အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

မဲခေါင် 29 Jan - 2023
အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။ 

စနေနေ့မနက် ၃ နာရီလောက်မှာ တိုင်ကြားချက်ကြောင့် ရဲတွေက တည်းခိုခန်းရောက်ချိန်မှာ တည်းခိုခန်းပိုင်ရှင်၊ အသက် ၄၂ နှစ်အရွယ် သာနာပီဆစ် သာနာရက်ပီဝတ်ကို ကြောက်လန့်တကြားဖြစ်နေတာတွေ့ရတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။ 

အမျိုးသားဧည့်သည် တစ်ယောက်က အခန်းငှားဖို့ သူ့ကိုလာပြောပြီး သူက အခန်းခတောင်းချိန်မှာ ပိုက်ဆံမပါလာဘူးလို့ပြောပြီး သေနတ်ဆွဲထုတ်ခြိမ်းခြောက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ဖုံးကွယ်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ သာနာပီဆစ်ကပြောပါတယ်။ 

အခန်းတခန်းထဲမှာပုန်းနေတဲ့ အသက် ၃၁ နှစ်အရွယ် မန်ကောင် ရာနာတာဗီဂျစ်ကို ရဲတွေက လက်နက်ချဖို့ ဖျောင်းဖျခဲ့ပေမဲ့ မောက်မောက်မာမာတုန့်ပြန်ပြီး ပွိုင့်၃၈ ပစ္စတိုနဲ့ပြန်လည်ခြိမ်းခြောက်တဲ့အတွက် ရဲတွေက ရှော့တိုက်ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ရှောင်ပြေးနိုင်ခဲ့ပြီး ရဲတွေကို သေနတ်နဲ့ပြန်လည်ပစ်ခတ်ခဲ့လို့ ရဲတပ်ကြပ်ကြီး ဆက်ဆစ်ပွတ်တာ ကျည်ထိမှန်ဒဏ်ရာရခဲ့လို့ ရဲတွေက မန်ကောင်ရဲ့ခြေထောက်ကိုသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ 

မန်ကောင့်ကို ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းသာမက မက်သာဖက်တမင်းမူးယစ်ဆေးဝါး ၂၀၀ ကိုလည်းတွေ့ရှိခဲ့ပြီး သူ့သေနတ်ကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားပါတယ်။

သူ့ကို ကလာအန်းဆေးရုံမှာကုသမှုပေးထားပြီး ဆေးရုံကဆင်းတာနဲ့ တရားဥပဒေအရ အရေးယူသွားမယ်လို့ ရဲတွေကပြောပါတယ်။ 

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်ဟာလည်း စိုးရိမ်ရတဲ့အခြေအနေမှာမရှိဘူးလို့ ရဲတွေက အသိပေးပါတယ်။ 

Source – Bangkok Post 

#ဥက္ကာ #MeKongNews

Photo – Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အာစီယံဒေသတွင်း

တစ်လအတွင်း ဘတ်သန်း ၁၉၀ ကျော် ချစ်ဟန်ပြလိမ်လည်ကြလို့ ချစ်သူများနေ့မတိုင်ခင် ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိုင်းပိုကူညီသင့်ကြောင်း ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 
အာစီယံဒေသတွင်း

နိုင်ငံရေးကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်သာ အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ကမ်းလှမ်း

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး အစည်းအဝေးကို ဖော်ဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာကျင်းပသွားမှာဖြစ်ပါတယ်။
အာစီယံဒေသတွင်း

ဖိအားပေး၊ ကြေညာချက်ထုတ် ဒီပလိုမေစီနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးလို့ အင်ဒိုနီးရှားဆို

မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။
အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။