အာစီယံဒေသတွင်း

ရွှေ့ပြောင်းလုပ်သားများမှတ်ပုံတင်ရန် အချိန် ၆ လထပ်တိုးပေးရေး ထိုင်းအလုပ်သမားဝန်ကြီးစီစဉ်

မဲခေါင် 23 Jan - 2021
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် တရားဝင်လုပ်သားအခြေအနေဆုံးရှုံးနိုင်သည့်ရွှေ့ပြောင်းလုပ်သားများအတွက် မှတ်ပုံတင်ရန်အချိန် ၆ လထပ်တိုးပေးရန် ထိုင်းအစိုးရအဖွဲ့ထံ အလုပ်သမားဝန်ကြီးဌာနကတောင်းဆိုမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ရလဒ်များအပါအဝင် အလုပ်ပါမစ်သက်တမ်းတိုးရန်လိုအပ်သော အချိန်နှင့်တပြေးညီတင်သွင်းရမည့် စာရွက်စာတမ်းများမရနိုင်သည့် ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင်မှုအခြေအနေကိုထိန်းထားနိုင်ရန် သက်တမ်းတိုးပေးရေးစီစဉ်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဆူချာ့ ချွန်ကလင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ ယခုနှစ်အတွင်းသက်တမ်းမတိုးနိုင်ပါက တရားဝင်ရွှေ့ပြောင်းလုပ်သား ၁.၇ သန်းသည် တရားဝင်အလုပ်လုပ်ခွင့်ဆုံးရှုံးနိုင်ကြောင်းလည်းပြောသည်။ အလုပ်မရှိသူများအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအနေနှင့် အာဏာပိုင်များထံမှတ်ပုံတင်ရန်လိုအပ်ပြီး ပါမစ်ကို ဝန်ကြီးဌာနဝက်ဆိုက်တွင် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ လျှောက်ထားနိုင်သည်။ မှတ်ပုံတင်ပြီးသူများအနေဖြင့် ထိုင်းတွင် ၂ နှစ်ကြာနေထိုင်အလုပ်လုပ်ခွင့်ရှိပြီး မှတ်ပုံတင်သူများအနေဖြင့် တရားမဝင်နေထိုင်ခြင်းအတွက် ပြစ်ဒဏ်ခံရမည်မဟုတ်ချေ။ တရားမဝင်ရွှေ့ပြောင်းလုပ်သားများ၏ ဇီဝအချက်အလက်များကောက်ယူခြင်းကို ဧပြီ ၁၆ ရက်နောက်ဆုံးထားပြီးအဆုံးသတ်မည်ဟု ဗုဒ္ဓဟူးနေ့က ဝန်ကြီးဌာနနှင့်အစည်းအဝေးတွင်

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် တရားဝင်လုပ်သားအခြေအနေဆုံးရှုံးနိုင်သည့်ရွှေ့ပြောင်းလုပ်သားများအတွက် မှတ်ပုံတင်ရန်အချိန် ၆ လထပ်တိုးပေးရန် ထိုင်းအစိုးရအဖွဲ့ထံ အလုပ်သမားဝန်ကြီးဌာနကတောင်းဆိုမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ရလဒ်များအပါအဝင် အလုပ်ပါမစ်သက်တမ်းတိုးရန်လိုအပ်သော အချိန်နှင့်တပြေးညီတင်သွင်းရမည့် စာရွက်စာတမ်းများမရနိုင်သည့် ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင်မှုအခြေအနေကိုထိန်းထားနိုင်ရန် သက်တမ်းတိုးပေးရေးစီစဉ်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဆူချာ့ ချွန်ကလင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ယခုနှစ်အတွင်းသက်တမ်းမတိုးနိုင်ပါက တရားဝင်ရွှေ့ပြောင်းလုပ်သား ၁.၇ သန်းသည် တရားဝင်အလုပ်လုပ်ခွင့်ဆုံးရှုံးနိုင်ကြောင်းလည်းပြောသည်။

အလုပ်မရှိသူများအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအနေနှင့် အာဏာပိုင်များထံမှတ်ပုံတင်ရန်လိုအပ်ပြီး ပါမစ်ကို ဝန်ကြီးဌာနဝက်ဆိုက်တွင် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ လျှောက်ထားနိုင်သည်။

မှတ်ပုံတင်ပြီးသူများအနေဖြင့် ထိုင်းတွင် ၂ နှစ်ကြာနေထိုင်အလုပ်လုပ်ခွင့်ရှိပြီး မှတ်ပုံတင်သူများအနေဖြင့် တရားမဝင်နေထိုင်ခြင်းအတွက် ပြစ်ဒဏ်ခံရမည်မဟုတ်ချေ။

တရားမဝင်ရွှေ့ပြောင်းလုပ်သားများ၏ ဇီဝအချက်အလက်များကောက်ယူခြင်းကို ဧပြီ ၁၆ ရက်နောက်ဆုံးထားပြီးအဆုံးသတ်မည်ဟု ဗုဒ္ဓဟူးနေ့က ဝန်ကြီးဌာနနှင့်အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးအဖွဲ့များက အဆိုပြုသည်။

ပါမစ်သက်တမ်းတိုးလိုသည့် ရွှေ့ပြောင်းလုပ်သားတိုင်းကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ အခကြေးငွေဖြင့် စစ်ဆေးပေးမည်ဟုလည်း ဝန်ကြီးကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

ဂျာကာတာမှာ စစ်ကောင်စီကြားခံကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအင်အားစုတချို့ တွေ့ဆုံမှု အပြုသဘောဆောင်တယ်လို့ အင်ဒိုနီးရှား ထုတ်ပြန်

ဒီအစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ဂျာကာတာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ အာဆီယံအလှည်ကျဥက္ကဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး
အာစီယံဒေသတွင်း

ဒါရဝတီရုပ်ပွားတော်ရှိရာ ထိုင်းနိုင်ငံ Si Thep မြို့ဟောင်းကို ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို သတ်မှတ်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စ်ကိုဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ပက်ချာဘန်းခရိုင် ရှေးဟောင်းမြို့တော်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မလေးရှားလွှတ်တော်အမတ် ၁၃၅ ယောက် လက်မှတ်ထိုးတောင်းဆို

မလေးရှား လွှတ်တော်အမတ် ၁၃၅ ယောက်ဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ စုပေါင်းလက်မှတ်ထိုးပြီး မြန်မာစစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပူးပေါင်းကြေညာတိုက်တွန်းချက် ထုတ်ပြန် သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

စစ်ကောင်စီလုပ်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး ၅ နိုင်ငံသာ တက်ရောက်

စစ်ကောင်စီက အိမ်ရှင်အဖြစ် မနေ့ စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေးကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှ လေတပ်ဦးစီးချုပ်တွေသာ တက်ရောက်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာ MFTB နဲ့ MICB ဘဏ်အပ်နှံငွေ ဒေါ်လာ ၁ ဒသမ ၂ သန်းကို ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ် သိမ်းဆည်း

မဲခေါင်၊ သြဂုတ် ၁၇ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် ကုန်သွယ်ရေးဘဏ် ဆိုနာလီဟာ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာ စစ်ကောင်စီ ထောက်တိုင် နိုင်ငံခြား ကုန်သွယ်မှုဘဏ်-MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်-MICB က အပ်ထားတဲ့ ဘဏ်စာရင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို စွန့်လွှတ်မယ်လို့ စစ်ကောင်စီ ဆုံးဖြတ်

မဲခေါင်၊ သြဂုတ် ၁၇ အာဆီယံ အလှည်ကျ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အလှည့်ကျမှာ ဖြစ်ပေမယ့် အာဏာသိမ်း စစ်ကောင်စီဟာ ဥက္ကဌ နေရာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း ထိုင်း BPS

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာလုပ်သားတွေကို နစ်နာကြေး အနည်းငယ်ပေးပြီး အလုပ်ထုတ်တဲ့ ထိုင်း ရော်ဘာလက်အိတ်စက်ရုံ Ansell ၀ိုင်း၀န်းဝေဖန်ခံရ

မဲခေါင်၊ သြဂုတ် ၁၄ ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေသုံး ရော်ဘာ လက်အိတ်တွေ အဓိက ဖြန့်ဖြူး ထုတ်လုပ်ရာ ဘန်ကောက် အခြေစိုက် Ansell စက်ရုံကြီးဟာ ကိုဗစ်ကာလ အလွန် အမှာနည်းပါးလွန်းလာချိန် စက်ရုံဝန်ထမ်း မြန်မာလုပ်သား ရာချီကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်မှာ လမ်းဘေးစွန့်ပစ်ထားတဲ့ Pickup ကား အခင်းအောက်က Ice နဲ့ K မူးယစ်ဆေး ၇၂ ကီလိုဂရမ် ရှာတွေ့

မဲခေါင်၊ သြဂုတ် ၁၁ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်နဲ့ မယ်ဆိုင်ခရိုင်အနီး၊ ဒွိုင်နန်နွန် တောင်ကြောအနီး ကားလမ်းမပေါ်မှာ Pickup ကား အနက်ရောင် တစ်စီး စွန့်ပစ်ထားလို့ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ချိုတက်ခ်စစ်တပ်နဲ့ သက်ဆိုင်ရာ ထိုင်း အာဏာပိုင်တွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now