အာစီယံဒေသတွင်း

မူးယစ်ဆေးပြား ၇ သောင်းကျော်သယ်လာသည့် အမျိုးသားတယောက်ကို မဲခေါင်မြစ်ကမ်းတွင် ထိုင်းရဲဖမ်းဆီး

မဲခေါင် 27 Jan - 2021
လာအိုနိုင်ငံမှ မဲခေါင်မြစ်ကိုကူးပြီး ထိုင်းဘက်သို့မှောင်ခိုကူးရန် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ ၁ ကီလိုဂရမ်သယ်လာသည့် အမျိုးသားတယောက်ကို ထိုင်းစစ်သားများက အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့သည်။ သာချမ်ပါမြို့နယ်မှရွာတရွာအနီး မဲခေါင်မြစ်ကမ်းပါးတွင် အထူးတပ်ဖွဲ့မှ ကင်းလှည့်အဖွဲ့က စောင့်ဆိုင်းခဲ့သည်။ အင်္ဂါနေ့ညတွင် လာအိုမှမူးယစ်ဆေးများမှောင်ခိုသယ်ဆောင်လာမည်ဟု သတင်းအရ နေရာဖြန့်ကျက်ယူထားခြင်းဖြစ်သည်။ မြစ်ကမ်းတွင် သေတ္တာ ၂ လုံးကိုတင်နေသည့်အမျိုးသား ၃ ယောက်ကို တွေ့ခဲ့ပြီး အထူးတပ်ဖွဲ့က သူတို့ကိုဖမ်းခဲ့သည်။ ၂ ယောက်ထွက်ပြေးခဲ့ပြီး သာအူသန်မြို့ရှိ နောင်သောင်မြို့နယ်မှ အသက် ၃၆ နှစ်ရှိသူ ဝိသာရ ရီယာဘတ်ကို ထိန်းသိမ်းရမိခဲ့သည်။ ထိုသေတ္တာ ၂ ခုတွင် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ(အိုက်စ်) ၁.၀၈ ကီလိုဂရမ်ကို

လာအိုနိုင်ငံမှ မဲခေါင်မြစ်ကိုကူးပြီး ထိုင်းဘက်သို့မှောင်ခိုကူးရန် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ ၁ ကီလိုဂရမ်သယ်လာသည့် အမျိုးသားတယောက်ကို ထိုင်းစစ်သားများက အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့သည်။

သာချမ်ပါမြို့နယ်မှရွာတရွာအနီး မဲခေါင်မြစ်ကမ်းပါးတွင် အထူးတပ်ဖွဲ့မှ ကင်းလှည့်အဖွဲ့က စောင့်ဆိုင်းခဲ့သည်။

အင်္ဂါနေ့ညတွင် လာအိုမှမူးယစ်ဆေးများမှောင်ခိုသယ်ဆောင်လာမည်ဟု သတင်းအရ နေရာဖြန့်ကျက်ယူထားခြင်းဖြစ်သည်။

မြစ်ကမ်းတွင် သေတ္တာ ၂ လုံးကိုတင်နေသည့်အမျိုးသား ၃ ယောက်ကို တွေ့ခဲ့ပြီး အထူးတပ်ဖွဲ့က သူတို့ကိုဖမ်းခဲ့သည်။

၂ ယောက်ထွက်ပြေးခဲ့ပြီး သာအူသန်မြို့ရှိ နောင်သောင်မြို့နယ်မှ အသက် ၃၆ နှစ်ရှိသူ ဝိသာရ ရီယာဘတ်ကို ထိန်းသိမ်းရမိခဲ့သည်။

ထိုသေတ္တာ ၂ ခုတွင် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ(အိုက်စ်) ၁.၀၈ ကီလိုဂရမ်ကို အထုပ်အသေးများဖြင့် ထည့်ထားသည်တို့ ပါဝင်သည်။

တန်ဖိုး ဘတ် ၁၀ သန်းရှိပြီး လာအိုနိုင်ငံမှလှေဖြင့် မှောင်ခိုကုန်ကူးလာခြင်းဖြစ်သည်ဟု ယူဆရသည်။

ဖမ်းခံရသူလည်း မူးယစ်ဆေးသုံးစွဲထားပုံရကြောင်း စစ်သားများကပြောပြီး သူ့ကို မူးယစ်ဆေးကုန်ကူးမှုဖြင့် သာအူသန်ရဲတပ်ဖွဲ့ထံလွှဲပြောင်းပြီး တရားရေးလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။