အာစီယံဒေသတွင်း

ဖန်ဇူပြည်နယ်က တရုတ်တိရစ္ဆာန်ရုံမှာ ဝက်ဝံလေးကို အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်ပဲ ကျွေးထား

မဲခေါင် 16 Jun - 2024
တရုတ်နိုင်ငံ ဖန်ဇူးပြည်နယ်က ဂျူးလောင်တန်ဆန်းနစ်ဧရိယာ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲက ဝက်ဝံအမဲလေးဟာ တိရစ္ဆာန်ရုံပိုင်ရှင်က အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်တွေသာကျွေးထား ကြောင်း သွားရောက်လည်ပတ်သူတွေက သိရှိပြီးသနားခဲ့ကြပါတယ်။

မဲခေါင်၊ ဇွန် ၁၆

တရုတ်နိုင်ငံ ဖန်ဇူးပြည်နယ်က ဂျူးလောင်တန်ဆန်းနစ်ဧရိယာ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲက ဝက်ဝံအမဲလေးဟာ တိရစ္ဆာန်ရုံပိုင်ရှင်က အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်တွေသာကျွေးထား ကြောင်း သွားရောက်လည်ပတ်သူတွေက သိရှိပြီးသနားခဲ့ကြပါတယ်။

လည်ပတ်သူတစ်ယောက်ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ ဝက်ဝံလေးဟာ ပိန်လှီနေပြီး တစ်ရွေ့ရွေ့သာ လှုပ်ရှားသွားလာ နိုင်တာမြင်ရပြီး သန်မာထွားကြိုင်းတဲ့ ဝက်ဝံလို့တောင် ထင်စရာမရှိတော့ဘူးလို့ တင်ပြလာတာဖြစ်ပါတယ်။

ဗီဒီယိုရိုက်ကူးသူက ဝက်ဝံလေးဟာ အသက် ၁၀ နှစ်အရွယ်ဖြစ်လို့ အိုမင်းပြီးအစားမစားနိုင်တော့တာလို့ထင်တဲ့ အကြောင်း တိရစ္ဆာန်ရုံဝန်ထမ်းကို သွားရောက်မှတ်ချက်ပေးပြောဆိုရာမှာ မဟုတ်မှန်ကြောင်းနဲ့ လည်ပတ်သူ နည်းသထက်နည်းလာလို့ ပိုင်ရှင်က ဝင်ငွေမရှိတော့တဲ့အတွက် အသားမကျွေးနိုင်ဘဲ ပြောင်းဖူးနဲ့ သစ်သီးသစ်ရွက်တွေသာ ကျွေးလို့ ပိန်လှီနေတာဖြစ်ကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။

ရိုက်ကူးသူက လူမှုကွန်ရက်ပေါ် ဒီဗီဒီယိုဖိုင်တင်လိုက်ရာမှာ ကမ္ဘာ့သနားစရာအကောင်းဆုံး ဝက်ဝံလို့ မှတ်ချက် ပေးသူကပေး၊ ခွေးပိန်လေးတစ်ကောင် ဆာလောင်နေတာမျိုး မြင်ရတဲ့ ဝမ်းနည်းဖွယ် မြင်ကွင်းလို့ ပြောသူကပြော၊ သဘာ၀အတိုင်းတောရိုင်းတိရစ္ဆာန်ကို တောထဲ ပြန်လွှတ်ပေးသင့်တယ်၊ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုလို့ ဝေဖန်မှု တွေမြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဖန်ဇူးပြည်ပခရီးသွားဖွံ့ဖြိုးရေးစင်တာက တိရစ္ဆာန်ရုံပိုင်ရှင်ကို စုံစမ်းစစ်ဆေး မှုတွေ လုပ်နေကြောင်း၊ နောက် ဒီလိုမဖြစ်စေအောင် သတိပေးခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။

တရုတ်ပြည်က ထင်ရှားတဲ့ နေရာတွေကို ပြည်ပခရီးသွားတွေ နှစ်စဉ် သန်းပေါင်းများစွာ လာရောက်လည်ပတ်ကြ တဲ့အတွက် ထူးဆန်းလှပတဲ့ မြင်ကွင်းတွေကို ဖန်တီးထားပေမယ့် အရင်ရက်ပိုင်းကလည်း နာမည်အကြီးဆုံး ရေတံခွန်ကြီးဟာ ရေပိုက်နဲ့ဆက်သွယ်ပြီး ရေစီးဆင်းစေတဲ့အကြောင်း ပေါက်ကြားသိရှိခဲ့ကြလို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

MKF – 001
Ref:Thesun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

မြန်မာလူငယ်စုံတွဲကို ပတ္တယားလူသတ်မှု သံသယတရားခံ အဖြစ်သတ်မှတ်ပြီး ပြန်လွှဲပေးဖို့ ထိုင်းရဲတပ်ဖွဲ့တောင်းဆို

စားသောက်ဆိုင်ပိုင်ရှင် အီရန်သားနဲ့ ဇနီး ထိုင်း အမျိုးသမီးတို့ အခန်းထဲမှာ အသတ်ခံရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့ရပြီးနောက်
အာစီယံဒေသတွင်း

ဘန်ကောက်ဟိုတယ်ခန်းထဲ သေဆုံးသူ နိုင်ငံခြားသား ၆ ယောက်စလုံး ကိုယ်ထဲ ဆိုင်ရာနိုက်အဆိပ်တွေ့

ဘန်ကောက်မြို့လယ် အဆင့်မြင့်ဟိုတယ် ၅ လွှာအခန်းထဲ အမေရိကန်နိုင်ငံသား ခံယူခွင့်ရသူ ၂ ယောက်အပါ စုစုပေါင်း ဗီယက်နမ်နိုင်ငံသူ/သား အမျိုးသား ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းမှာ ဆေးခြောက် တရားမဝင်ပြန်သတ်မှတ်တာ မကျေနပ်လို့ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြအပြီး အုန်းရေနဲ့ရေသာဆက်သောက် ဆန္ဒပြဦးမယ်လို့ဆို

အရင်အစိုးရလက်ထက်က ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုမြောက်တဲ့ မူးယစ်ဆေး စာရင်းကနေ ပယ်ဖျက်ပေးထားတာကို ဝန်ကြီးချုပ် ဆရတ်သာရဲ့ အစိုးရသစ်လက်ထက်မှာ မူးယစ်ဆေးဝါးစာရင်းပြန်သွင်းဖို့ စီစဉ်နေတာကြောင့် ဆေးခြောက်ချစ်တဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးဟာ ဆရတ်သာရဲ့ နေအိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေခဲ့တာ ဇူလိုင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၂၀၂၄ နဲ့ ၂၀၂၅ ဘတ်ဂျက်ကနေ ထိုင်းနိုင်ငံသား သန်း ၅၀ အတွက် ဒစ်ဂျစ်တယ်ပိုက်ဆံ ဘတ် ၅၀၀ ဘီလီယံ ထုတ်ပေးဖို့ အတည်ပြု

ထိုင်းနိုင်ငံဆိုင်ရာအေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပ ပြုလုပ်အပြီး အစိုးရက ၂၀၂၄ နဲ့ ၂၀၂၅ နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ရနိုင်မယ့် ထိုင်းပြည်သူ သန်း ၅၀ အတွက် တစ်ယောက် ဘတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ တပ်ခ် ခရိုင် မှာ မှောင်ခိုနွား အကောင် ၂၀ သယ်လာတဲ့ အငှားမောင်းသူ ၅ ဦး ဖမ်းမိ

မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ တပ်ခ် ခရိုင်အတွင်းမှာ ဇူလိုင် ၁၅ ရက်က ကရင်ပြည်နယ်ကနေ မှောင်ခိုသယ်ဆောင်လာတဲ့ နွားကောင်ရေ ၂၀ ကို အငှါးသယ်ဆောင်လာသူ ၅ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၁၆ နှစ်သမီး ထိုင်းမလေးရဲ့ ဟစ်ဟော့ပ် Song Challenge အံ့မခန်း Tiktok မှာ ကြည့်သူ သန်း ၇၀ ကျော်သွား

ထိုင်းဘာသာစကားနဲ့ ၁ ကနေ ၈ အထိကို အတည့်တစ်မျိုး၊ နောက်ပြန်တစ်မျိုး ဟစ်ဟော့ပ် ဂီတသံနဲ့ အော်ဟစ် သီဆိုပြသွားတဲ့ TikTok ဗီဒီယိုအတိုဟာ ကမ္ဘာတစ်ဝန်း အံ့အားသင့်ဖွယ်ရာ ကြည့်ရှုသူ သန်း ၇၀ ကျော်သွားခဲ့ပါ တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းကနေ ဆေးခြောက် ယူရိုတစ်သိန်းဖိုးခန့် လေကြောင်းနဲ့သယ်လာတဲ့ အမျိုးသား ဒဗ္ဗလင်လေဆိပ်မှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ လေကြောင်းခရီးစဉ်မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဟာ လက်ဆွဲအိတ်ထဲ herbal cannabis အမျိုးအစားဆေးခြောက် ၄၉.၅ ကီလိုဂရမ်(တန်ကြေး ယူရို ၉၉၀၀၀၀ဖိုးခန့်) သယ်ဆောင်လာလို့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်လေဆိပ် အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အငှားကားသမားကိုသတ်၊ ကားလုပြီး ရွှေဆိုင်ဓားပြတိုက်ခဲ့သူ ချင်းမိုင်သားကို ဖမ်းဆီးရမိ

ဇူလိုင် ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အိမ်စီးကားတစ်စီးကို ငှားစီးဖို့ ခေါ်ယူခဲ့ပြီး ဒီကားသမားကို သတ်ဖြတ်၊ ကားယူပြီး ရွှေဆိုင်ဓားပြတိုက်ခဲ့တဲ့ ချင်းမိုင်သားကို နေ့တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now