အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

မဲခေါင် 16 Feb - 2023
ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပယာရွတ်နဲ့အစိုးရအဖွဲ့ဟာ အစ္စရေးကုမ္ပဏီ NSO ရဲ့ Pegasus Spyware ကို ထိုင်းအစိုးရကအသုံးပြုပြီး အတိုက်အခံတွေရဲ့ ဖုန်းတွေကို Hack ပြီး သတင်းအချက်အလက်တွေ ရယူခဲ့တာဟာ ၂၀၂၀-၂၀၂၁ နှစ်ထဲ အယောက် ၃၀ အနည်းဆုံးရှိခဲ့ကြောင်း၊ ဒီကာလအတွင်း သူ့ရဲ့ အိုင်ဖုန်းကို ဒီဆော့ဖ်ဝဲလ်နဲ့ အစိုးရကိုယ်တိုင်က Hack လုပ်ပြီး ကြားဖောက်ရယူတာ ၁၀ ကြိမ်မကရှိခဲ့တယ်လို့ ILaw အဖွဲ့ ဥပဒေကျွမ်းကျင်သူ ယင်းချိအတက်ချာနွန့်ဆိုသူက ပြောကြားသွားပါတယ်။

ရှေ့နေတစ်ဦးဖြစ်တဲ့ အတက်ချာနွန့်က ဒီစပိုင်ဆော့ဖ်ဝဲလ်ကြောင့် တရားရေးစနစ်အပေါ် အယုံအကြည်ပိုမဲ့စေကြောင်း၊ ပြည်သူတစ်ဦးရဲ့ ဖုန်းကို ကြားဖောက်ခိုးနားထောင်ခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် နိုင်ငံတကာဥပဒေက ပြဌာန်းထားပြီးသားဖြစ်ကြောင်း၊ ရောင်းသူနဲ့ အသုံးချသူကို သက်သေနဲ့လက်ဆုပ်လက်ကိုင်ပြဖို့ ခက်ခဲပေမယ့် ဒီလုပ်ရပ်ဟာ ကိုယ့်အိမ်ကို ရဲတစ်ယောက်က အကြောင်းမဲ့ စောင့်ကြည့်နေတာထက်ပိုဆိုးတဲ့ လုပ်ရပ်မျိုးဖြစ်လို့ တရားစွဲသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဘန်ကောက်ပို့စ်က ဒီသတင်းနဲ့ပတ်သက်လို့ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမယ့် တစ်စုံတစ်ရာဖြေကြားခြင်းမရှိကြောင်း၊ အစ္စရေးကုမ္ပဏီ NSO ကလည်း ထိုနည်းလည်းကောင်း ဖြစ်ကြောင်း၊ သူတို့ ဆော့ဖ်ဝဲလ်ဟာ အကြမ်းဖက်မှုရန်၊ ရာဇဝတ်မှုဖော်ထုတ်ရေးနဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စွဲဆောင်စည်းရုံးမှုတွေကို ဖော်ထုတ်ရေးအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတာလို့သာ ထုတ်ပြန်ခဲ့ ကြောင်း ဖော်ပြသွားပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာလည်း အာဏာမသိမ်းမီတစ်လအလိုမှာကတည်းက သူတို့ပိုင် MPT ဖုန်းတွေ မှာ သတင်းအချက်အလက်ကြားဖောက်ယူပြီး အတိုက်အခံတွေကို စုံစမ်းဖို့ အစ္စရေးနည်းပညာကုမ္ပဏီ Cognyte Software Ltd (CGNT.O) ကို တင်ဒါပေးအောင်စေခဲ့ပြီး ဒီဆော့ဖ်ဝဲလ်ကို အသုံးချနေကြောင်း ရိုက်တာသတင်းကဖော်ပြခဲ့ပါတယ်။

အစ္စရေးတရားရုံးချုပ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို စစ်လက်နက်နည်းပညာအသုံးအဆောင်တွေမရောင်းချဖို့ ပိတ်ပင်ထားရာက မြန်မာစစ်တပ်ကို Cognyte Software ရောင်းချခဲ့လို့ အစ္စရေးလူ့အခွင့်အရေးရှေ့နေတွေက တရားရုံးချုပ်ကို ထပ်တိုင်အမှုဖွင့်ထားတယ်လို့ ဇန်နဝါရီလလယ်ပိုင်းမှာ ရိုက်တာက ဖော်ပြခဲ့ပါတယ်။

MKF – 001
Ref: Bangkok Post

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ
အာစီယံဒေသတွင်း

တစ်လအတွင်း ဘတ်သန်း ၁၉၀ ကျော် ချစ်ဟန်ပြလိမ်လည်ကြလို့ ချစ်သူများနေ့မတိုင်ခင် ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိုင်းပိုကူညီသင့်ကြောင်း ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 
အာစီယံဒေသတွင်း

နိုင်ငံရေးကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်သာ အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ကမ်းလှမ်း

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး အစည်းအဝေးကို ဖော်ဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာကျင်းပသွားမှာဖြစ်ပါတယ်။
အာစီယံဒေသတွင်း

ဖိအားပေး၊ ကြေညာချက်ထုတ် ဒီပလိုမေစီနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးလို့ အင်ဒိုနီးရှားဆို

မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။
အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။