နေ့စဥ်သတင်း

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အယုံအကြည်မရှိအဆိုအတွက် ဆွေးနွေးမှု စတင်၊ အတိုက်အခံဘက်မှ ပေထောင်တန် အခွန်ရှောင်ကြောင်းတင်ပြပြီး ဒုတပ်ချုပ်ဟောင်း ပရာဝစ်ကပါ နိုင်ငံသည် အပျော်တမ်းလေ့ကျင့်ရေးကွင်းမဟုတ်ဟု တိုက်ခိုက်

မဲခေါင် 24 Mar - 2025
ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အယုံအကြည်မရှိအဆိုအတွက် ဆွေးနွေးမှု စတင်၊ အတိုက်အခံဘက်မှ ပေထောင်တန် အခွန်ရှောင်ကြောင်းတင်ပြပြီး ဒုတပ်ချုပ်ဟောင်း ပရာဝစ်ကပါ နိုင်ငံသည် အပျော်တမ်းလေ့ကျင့်ရေးကွင်းမဟုတ်ဟု တိုက်ခိုက်

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အယုံအကြည်မရှိအဆိုအတွက် ဆွေးနွေးမှု စတင်၊ အတိုက်အခံဘက်မှ ပေထောင်တန် အခွန်ရှောင်ကြောင်းတင်ပြပြီး ဒုတပ်ချုပ်ဟောင်း ပရာဝစ်ကပါ နိုင်ငံသည် အပျော်တမ်းလေ့ကျင့်ရေးကွင်းမဟုတ်ဟု တိုက်ခိုက်

မဲခေါင်၊ မတ် ၂၄

မတ် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ထိုင်းလွှတ်တော်တွင် လက်ရှိဝန်ကြီးချုပ် ပေထောင်တန်အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းထားမှုအတွက် ကနဦး Debate အခမ်းအနားစတင်ရာ ဝန်ကြီးချုပ် ပေထောင်တန်ကို မျက်နှာမူပြီး ဝေဖန်ပြစ်တင်မှုများစွာဖြင့် စကားလုံးတိုက်ပွဲများ ပြင်းထန်နေခဲ့ပြီဖြစ်သည်။

Debate ပထမနေ့မှာပင် အတိုက်အခံပါတီကြီး ပြည်သူ့ပါတီ (ယခင်ရွေးကောက်ပွဲမဲအနိုင်ရ MFP ပါတီဖျက်သိမ်းခံရပြီးနောက် ပြန်လည်ဖွဲ့စည်းသော ပါတီ) မှ ခေါင်းဆောင် နတ်သာပေါင်ရန်ပန်ယာဝပ်က ပေထောင်တန် အခွန်ဘတ်သန်းပေါင်းများ စွာ ရှောင်တိမ်းခြင်း၊ တိုင်းပြည်စီးပွားရေးအကျပ်အတည်းကို မဖြေရှင်းပေးနိုင်ခြင်းများအကြောင်း စွပ်စွဲဝေဖန်ခဲ့သလို စစ်အာဏာသိမ်းခဲ့မှုများတွင် အဓိကကျခဲ့သည့် ထိုင်း ဒုတပ်ချုပ်ဟောင်း ပရာဝစ် ကိုယ်တိုင်လည်း တက်ရောက်လာကာ ပေထောင်တန်သည် အပျော်တမ်းအဆင့်ဖြင့် ဝန်ကြီးချုပ်ရာထူး ရယူနေကာ နိုင်ငံကို အပျော်တမ်းလေ့ကျင့်ရေးကွင်းမှတ်နေသည်ဟုပါ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။

နတ်သာပေါင်က ပေထောင်တန်သည် နိုင်ငံ ပြဿနာများကို ဖြေရှင်းပေးရန် အတွေ့အကြုံနည်းပါးသလို အားစိုက်မှုမရှိခြင်း၊ နိုင်ငံ စီမံခန့်ခွဲမှုပိုင်းနှင့်ပတ်သက်ပြီး ဗဟုသုတ နည်းပါးခြင်း၊ ထိုင်းတွင် လေထုညစ်ညမ်းမှုပြဿနာကြီး မဖြေရှင်းနိုင်ခြင်း၊ လျှပ်စစ်မီတာခများ ကြီးမြင့်ခြင်း၊ ငါးလုပ်ငန်းနှင့် ဂေဟစနစ်ကို ပျက်ဆီးစေသည့် အာဖရိကမှ မေးရိုးမဲ တီလားပီးယား ကျူးကျော် ငါးမျိုးစိတ် ပျံ့နှံ့နေမှုကို မတားဆီးနိုင်ခြင်း၊ မဲဆွယ်စဉ်ကာလက ဖွေထိုင်းပါတီ ပေးခဲ့သည့် ကတိအတိုင်း နိုင်ငံသားများ ကို ဘတ် ၁၀၀၀၀ ပေးဝေခြင်းဖြင့် စီးပွားရေးပြန်တက်လာနိုင်ခြင်းမရှိသည်ကို သိသိနှင့် ဆက်လက်လုပ်ဆောင်နေခြင်း၊ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အသံများက ဝန်ကြီးချုပ်အစား နိုင်ငံအတွက် ကိုယ်စားပြုသလို ဖြစ်နေခြင်းများကြောင့် ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိရခြင်းဖြစ်သည်ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

ပြည်သူ့ပါတီမှ နောက်ထပ်အကြီးအကဲ တစ်ဦးဖြစ်သူ ဝီရော့ဂျ်လက်ခနဒီဆွန်းကလည်း ပေထောင်တန်သည် သူမ၏ မိခင်၊ အစ်ကို၊ အစ်မ၊ ဦးလေး၊ အဒေါ် စသည့် ဆွေမျိုးများပိုင်ဆိုင်သည့် ကုမ္ပဏီများစွာမှ ဘတ် ၄ . ၄၃ ဘီလီယံ တန်ကြေးရှိသော ရှယ်ယာများစွာကို လက်ခံရာတွင် အမွေဆက်ခံခွန်လည်း မပေး၊ ထို အခွန်ပမာဏသည် နိုင်ငံ၏ ဆင်းရဲသော ကလေးများနှင့်သက်ကြီးရွယ်အို များအတွက် ပေးအပ်သည့် အစိုးရ သက်သာချောင်ချိရေးငွေကြေး၏ ၁၄ ရာခိုင်နှုန်းအထိ ရှိနေရာ အခွန်မဆောင်သူက နိုင်ငံဝန်ကြီးချုပ်မဖြစ်သင့်ဟု ချက်ကျလက်ကျ ထောက်ပြ ဝေဖန်သွားခဲ့သည်။

ထိုင်းစစ်အာဏာသိမ်းမှုများတွင် အဓိကကျခဲ့ပြီး ဖွေထိုင်းပါတီ အာဏာရပြီးနောက် လွှတ်တော်သို့ မလာတော့သည့် ဒုကာချုပ်ဟောင်း ပါလန်းပရာချာရတ်ပါတီ ခေါင်းဆောင် ပရာဝစ်လည်း ယခု Debate တွင် လွှတ်တော်ထဲ ပြန်ဝင်လာခဲ့ပြီး ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ပေထောင်တန်စီစဉ်သည့် နိုင်ငံသားများအား ဘတ် ၁၀၀၀၀ အခမဲ့ ထုတ်ပေးသည့်အစီအစဉ်မှာ တိုင်းပြည်စီးပွားရေး ပြန်တိုးတက်လာစေရန်မရှိဟု အသိပေးထားသည့်ကြားမှ ဆက်လက် ထုတ်ပေးနေကြောင်း၊ ၂၀၀၁ ခုနှစ်က ကမ္ဘောဒီးယားနှင့် နားလည်မှုစာချွန်လွှာ နိုင်ငံခြားရေးမူဝါဒ သဘောတူညီချက်ကို လက်ခံခဲ့ရာတွင် ထိုင်းရေကြောင်း သယံဇာတနှင့် နယ်မြေပိုင်ဆိုင်မှုအတွက် စိုးရိမ်ရသည့် အခြေအနေရောက်စေကြောင်း၊ ကာစီနိုလုပ်ငန်းကို တရားဝင်ဖွင့်လှစ်ရန် စီစဉ်နေခြင်းသည် လူအများကို တရားမဝင် လုပ်ဆောင်ချက်များ ပိုမိုဖြစ်ထွန်းလာစေပြီး ငွေကြေးခဝါချမှုများထပ်မံ မြင့်မားကာ တိုင်းပြည်အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ တာဝန်ယူခွင့်၊ တာဝန်ခံခွင့်မရှိသူ မိသားစုဝင် (ဖခင် သက်ဆင်ကိုရည်ညွန်း) အထက်တွင်ထားရှိပြီး အစိုးရဖွဲ့စည်းပုံများ ရေးဆွဲရာတွင် မိသားစုအိမ်တော်သို့ အစည်းအဝေးခေါ်ယူလုပ်ဆောင်ခြင်းများသည် မည်သူ၏ လွှမ်းမိုးမှု အဓိကကျသည်ကို ပြသကြောင်း၊ ထိုင်းနိုင်ငံသည် အပျော်တမ်း (ဝန်ကြီးချုပ်ကို ဆိုလို)လေ့ကျင့်ရေးကွင်းမဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သည်။

ကိုကလင်း
Ref:Bangkokpost

Photo by Chalatip Roongbour

 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now