အာရှသတင်း

တရားမဝင်လူကုန်ကူးမှုများတွင် ကူညီခြင်းအပါအဝင် ပြစ်မှုများဖြင့် ထိုင်းရဲအရာရှိနှင့် အစိုးရအရာရှိဒါဇင်ချီကို စုံစမ်းစစ်ဆေးနေ

မဲခေါင် 16 Jan - 2021
ရဲအရာရှိနှင့်အစိုးရအရာရှိ ၃၃ ယောက်ကို ဝတ္တရားပျက်ကွက်မှုနှင့် တရားမဝင်လုပ်သားမှောင်ခိုကူးရာတွင်ပါဝင်ကူညီမှုတို့ဖြင့် စုံစမ်းစစ်ဆေးမည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောသည်။ ကန်ချာနာဘူရီခရိုင်၊ ဆောင်ခလာဘူရီမြို့ရှိ ထိုင်း-မြန်မာနယ်စပ်မှတဆင့် ရွှေ့ပြောင်းလုပ်သားများကိုတရားမဝင်ကုန်ကူးရာတွင် အရာရှိ ၃၃ ယောက်ပါဝင်သည်ဟု အစောပိုင်းစုံစမ်းစစ်ဆေးဖော်ထုတ်မှုတွင်သိရသည်ဟု ဒုတိယအမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရောင်ဆက် ကစ်တီပရာပတ်စ်က ကြာသပတေးနေ့တွင်ပြောသည်။ ထိုလူများထဲတွင် ပြန်တမ်းမဝင်သေးသည့်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်တမ်းဝင်ရဲတပ်ဖွဲ့ဝင်များမှ ဒုတိယတပ်မှူးကြီးအဆင့်အထိ အယောက် ၂၀ ပါဝင်ပြီး ကျန်သူများသည် အစိုးရအေဂျင်စီများမှဖြစ်ကြောင်းလည်း သူကပြောသည်။ အချို့က လူကုန်ကူးခြင်းကို မသိကျွိုးကျွံပြုထားပြီး အချို့က ထိုမှုခင်းများတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်သည်ဟုလည်း အသိပေးသည်။ ထို ၃၃ ယောက်ကို မှုခင်းစစ်ဆေးနိုင်ရန်နှင့် စည်းကမ်းချိုးဖောက်မှုဆိုင်ရာ အရေးယူမှုများလုပ်နိုင်ရန် စုံစမ်းရေးအဖွဲ့ဖွဲ့စည်းရေးအတွက် လာမည့်တနင်္လာနေ့တွင် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူဝက် ဂျန်ယော့ဆွတ်ထံ

ရဲအရာရှိနှင့်အစိုးရအရာရှိ ၃၃ ယောက်ကို ဝတ္တရားပျက်ကွက်မှုနှင့် တရားမဝင်လုပ်သားမှောင်ခိုကူးရာတွင်ပါဝင်ကူညီမှုတို့ဖြင့် စုံစမ်းစစ်ဆေးမည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောသည်။

ကန်ချာနာဘူရီခရိုင်၊ ဆောင်ခလာဘူရီမြို့ရှိ ထိုင်း-မြန်မာနယ်စပ်မှတဆင့် ရွှေ့ပြောင်းလုပ်သားများကိုတရားမဝင်ကုန်ကူးရာတွင် အရာရှိ ၃၃ ယောက်ပါဝင်သည်ဟု အစောပိုင်းစုံစမ်းစစ်ဆေးဖော်ထုတ်မှုတွင်သိရသည်ဟု ဒုတိယအမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရောင်ဆက် ကစ်တီပရာပတ်စ်က ကြာသပတေးနေ့တွင်ပြောသည်။

ထိုလူများထဲတွင် ပြန်တမ်းမဝင်သေးသည့်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်တမ်းဝင်ရဲတပ်ဖွဲ့ဝင်များမှ ဒုတိယတပ်မှူးကြီးအဆင့်အထိ အယောက် ၂၀ ပါဝင်ပြီး ကျန်သူများသည် အစိုးရအေဂျင်စီများမှဖြစ်ကြောင်းလည်း သူကပြောသည်။

အချို့က လူကုန်ကူးခြင်းကို မသိကျွိုးကျွံပြုထားပြီး အချို့က ထိုမှုခင်းများတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်သည်ဟုလည်း အသိပေးသည်။

ထို ၃၃ ယောက်ကို မှုခင်းစစ်ဆေးနိုင်ရန်နှင့် စည်းကမ်းချိုးဖောက်မှုဆိုင်ရာ အရေးယူမှုများလုပ်နိုင်ရန် စုံစမ်းရေးအဖွဲ့ဖွဲ့စည်းရေးအတွက် လာမည့်တနင်္လာနေ့တွင် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူဝက် ဂျန်ယော့ဆွတ်ထံ တနင်္လာနေ့တွင်တင်ပြမည်ဟုလည်း ပြောသည်။

လာမည့်တပတ်တွင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်းခိုးသွင်းပြီး ဆာမွတ်ဆာခွန်ခရိုင်သို့ပို့ဆောင်ခဲ့သည့်ဂိုဏ်းတဂိုဏ်း၏ အဖွဲ့ဝင် ထိုင်းနိုင်ငံသား ၈ ယောက်ကိုဖမ်းဆီးရေး ထိုင်းရဲတပ်ဖွဲ့က ဝရမ်းထုတ်မည်ဟုလည်း အသိပေးသည်။

ထိုင်းနိုင်ငံမှ တရားမဝင်နိုင်ငံခြားလုပ်သားများကို မှတ်ပုံတင်ရေး ပြင်ဆင်ရန် နယ်စပ်လုံခြုံရေးလှည့်ကင်းများလည်း အဆင့်မြှင့်တင်သွားမည်ဟု ပြောသည်။

ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် စတင်မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စစ်ဆေးခံရေးအားပေးရန်အတွက် တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံတွင် ၂ နှစ်နေထိုင်ခွင့်ပြုရန် ဇန်နဝါရီ ၂၉ ရက်တွင် ထိုင်းအစိုးရအဖွဲ့ကအတည်ပြုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

အိန္ဒိယလွှတ်တော်အမတ်ဟောင်း ရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လူပုံလယ်ပစ်သတ်ခံရ

ဧပြီ ၁၅ ရက်နေ့က ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ကြိုးစားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယလွှတ်တော်အမတ်ဟောင်းနဲ့ ညီဖြစ်သူတို့ကို ရဲတပ်ဖွဲ့ခြံရံထားတဲ့ကြား၊ မီဒီယာတွေရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လုပ်ကြံသူတွေက
အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ်
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။