အာစီယံဒေသတွင်း

ဘုရင်စနစ်ကို မထိမတိုဘဲထားရန် လွှတ်တော်အမတ်များကို ထိုင်းဝန်ကြီးချုပ်သတိပေ

မဲခေါင် 18 Nov - 2021
လက်ရှိပဋိညာဉ်ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် ထိုင်းတော်ဝင်အဖွဲအစည်းများကို မထိမတိုဘဲထားရန် လွှတ်တော်အမတ်များကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက သတိပေးသည်။ အစိုးရအဖွဲရွေ့လျားအစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေးရှိသတင်းရင်းမြစ်များက ပြောသည်။ ပြည်သူများ၏ဖွဲစည်းပုံအခြေခံဥပဒေတရပ်ဖြစ်စေရန် အင်္ဂါနေ့က ပဋိညာဉ်ပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးမှုများအကြောင်း ပရာရွတ်ကို အကျဉ်းချုပ်အစီရင်ခံခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ထိုပြင်ဆင်ချက်ကို လက်ခံခြင်းရှိ၊ မရှိ ထိုင်းလွှတ်တော်က ဆုံးဖြတ်မ ည်ဖြစ်သည်။ “ နိုင်ငံ၊ ဘာသာနဲ့ ဘုရင်စနစ်က အခုအတိုင်းကျန်ရှိနေရမှာဖြစ်တယ်။ တော်ဝင်အဖွဲအစည်းတွေထိခိုက်မယ့်နည်းလမ်းတွေကို လွှတ်တော်အမတ်တွေက လုပ်ရမှာမဟုတ်ဘူး” ဟု ပရာရွတ်ကပြောသည်ဆိုကာ သတင်းရင်းမြစ်တယောက်ကပြောသည်။ ဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရ PPRPပါတီမှ အမတ်များအနေဖြင့် ပါတီတွင်းဆုံးဖြတ်ချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်းလည်း ပရာရွတ်က တိုက်တွန်းသည်။ ထိုဥပဒေကြမ်းသည် ၂၀၁၇ ခုနှစ်၊ ထိုင်းဖွဲစည်းပုံအခြေခံဥပဒေကို အဓိကအချက်

လက်ရှိပဋိညာဉ်ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် ထိုင်းတော်ဝင်အဖွဲအစည်းများကို မထိမတိုဘဲထားရန် လွှတ်တော်အမတ်များကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက သတိပေးသည်။

အစိုးရအဖွဲရွေ့လျားအစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေးရှိသတင်းရင်းမြစ်များက ပြောသည်။

ပြည်သူများ၏ဖွဲစည်းပုံအခြေခံဥပဒေတရပ်ဖြစ်စေရန် အင်္ဂါနေ့က ပဋိညာဉ်ပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးမှုများအကြောင်း ပရာရွတ်ကို အကျဉ်းချုပ်အစီရင်ခံခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ထိုပြင်ဆင်ချက်ကို လက်ခံခြင်းရှိ၊ မရှိ ထိုင်းလွှတ်တော်က ဆုံးဖြတ်မ ည်ဖြစ်သည်။

“ နိုင်ငံ၊ ဘာသာနဲ့ ဘုရင်စနစ်က အခုအတိုင်းကျန်ရှိနေရမှာဖြစ်တယ်။ တော်ဝင်အဖွဲအစည်းတွေထိခိုက်မယ့်နည်းလမ်းတွေကို လွှတ်တော်အမတ်တွေက လုပ်ရမှာမဟုတ်ဘူး” ဟု ပရာရွတ်ကပြောသည်ဆိုကာ သတင်းရင်းမြစ်တယောက်ကပြောသည်။

ဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရ PPRPပါတီမှ အမတ်များအနေဖြင့် ပါတီတွင်းဆုံးဖြတ်ချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်းလည်း ပရာရွတ်က တိုက်တွန်းသည်။

ထိုဥပဒေကြမ်းသည် ၂၀၁၇ ခုနှစ်၊ ထိုင်းဖွဲစည်းပုံအခြေခံဥပဒေကို အဓိကအချက် ၆ ချက်တွင် ပြုပြင်ပြောင်းလဲရန်စီစဉ်ထားသည်။

ထိုဥပဒေသည် ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော ထိုင်းအာဏာသိမ်းစစ်တပ်အသွင်ပြောင်း အမျိုးသားငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးကောင်စီ (NCPO) ၏ လက်အောက်ခံဖြစ်သော အထက်လွှတ်တော်ကို ဖျက်သိမ်းရန်၊ အစိုးရ၏လုပ်ဆောင်မှုများကို စေ့စေ့စပ်စပ်စစ်ဆေးရန် လွှတ်တော်အမတ်များနှင့်အတိုက်အခံများကို အခွင့်ပိုပေးရန်လည်း ကြိုးပမ်းနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။