အာစီယံဒေသတွင်း

ဖိအားပေး၊ ကြေညာချက်ထုတ် ဒီပလိုမေစီနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးလို့ အင်ဒိုနီးရှားဆို

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး မင်းအောင်လှိုင်ဟာ လက်ရှိအာဆီယံကျင့်သုံးနေတဲ့ ဖိအားပေး၊ ကြေညာချက်ထုတ် လော်စပီကာဒီပလိုမေစီ (Megaphone Diplomacy) လောက်နဲ့ အာဏာစွန့်လွှတ်မှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အာဆီယံက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ပြောင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ပေးထားပြီးဖြစ်ပေမယ့် မင်းအောင်လှိုင်ဘက်က တစ်ခုမှ အကောင်အထည်မဖော်တဲ့အပြင် ပြည်သူကိုပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက “မြန်မာ့သမိုင်းကြောင်းကို ကျွန်မတို့သိတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာပဲ အားလုံး ဖြေရှင်း ပြီးစီးသွားမယ်လို့ မျှော်လင့်တာ လုံး၀မဖြစ်နိုင်ပါဘူး” လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ပထမဆုံး အစည်းအဝေးကို ဂျာကာတာမှာ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက် နေ့တွေမှာ ကျင်းပရမှာဖြစ်ပြီး ဒီအစည်းအဝေးမှာ တင်ပြမယ့်အစီအစဉ်တွေ၊ ဦးစားပေးကိစ္စရပ်တွေကို ရှင်းပြရမှာမို့ အင်ဒိုနီးရှားလွှတ်တော်အမတ်တွေကို မြန်မာ့အရေးအကြောင်း အခုလို ဦးစွာတင်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို ပေးပို့နိုင်ဖို့ကလည်း ငြိမ်းချမ်းရေး မရရင် မဖြစ်နိုင်ကြောင်း၊ ပါဝင်ပတ်သက်သူတိုင်းအတွက် လူးသာလွန့်သာ နေရာပေးဖို့လိုကြောင်း၊ ဒါကြောင့် အရင်သုံးနေခဲ့ကြတဲ့ လော်စပီကာဒီပလိုမေစီကို သူတို့အင်ဒိုနီးရှားလက်ထက်မှာ မသုံးဘဲ စေ့စပ်ဆွေးနွေးရေးလမ်းစဉ်ကို ကျင့်သုံးမယ်လို့ မာဆူဒီက ရှင်းလင်းပြောကြားခဲ့ပါတယ်။

MKF-001

#အာဆီယံအစည်းအ‌‌ဝေး #အင်ဒိုနီးရှား #မြန်မာ့အရေး

Ref: rfa

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အာစီယံဒေသတွင်း

တစ်လအတွင်း ဘတ်သန်း ၁၉၀ ကျော် ချစ်ဟန်ပြလိမ်လည်ကြလို့ ချစ်သူများနေ့မတိုင်ခင် ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိုင်းပိုကူညီသင့်ကြောင်း ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 
အာစီယံဒေသတွင်း

နိုင်ငံရေးကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်သာ အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ကမ်းလှမ်း

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး အစည်းအဝေးကို ဖော်ဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာကျင်းပသွားမှာဖြစ်ပါတယ်။
အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။