အာစီယံဒေသတွင်း

ရွှေကုက္ကိုစီးပွားရေးစီမံကိန်းတည်ထောင်ခဲ့သည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်ကို ထိုင်းအစိုးရ ဖမ်းဆီး

မဲခေါင် 14 Aug - 2022
တရားမဝင် အွန်လိုင်းကာစီနိုကွန်ရက် စီမံခန့်ခွဲနေကြောင်း နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရသည့် အငြင်းပွားဖွယ် တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတယောက်ကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်းထားသည်။  အသက် ၄၀ ရှိနေသည့် ရှီကျီဂျန်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက တရုတ်အာဏာပိုင်များ လက်မှထွက်ပြေးနေသည်ဟု တရုတ်မီဒီယာများက ဖော်ပြသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်က ရွှေကုက္ကိုစီမံကိန်းတို့ကဲ့သို့ အငြင်းပွားဖွယ် အကြီးစားစီမံကိန်းကြီးများနှင့် လောင်းကစားရုံများသာမက ဖိလစ်ပိုင်နိုင်ငံက ထီရုံတို့ကိုလည်း ပိုင်ဆိုင်ထားကြောင်း သတင်းတွေမှာ ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့ညပိုင်း၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက သူ့ကိုထိန်းသိမ်းပြီးနောက် သူ့ထိုင်းဗီဇာကိုလည်း ပယ်ဖျက်ခဲ့ပြီး တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကိုလည်း ဆိုင်းငံထားကြောင်း ထိုင်းရဲများက ပြောသည်။ “ထိုင်းအစိုးရရှေ့နေက လာမယ့်တပတ်မှာ ရာဇဝတ်မှုဆိုင်ရာတရားရုံးကို ယာယီထိန်းသိမ်းခွင့် တောင်းပါလိမ့်မယ်”ဟု ထိုင်းရဲအရာရှိတယောက်က AFP သတင်းအေဂျင်စီကို ပြောသည်။ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က

တရားမဝင် အွန်လိုင်းကာစီနိုကွန်ရက် စီမံခန့်ခွဲနေကြောင်း နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရသည့် အငြင်းပွားဖွယ် တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတယောက်ကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်းထားသည်။ 

အသက် ၄၀ ရှိနေသည့် ရှီကျီဂျန်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက တရုတ်အာဏာပိုင်များ လက်မှထွက်ပြေးနေသည်ဟု တရုတ်မီဒီယာများက ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်က ရွှေကုက္ကိုစီမံကိန်းတို့ကဲ့သို့ အငြင်းပွားဖွယ် အကြီးစားစီမံကိန်းကြီးများနှင့် လောင်းကစားရုံများသာမက ဖိလစ်ပိုင်နိုင်ငံက ထီရုံတို့ကိုလည်း ပိုင်ဆိုင်ထားကြောင်း သတင်းတွေမှာ ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ညပိုင်း၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက သူ့ကိုထိန်းသိမ်းပြီးနောက် သူ့ထိုင်းဗီဇာကိုလည်း ပယ်ဖျက်ခဲ့ပြီး တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကိုလည်း ဆိုင်းငံထားကြောင်း ထိုင်းရဲများက ပြောသည်။

“ထိုင်းအစိုးရရှေ့နေက လာမယ့်တပတ်မှာ ရာဇဝတ်မှုဆိုင်ရာတရားရုံးကို ယာယီထိန်းသိမ်းခွင့် တောင်းပါလိမ့်မယ်”ဟု ထိုင်းရဲအရာရှိတယောက်က AFP သတင်းအေဂျင်စီကို ပြောသည်။

နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ၂၀၂၁ ခုနှစ်၊ မေလ၌ ထုတ်ပြန်ခဲ့သည့် အနီရောင်အဆင့်သတိပေးချက်၌ ရှီသည် တရုတ်နိုင်ငံတွင် ကာစီနိုလုပ်ငန်းနှင့်ဆက်စပ်သည့် ရာဇဝတ်မှုစွဲချက်များရင်ဆိုင်နေရပြီး အများဆုံးထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်ကြောင်း ပါဝင်နေသည်။ 

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတို့ကြား ရာဇဝတ်ဂိုဏ်းတခုကို ဦးဆောင်နေသည့်သံသယတရားခံက အခြားလူများနှင့်ပူးပေါင်းကာ ကုမ္ပဏီများမှတ်ပုံတင်ခဲ့ပြီး အွန်လိုင်းလောင်းကစားဝက်ဆိုက်များ သုတေသနနှင့် ဖွံ့ဖြိုးရန်လုပ်ခဲ့ကြောင်းလည်း သတိပေးချက်၌ ပါဝင်သည်။ 

Hongshulin၊ Yigou နှင့် Yiyou International တို့အပါအပင် အွန်လိုင်းလောင်းကစားဝက်ဆိုက်များ တည်ထောင်ခဲ့ပြီး လောင်းကစားသူ ၃၃၀၀၀၀ စုစည်းနိုင်ခဲ့ကြောင်းလည်း ပါဝင်သည်။ 

“တရားမဝင်လုပ်ငန်းတွေကြောင့် ရှီကျီဂျန်းရခဲ့တဲ့ဝင်ငွေ ဒေါ်လာ ၃၀.၅ သန်းကို နိုင်ငံခြားလွှဲပြောင်းပေးခဲ့ပါတယ်”ဟု လည်းပါဝင်သည်။ 

သိသာထင်ရှားသည့်ငွေပမာဏတခုလိမ်လည်ခံလိုက်ရသော တရုတ်သားကောင်တယောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

ရှီတွင် ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်ရှိကြောင်း သတိပေးစာမှာပြောသော်လည်း တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တွင် မွေးဖွားခဲ့သူဖြစ်သည်။ 

၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာကြောင်း Frontier Myanmar ကဖော်ပြသော်လည်း အခြေအနေအတိအကျ မရှင်းလင်းချေ။

အစိုးရဘဏ္ဍာတိုက်ကို အနည်းဆုံးဒေါ်လာ ၂၅၀၀၀၀ လှူဒါန်းပါက လူတယောက်ကို ကမ္ဘောဒီးယားအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးသည်။

တရုတ်နှင့်ထိုင်းနိုင်ငံတို့ကြား ရာဇဝတ်သားလွှဲပြောင်းရေးသဘောတူညီချက်ရှိသော်လည်း လွှဲပြောင်းရန် လပေါင်းများစွာကြာနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။