အာစီယံဒေသတွင်း

မိုင်းဆတ်ကထုတ်တဲ့ ယာဘစိတ်ကြွဆေးနမူနာသစ် အလုံး ၁၄ သိန်း မယ်အိုက်နယ်စပ်မှာ ထိုင်းရဲ ဖမ်းဆီးရမိ

မဲခေါင် 7 Dec - 2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်က Red Mouser Group စက်ရုံကနေထုတ်လုပ်တဲ့ အနီရောင် ယာဘ နမူနာသစ် ဆေးပြားအလုံး ၁၄ သိန်းကို ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်နယ်နှစ်ခုကြား ဆက်သွယ်ထားတဲ့ မယ်အိုက်နယ်စပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ရမိနိုင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအထူးစီမံချက်အဖြစ် မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ စစ်ထောက်လှမ်းရေး အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန နဲ့ထိုင်းဘုရင့်တပ်မတော်တို့ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ဆေးမှုတွေ လုပ်တော့ ဘန်ကောက်လိုင်စင်နဲ့ ပစ်ကက်ကားတစ်စီးပေါ် အမျိုးသားနှစ်ယောက် ခေါင်းခန်းက လိုက်ပါလာပြီး ရှေ့ပြေးကားတစ်စီးက စစ်ဆေးရေးဂိတ်ကို လွတ်၊ မလွတ် လမ်းကြောင်းကြည့်မောင်းပေနေတာကို တွေ့ရှိရလို့ စစ်ဆေးရာမှာ တစ်ထုပ် အလုံး ၂၀၀၀ ထည့်ထုပ်ထားတဲ့ ယာဘ ဆေးလုံးပေါင်း ၁၄ သိန်းကို သိမ်းဆည်းရမိ လိုက်တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်နဲ့ ၂၃ နှစ်အရွယ် ထိုင်းအမျိုးသားနှစ်ဦးဟာ ပစ္စည်းပို့ပေးရတဲ့တာဝန်ကို ဘတ်သုံးသိန်းပေးပြီး ငှားရမ်းခံရတဲ့သူတွေဖြစ်လို့ ကွင်းဆက်အဖြစ် ခိုင်းစေသူကို ထပ်မံ လိုက်စုံစမ်းရာမှာ ဒီလူက သယ်ဆောင်မှု လုပ်ငန်းစဉ်တွေကို Line မှာ Group ဖွဲ့ပေးပြီး ညွှန်ကြားကြောင်း၊ ဘန်ကောက်ကနေ ဒီဆေးတွေကို လက်ခံရယူ ဖို့စောင့်နေတဲ့ ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ရှေ့ပြေးကားမောင်းပေးတဲ့  အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးကိုပါ ဖမ်းဆီးလိုက်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာစီယံဒေသတွင်း

နိုင်ငံရေးကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်သာ အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ကမ်းလှမ်း

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး
အာစီယံဒေသတွင်း

ဖိအားပေး၊ ကြေညာချက်ထုတ် ဒီပလိုမေစီနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးလို့ အင်ဒိုနီးရှားဆို

မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး
အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။
အာစီယံဒေသတွင်း

၅၀၀၀ စားဆိုသူတွေ ညီလာခံတက်နိုင်ဖို့ ကားစီစဉ်ပေးခဲ့တယ်လို့ဆိုပြီး ပရာရွတ်ပါတီကို စုံစမ်းစစ်ဆေးပေးဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆို

ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ယူတီအန်ပါတီရဲ့အထွေထွေညီလာခံဟာ ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ ဆရီရမ်ထိုင်းပါတီဝင် ၂ ယောက်က ထိုင်းရွေးကောက်ပွဲကော်မရှင်ကို လက်မှတ်ထိုးတောင်းဆိုထားပါတယ်။ 
အာစီယံဒေသတွင်း

အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ၃ ရက်ကြာ ကျင်းပမယ်

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ- အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်ကနေ ၁၆ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အာစီယံဒေသတွင်း

သေဒဏ်ချမှတ်မှု အမြစ်ပြတ်ဖို့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားအဖွဲ့ တောင်းဆို

သေဒဏ်ချမှတ်တာဟာ လူသားတွေရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတွေမှာ သေဒဏ်ချမှတ်တာ အမြစ်ပြတ်စေဖို့ ချင်းမိုင် တက္ကသိုလ်ကျောင်းသား/သူများအဖွဲ့က မနေ့က တောင်းဆိုလိုက်ပါတယ်။
အာစီယံဒေသတွင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။