မဲခေါင်၊ စက်တင်ဘာ ၈
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်စလုံနိုင်ခရိုင်ခွဲ ပေါင်ဟိုင်း ကမ်းရွာတောစပ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဆိုင်ကယ် ၄ စီးနဲ့ လူ ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး စစ်ဆေးဖို့လုပ်ရာမှာ ဆိုင်ကယ်တွေအားလုံးထားပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း မယ်ဆိုင်သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်၊ အထူးစစ်ဆေးရေးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ လူ ၄ ယောက်နဲ့ ဆိုင်ကယ် ၄ စီးကို တွေ့လို့ စစ်ဆေးဖို့ လုပ်ရာမှာ မောင်းနှင်လာသူ ၄ ယောက်စလုံး ထွက်ပြေးသွားလို့ Honda အမျိုးအစား PCX models ဆိုင်ကယ် ၂ စီး၊ Wave အမျိုးအစား ၁၁၀ နဲ့ ၁၂၅ အမျိုးအစား ၂ စီးကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲ့ဒီ့ သိမ်းမိတဲ့ ဆိုင်ကယ် ၄ စီးစလုံးဟာ နံပါတ်ပြားမပါဘဲ မြန်မာနိုင်ငံဘက်ကို ခိုးကူဖို့ စီစဉ်နေကြတာဖြစ်မယ်လို့ မဲ့ဖလုံ ရဲစခန်းက ထုတ်ပြန်ပါတယ်။
MKF-001
#MeKongNews
#ချင်းရိုင်
#မယ်ဖလုံ
#မြန်မာ
#ထိုင်း