ်ဖက်စလုံးတွင် အထိအခိုက်များရှိနေကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။ ပြီးခဲ့သည့် ၃ ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အငြင်းပွားနယ်မြေနောက်တခုတွင် လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြားတင်းမာမှုများမြင့်တက်နေသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်တွင် လာဒါ့ဒေသရှိ ဂယ်လွမ်တောင်ကြား၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ အိန္ဒိယတပ်ဖွဲ့ဝင်အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့ပြီး တရုတ်နိုင်ငံက ထိခိုက်သေဆုံးမှုများအပေါ် တစုံတရာမှတ်ချက်ပြုခြင်းမရှိချေ။ ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ဆစ်ကင်ရှိ နာကူလာဖြတ်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပြည်နယ်သည် ဘူတန်နှင့်နီပေါနိုင်ငံတို့ကြားတွင် ညပ်နေသည့်နိုင်ငံဖြစ်သည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့တွင် ကမ္ဘာ့အရှည်ဆုံးနယ်စပ်ရှိပြီး တစ်ဖက်မှနယ်မြေအများအပြားကို ပိုင်ဆိုင်သည်ဟု အခြားတဖက်က ပြောလေ့ရှိသည်။ မြစ်များ၊ ကန်များနှင့် နှင်းတောင်များအပါအဝင် နယ်နိမိတ်ပြတ်ပြတ်သားသားသတ်မှတ်ထားနိုင်ခြင်းမရှိသည့် မိုင် ၂၁၀၀ ကျော်ရှည်သောနယ်စပ်သည်

နယ်စပ်အငြင်းပွားဒေသတွင် အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့များ ထပ်မံထိတွေ့မှုများဖြစ်ပွားနေပြီး နှစ်ဖက်စလုံးတွင် အထိအခိုက်များရှိနေကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။

ပြီးခဲ့သည့် ၃ ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အငြင်းပွားနယ်မြေနောက်တခုတွင် လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြားတင်းမာမှုများမြင့်တက်နေသည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်တွင် လာဒါ့ဒေသရှိ ဂယ်လွမ်တောင်ကြား၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ အိန္ဒိယတပ်ဖွဲ့ဝင်အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့ပြီး တရုတ်နိုင်ငံက ထိခိုက်သေဆုံးမှုများအပေါ် တစုံတရာမှတ်ချက်ပြုခြင်းမရှိချေ။

ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ဆစ်ကင်ရှိ နာကူလာဖြတ်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပြည်နယ်သည် ဘူတန်နှင့်နီပေါနိုင်ငံတို့ကြားတွင် ညပ်နေသည့်နိုင်ငံဖြစ်သည်။

အိန္ဒိယနှင့်တရုတ်နိုင်ငံတို့တွင် ကမ္ဘာ့အရှည်ဆုံးနယ်စပ်ရှိပြီး တစ်ဖက်မှနယ်မြေအများအပြားကို ပိုင်ဆိုင်သည်ဟု အခြားတဖက်က ပြောလေ့ရှိသည်။

မြစ်များ၊ ကန်များနှင့် နှင်းတောင်များအပါအဝင် နယ်နိမိတ်ပြတ်ပြတ်သားသားသတ်မှတ်ထားနိုင်ခြင်းမရှိသည့် မိုင် ၂၁၀၀ ကျော်ရှည်သောနယ်စပ်သည် ရွှေ့လျားနေနိုင်ပြီး နေရာအများအပြားတွင် စစ်သားများထိတွေ့မှုဖြစ်ပွားလေ့ရှိသည်။

၁၉၆၂ ခုနှစ်တွင် တရုတ်-အိန္ဒိယစစ်ပွဲတကြိမ်သာဖြစ်ပွားဖူးပြီး အိန္ဒိယနိုင်ငံအကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

အိန္ဒိယလွှတ်တော်အမတ်ဟောင်း ရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လူပုံလယ်ပစ်သတ်ခံရ

ဧပြီ ၁၅ ရက်နေ့က ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ကြိုးစားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယလွှတ်တော်အမတ်ဟောင်းနဲ့ ညီဖြစ်သူတို့ကို ရဲတပ်ဖွဲ့ခြံရံထားတဲ့ကြား၊ မီဒီယာတွေရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လုပ်ကြံသူတွေက
အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ်
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။